သတင်း မြန်မာစစ်တပ်ကို ချက်ချင်းအရေးယူရန် ကုလလုံခြုံရေးကောင်စီသို့ သံအမတ်ကြီးတောင်းဆို အာဏာသိမ်းချိန်မှစ၍ ကလေးသူငယ် ၁,၄၀၀ဦးကျော်ကို စစ်တပ်မှ အဓမ္မထိန်းသိမ်းဖမ်းဆီးခဲ့ပြီး စစ်တပ်သည် မိဘများအား လာရောက်အဖမ်းခံစေရန် ရည်ရွယ်၍ ၎င်းတို့၏ ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများလည်း ရှိနေသည်။ LuduNwayOoဇူလိုင် 20, 2022
သတင်း မြန်မာစစ်တပ်အပေါ် အရေးယူဆောင်ရွက်ချက်များကို ဖေ့စ်ဘုတ်၏ ပထမဆုံးလူ့အခွင့်အရေး အစီရင်ခံစာ၌ ဖော်ပြ ဖေ့စ်ဘုတ်သည် ၂၀၁၈ ကတည်းက စစ်တပ်၏ များပြားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်အပါအဝင် စစ်တပ်နှင့်ဆက်စပ်သော ပုဂ္ဂလိကအကောင့်များနှင့် အဖွဲ့အစည်းများ၏စာမျက်နှာ ၂၀ ကို စတင်ပိတ်ပင်ခဲ့သည်။ LuduNwayOoဇူလိုင် 15, 2022
သတင်း စစ်တပ်တာဝန်ရှိသူအားလုံးကို အရေးယူရန်နှင့် ICCသို့ လွှဲပြောင်းရန် ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် NUG ထောက်ခံကြိုဆို မြန်မာစစ်တပ်သည် ‘အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်’ ရရှိနေပြီး ယင်းအချက်က စစ်အုပ်စုကို နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် ခွင့်ပြုပေးနေသည်ဟု NUG က ထောက်ပြသည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များကို အပြစ်ပေးအရေးယူရန် အစွမ်းကုန်လုပ်ဆောင်မည်ဟု NUG သန္နိဌာန်ပြု ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖျက်ဆီးနိုင်ခဲ့သော်လည်း စစ်အာဏာရှင်အဆက်ဆက်သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သက်ပြနေကြောင်း NUG က ဖော်ပြသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း R2P၏ တာဝန်ရှိမှု၊ ကတိကဝတ်အတိုင်း စစ်တပ်ကိုအရေးယူရန် ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးတိုက်တွန်း လက်ရှိမြန်မာနိုင်ငံအခြေအနေသည် ကာကွယ်မှုပေးရန် တာဝန်ရှိမှုအား ကိုးကားချမှတ်ရန် လိုသည့် သတ်မှတ်အဆင့်နှင့် ကိုက်ညီပြီး ကာကွယ်မှုပေးရန် တာဝန်ရှိမှု၏ တတိယကဏ္ဍ၌ ဖော်ပြသည့်အတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ပြတ်သားညီညွတ်သည့်အရေးယူဆောင်ရွက်မှုချမှတ်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။ LuduNwayOoဇွန် 25, 2022
သတင်း မိုးကုတ်မြို့တွင် ဒေသခံပြည်သူများထံ စာပို့ ခြိမ်းခြောက်ငွေတောင်းသူများကို အရေးယူမည်ဟု သတိပေး စာပါဖုန်းနံပါတ်အား Red Wolves Of Mogok အဖွဲ့က လှမ်းဆက်သွယ်ရာ ခြိမ်းခြောက်စာအပို့ခံရသည့်အိမ်က ဆက်သွယ်သည်အထင်ဖြင့် ခြိမ်းခြောက်စာများ ဖုန်းမက်ဆေ့ချ်မှ ထပ်မံပေးပို့ပြန်သည်ဟု Red Wolves Of Mogok အဖွဲ့က အသိပေးသည်။ LuduNwayOoဇွန် 23, 2022
သတင်း စစ်တပ်ပိုင် မိုင်တဲလ်ဆက်သွယ်ရေးကုမ္ပဏီအားအရေးယူဒဏ်ခတ်ရန် နိုင်ငံတကာကို JFM တောင်းဆို ပြီးခဲ့သည့်NLDအစိုးရလက်ထက်တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးများကိုလည်း ဦး စားပေးရောင်းချခဲ့ခြင်းအပါအဝင် အစိုးရအရာရှိများ၊ စီးပွားရေးခေါင်းဆောင်များကိုလည်း မိုင်တဲလ်ဆင်းမ်ကတ်သုံးစွဲရန် မက်လုံးများဖြင့် အရောင်းမြှင့်တင်ရေးလုပ်ဆောင်ခဲ့ကြောင်း JFM ကထုတ်ပြန်သည်။ LuduNwayOoဇွန် 15, 2022
သတင်း သေဒဏ်အတည်ပြုတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်မှာ ပါဝင်သူတွေကို အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေ နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ CRPH သတိပေး ပြည်သူတွေ လုံးဝလက်မခံဆန့်ကျင်နေတဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဥပဒေမဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းမှု ၊သတ်ဖြတ်မှု ၊ စစ်ဆေးစီရင်မှုနဲ့ သေဒဏ်အပြစ်ပေးမှုတွေအားလုံးကို CRPHက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံချထားပါတယ်။ LuduNwayOoဇွန် 7, 2022
သတင်း အကြိမ်ကြိမ်သတိပေးသော်လည်း စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေသည့် ဝန်ထမ်းများအား လက်တွေ့ကျစွာ အရေးယူမည်ဟု မင်းတပ် CDF သတိပေး မင်းတပ် CDF အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်းများအား အပြစ်ပေးအရေးယူခြင်းမလုပ်ဘဲ သတိပေးအဆင့်သာ ပြုလုပ်ခဲ့ရာ တချို့ဝန်ထမ်းများအနေဖြင့် သတိပေးခြင်းကို အလေးမထားဘဲ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 5, 2022
သတင်း စစ်တပ်၏ဆိုးရွားသောပြစ်မှုများအတွက် ကုလလုံခြုံရေးကောင်စီ ပြတ်သားထိရောက်စွာအရေးယူရန် မြန်မာသံအမတ်ကြီး တိုက်တွန်း လူ့အခွင့်အရေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားတို့၏ မြန်မာနိုင်ငံ၌ တာဝန်ခံမှုရှိစေရေးနှင့် ပတ်သက်သည့် ကြိုးပမ်းဆောင်ရွက်ချက်များကို အပြည့်အဝထောက်ခံကြောင်းသံအမတ်ကြီးက ပြောသည်။ LuduNwayOoဇွန် 3, 2022