Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်​တော်လှန်သင်္ကြန်သံချပ်အဖွဲ့က စစ်အာဏာရှင်ကို​တော်လှန်ဆန့်ကျင်ဖို့တိုက်တွန်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီလ ၇ ရက်နေ့က ဖားကန့်ပြည်သူ​တွေ နဲ့ လုံးခင်းသပိတ်အင်အားစု​တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်သံချပ်ထိုးခြင်းကို ၆ နှစ်မြောက်ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီ-၇၊၂၀၂၆။ People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီလ ၇ ရက်နေ့က ဖားကန့်ပြည်သူ​တွေ နဲ့ လုံးခင်းသပိတ်အင်အားစု​တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်သံချပ်ထိုးခြင်းကို ၆ နှစ်မြောက်ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်သင်္ကြန်သံချပ်အဖွဲ့​က ပြည်တွင်းပြည်ပ ကမြန်မာ ပြည်သူ​တွေအားလုံး စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းစစ်အုပ်စု ကို တော်လှန်ဆန့်ကျင်ကြဖို့၊ ပြည်သူလူထုအားလုံး နဲ့ တော်လှန်ရေးအဖွဲ့ အစည်းအားလုံး အတူတကွ စုစုစည်းစည်း ညီညီ ညွတ်ညွတ် နဲ့စစ်အာဏာရှင် အမြစ်ဖြတ်သည်အထိ တိုက်ပွဲဝင်ကြဖို့ သင်္ကြန်သံချပ်မှာတိုက်တွန်းနှိုးဆော်ထားကြပါတယ်။

” လိုချင်တာ အမှန်တရားဆို မတရားမှုကိုလက်ပိုက်အကြည့်နဲ့” ၊ “ဒီမိုက​ရေစီ တိုက်ပွဲမှာ လိုချင်တာ အမှန်တရားဆို မတရားမှုကိုလက်ပိုက် မကြည့်နဲ့” ၊ ရှုံးမည်း မည်းတဲ့​လေယာဥ်​တွေ မြို့ရွာ​တွေကို ဖျက်ဆီး​နေတယ်” ၊”ဒီမိုက​ရေစီတိုက်ပွဲမှာ အာဏာရှင်ကို ​မောင်းထုတ် မောင်းထုတ်” ၊”အ​ရေး​တော်ပုံကြီး​အောင်ချင်ရင် တိုက်ပွဲဝင်ကြ အဆုံးထိသွားမယ် ” စတဲ့ သင်္ကြန်သံချပ်စာသား​​တွေနဲ့ သံချပ်ထိုးခဲ့ကြပါတယ် ။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ်ဧပြီလဆန်းမှာတိုက်ပွဲ​တွေဆက်တိုက်ဖြစ်​နေပါတယ် ။ဒါအပြင် ဧပြီ ၆ ရက်မှာလုံးခင်း​ကျေးရွာအုပ်စုကိုစစ်တပ်စစ်​ကြောင်းထိုးလာလို့ ​စစ်​ရေးတင်းမာ​နေပါတယ်။ ဖားကန့်မှာစစ်​ရေးတင်းမာ​နေတဲ့ ကြားက သပိတ်အဖွဲ့နဲ့ပြည်သူ​​တွေက သင်္ကြန်သံချပ်ကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဓါတ်ပုံ-​can

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။