Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟာဝိုင်ယီ ကမ်းလွန် ပင်လယ်ပြင်မှာ ကုန်တင်လေယာဉ် ပျက်ကျ

အမေရိကန်နိုင်ငံ၊ ဟာဝိုင်ယီ ကျွန်းစုမှာ ကုန်တင် လေယာဉ်ကြီးတစ်စီး ပင်လယ်ထဲ ထိုးကျသွားပေမယ့် လေယာဉ် အမှုထမ်းတွေ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

လေယာဉ်ဟာ မော်အီကျွန်းကနေ ပျံတက်ပြီး ကျွန်းစုရဲ့မြို့တော် ဟိုနိုလူလူဆီ ဦးတည်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇူလိုင် ၂ ရက် ခရီးစဉ်မှာ ဒန်နီရယ်လ်ကေ အင်ညူရီ နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်ပြီး မိနစ်ပိုင်းအတွင်း အင်ဂျင် ပြဿနာကြောင့် ရေထဲ ထိုးကျသွားခဲ့တာပါ။

Boeing 737 အမျိုးအစား ကုန်တင် လေယာဉ်ပေါ်မှာ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူး နှစ်ဦးတည်း လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။ လေယာဉ် ပျက်ကျပြီး မိနစ်ပိုင်း အကြာမှာပဲ ကမ်းခြေစောင့် တပ်ဖွဲ့က သူတို့ နှစ်ယောက်စလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တစ်ဦးက လေယာဉ် နစ်မြုပ်မသွားခင် လေယာဉ် အမြီးပေါ်မှာ ခိုတွယ်နေခဲ့တာပါ။ သူ့ကို ကယ်ဆယ်ရေး အဖွဲ့က ရဟတ်ယာဉ်ပေါ် ဘေးမသီရန်မခ ဆွဲတင်နိုင်ခဲ့ပါတယ်။ တခြား လေယာဉ်မှူး တစ်ဦးကတော့ ဦးခေါင်းဒဏ်ရာကြောင့် အခြေအနေက စိုးရိမ်ရပြီး ကွင်းစ်ဆေးရုံက အထူးကြပ်မတ် ကုသဆောင်ထဲ ရောက်နေတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

လေယာဉ်မှူးတွေဟာ ပျံတက်သွားပြီး မကြာခင်မှာပဲ ပြဿနာ ဖြစ်နေပြီ ဆိုတာကို လေကြောင်း ထိန်းသိမ်းရေး မျှော်စင်ဆီ ဆက်သွယ် အသိပေးသွားခဲ့ပါသေးတယ်။ လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ အမေရိကန် လေကြောင်း စီမံခန့်ခွဲရေးဌာနက တာဝန်ယူ စုံစမ်းသွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပျက်ကျခဲ့တဲ့ လေယာဉ်ကို ဟာဝိုင်ယီရဲ့ အကြီးဆုံး ကုန်တင်လေကြောင်းလိုင်းဖြစ်တဲ့ Transairက ပိုင်ဆိုင်ထားတာပါ။ Transairမှာ Boeing 737 လေယာဉ် ၅ စီး ရှိနေတယ်လို့လည်း ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

နိုင်ငံတကာ

အာရေဗျ ပင်လယ်ပြင်ပေါ် ဖြတ်ပျံရင်း ပျောက်ဆုံးသွားတဲ့ ကုန်တင်လေယာဉ်ရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အပျော်တမ်း လေထီးခုန်သူတွေ လိုက်ပါသွားတဲ့ လေယာဉ်တစ်စီး ပြင်သစ်နိုင်ငံ အရှေ့ပိုင်းမှာ ပျက်ကျပြီး လိုက်ပါသွားသူ ၁၁ ဦးလုံး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။