Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များကို အပြစ်ပေးအရေးယူရန် အစွမ်းကုန်လုပ်ဆောင်မည်ဟု NUG သန္နိဌာန်ပြု

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖျက်ဆီးနိုင်ခဲ့သော်လည်း စစ်အာဏာရှင်အဆက်ဆက်သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သက်ပြနေကြောင်း NUG က ဖော်ပြသည်။

ကလေးမြို့တွင် "7 July စိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြ" ဟု ကြွေးကြော်၍ ပြောက်ကျားသပိတ်ပြုလုပ်နေစဥ်၊ ဓာတ်ပုံ - ကလေးမြို့ ပင်မသပိတ် အင်အားစု
ကလေးမြို့တွင် "7 July စိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြ" ဟု ကြွေးကြော်၍ ပြောက်ကျားသပိတ်ပြုလုပ်နေစဥ်၊ ဓာတ်ပုံ - ကလေးမြို့ ပင်မသပိတ် အင်အားစု

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀)ပြည့်အခမ်းအနားများသို့ သဝဏ်လွှာပေးပို့

ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များကို အပြစ်ပေးအရေးယူခံရမှု သေချာစေရေးအ တွက် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG က သန္နိဌာန်ပြုထုတ်ပြန်သည်။

ယနေ့ကျရောက်သော ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀)ပြည့် အခမ်းအနားများသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှု နှင့် အမှန်တရားအတွက် အသက်နှင့်ဘဝကို ပဓာနမထားပဲ ခေတ်အဆက်ဆက် ယုံကြည်ရဲရင့်စွာဖြင့် စနစ်ဆိုးများကို တော်လှန် တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားလူငယ်တော်လှန်ရေး ရဲဘော်အပေါင်းတို့အား လေးစားစွာဦးညွတ်ဂုဏ်ပြုကြောင်း ဖော်ပြသည်။

သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးသော စစ်အာဏာရှင်များက တိုင်းပြည်၏အနာဂတ် ကျောင်းသားလူငယ်များအား အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ဘဲ ၂၁ ရာစုအထိ ဆက်လက်ကျူးလွန်နေကြခြင်းမှာ ကျူးလွန်သူ စစ်အာဏာရှင်များသည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း NUG က ဆိုသည်။

၁၉၆၂ မတ်လ ၇ ရက်တွင် စစ်အာဏာရှင်၏ လက်ပါးစေတပ်များက ပညာတတ်နိုင်ငံရေးခေါင်းဆောင်များ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေကိုသွေးစွန်းစေခဲ့ပြီး သမဂ္ဂ အဆောက်အအုံကို ဗုံးခွဲ ဖြိုဖျက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖျက်ဆီးနိုင်ခဲ့သော်လည်း စစ်အာဏာရှင်အဆက်ဆက်သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သက်ပြနေကြောင်း NUG က ဖော်ပြသည်။

မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေသည့်၊ လက်နက်မဲ့ကျောင်းသားလူငယ်များကို လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးသည့် စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်၍ နောင်အနာဂတ်တွင် မည်သည့်အခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေးအတွက် လည်း NUG က သန္နိဌာန်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။