Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမှာ သင်္ကြန်တွင်း လုံခြုံရေးသတိနဲ့ ဖြတ်သန်းကြဖို့ ပအဖ သတိပေး

​စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လာမယ့်သင်္ကြန်ကာလအတွင်း လေကြောင်းအန္တရာယ်အပါအဝင် လုံခြုံရေးအသိ၊သတိနဲ့ ဖြတ်သန်းကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးပါတယ်။

ဇန်နဝါရီလအတွင်းက ဒီယင်းမြို့နယ် စိုင်ပြင်မြို့ လေကြောင်းတိုက်ခိုက်ခံရအပြီး မီးလောင်ပျက်စီးမှုတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းပအဖ

​ဧပြီ ၅၊၂၀၂၆။​ဟာနာဆန်/People’s Spring

​စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လာမယ့်သင်္ကြန်ကာလအတွင်း လေကြောင်းအန္တရာယ်အပါအဝင် လုံခြုံရေးအသိ၊သတိနဲ့ ဖြတ်သန်းကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့အထိ ပြည်သူလူထုအပေါ် မြေပြင်စစ်ကြောင်းတွေသာမက လေကြောင်းက တဆင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ ဒါ့ကြောင့် မကြာခင် ရောက်ရှိတော့မယ့် သင်္ကြန်ကာလအတွင်း ဒီပဲယင်းမြို့နယ်သူ၊ မြို့နယ်သားတွေအနေနဲ့ ပွဲလမ်းသဘင်တွေ ဆင်နွှဲရာမှာလေကြောင်းအန္တရာယ်ကို အစဉ်မပြတ် သတိပြုကြဖို့၊ “လုံခြုံရေးအသိ၊ လုံခြုံရေးသတိ”နဲ့ ဂရုတစိုက် ဖြတ်သန်းကြဖို့ တိုက်တွန်းပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီပဲယင်းပအဖအဖွဲ့ကို ဆက်သွယ်​မေးမြန်းထားပြီး လက်တလော ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

လက်တလောအခြေအနေအရ ပွဲလမ်းသဘင်တွေကျင်းပဖို့ မသင့်သေးဘူးလို့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။ “မလုပ်သင့်သေးပါဘူး။ ဗုံးကြဲနိုင်တယ်”လို့ ၎င်းဒေသခံက ဆိုပါတယ်။

ဒါ့အပြင် ဘာသာရေး၊ သာသနာရေးနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ ပွဲလမ်းသဘင်တွေကိုလည်းသက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)၊ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) တို့နဲ့ ကြိုတင်ညှိနှိုင်းကာ ဘေးကင်းလုံခြုံရေးအတွက် အထူးသတိပြု ဆောင်ရွက်ကြဖို့ ပအဖအဖွဲ့က လမ်းညွှန်ထားပါတယ်။

စစ်ကောင်စီဟာ ဒီရက်ပိုင်းအတွင်း ဘုတလင်၊ အရာတော်၊ မုံရွာ စတဲ့ဒေသတွေက ဆေးရုံဆေးခန်းတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

၂၀၂၃က သင်္ကြန်မရောက်ခင် နှစ်ရက်အလို ဧပြီ ၁၁ရက်မှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၇၀ကျော် သေဆုံးခဲ့ရဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရေဘေးကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၅၀၀၀ ကျော်ဟာ ရေဘေးသင့်ကာ အကူအညီတွေ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။