Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ဆိုးရွားသောပြစ်မှုများအတွက် ကုလလုံခြုံရေးကောင်စီ ပြတ်သားထိရောက်စွာအရေးယူရန် မြန်မာသံအမတ်ကြီး တိုက်တွန်း

လူ့အခွင့်အရေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားတို့၏ မြန်မာနိုင်ငံ၌ တာဝန်ခံမှုရှိစေရေးနှင့် ပတ်သက်သည့် ကြိုးပမ်းဆောင်ရွက်ချက်များကို အပြည့်အဝထောက်ခံကြောင်းသံအမတ်ကြီးက ပြောသည်။

မြန်မာသံအမတ်ကြီး
မြန်မာသံအမတ်ကြီး

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြတ်သားထိရောက်သော အရေးယူမှုသည် လက်ရှိဖြစ်ပွားနေဆဲ စစ်တပ်၏ ဆိုးရွားသောပြစ်မှုများအတွက် အသက်ကယ်အတား အဆီးဖြစ်စေမည်ဟု မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားသည်။

ယမန်နေ့တွင် ကျင်းပသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ဥပဒေချိုးဖောက်မှုနှင့် ပြစ်မှုများအား တားဆီးပေးရန် ပြည်သူများကိုယ်စား သံအမတ်ကြီးက ထည့်သွင်းတောင်းဆိုသည်။

နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂသည် စုဆောင်းရရှိထားသော သက်သေ အထောက်အ ထားများကို အခြေခံ၍ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အချိန်တန်ပြီ ဖြစ်ကြောင်းနှင့် သို့မှသာ မြန်မာပြည်သူများအား လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောပြစ်မှုများမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား၏ ကနဦးစိစစ်တွေ့ရှိမှုအရ စစ်တပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများ ကျုးလွန်သည်ဟု ကောက်ချက်ချထားသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဆုံးဖြတ်ချက်ပေးနိုင်သည့် ထိရောက်သည့်အခန်းကဏ္ဍ၌ ပါဝင်နေပြီး ထိရောက်သည့်ယန္တရားများကို အသုံးပြု၍ အပြစ်မဲ့မြန်မာပြည်သူများအား ကာကွယ်ပေးရန်နှင့် ရေရှည်ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှိသည့် ပတ်ဝန်းကျင်ဖန်တီးပေးရန် ဆက်လက်တိုက်တွန်းသည်။

မြန်မာစစ်တပ်၏ တရားဥပဒေအပေါ် လေးစားလိုက်နာမှုမရှိခြင်းနှင့် ၎င်းတို့ကျူးလွန်သည့်ပြစ်မှုများ အတွက် ပြစ်ဒဏ်ကျခံခြင်းမရှိခြင်းတို့က လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

လူ့အခွင့်အရေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားတို့၏ မြန်မာနိုင်ငံ၌ တာဝန်ခံမှုရှိစေရေးနှင့် ပတ်သက်သည့် ကြိုးပမ်းဆောင်ရွက်ချက်များကို အပြည့်အဝထောက်ခံကြောင်းသံအမတ်ကြီးက ပြောသည်။

နိုင်ငံတကာဥပဒေချိုးဖောက်မှုနှင့် တာဝန်ခံမှုမရှိခြင်းတို့သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေရုံသာမက ဒေသတွင်းနှင့် နိုင်ငံတကာ၌ပါ အကျိုးသက်ရောက်မှုရှိကြောင်းလည်း သံအမတ်ကြီးက လုံခြုံရေးကောင်စီသို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့