Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရက်ပိုင်းအတွင်း ဒုတိယအကြိမ်အဖြစ် Facebook ဝန်ဆောင်မှုတချို့ ယာယီ Offlineဖြစ်

အောက်တိုဘာ ၈ ရက်မှာ Facebookရဲ့ Instagram၊ Messengerနဲ့ Workplaceလို ဝန်ဆောင်မှုတွေ Offline ဖြစ်ကုန်တာကို ကမ္ဘာအနှံ့က သုံးစွဲသူတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ ချွတ်ယွင်းမှုဟာ အောက်တိုဘာ ၄ ရက်တုန်းကလိုမျိုး နာရီပေါင်း အတော်များများ မကြာခဲ့ပါဘူး။

ရက်ပိုင်းအတွင်း ဒုတိယအကြိမ်မြောက် Facebookရဲ့ ဝန်ဆောင်မှုတချို့ ခဏရပ်တန့်သွားတဲ့အတွက် သုံးစွဲသူတွေကို ကုမ္ပဏီက တောင်းပန်ခဲ့ရပါတယ်။

အောက်တိုဘာ ၈ ရက်မှာ Facebookရဲ့ Instagram၊ Messengerနဲ့ Workplaceလို ဝန်ဆောင်မှုတွေ Offline ဖြစ်ကုန်တာကို ကမ္ဘာအနှံ့က သုံးစွဲသူတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ ချွတ်ယွင်းမှုဟာ အောက်တိုဘာ ၄ ရက်တုန်းကလိုမျိုး နာရီပေါင်း အတော်များများ မကြာခဲ့ပါဘူး။

Facebookက ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေ ယာယီ ရပ်တန့်သွားတဲ့အတွက် သုံးစွဲသူတွေ အနှောင့်အယှက် ဖြစ်ရတဲ့အပေါ် အနူးအညွတ် တောင်းပန်ကြောင်း ကြေညာခဲ့ပြီး အခုဖြစ်စဉ်ဟာ အရင်တစ်ကြိမ် ချွတ်ယွင်းမှုနဲ့ မသက်ဆိုင်ဘူးလို့လည်း တစ်ပါတည်း ဖြေရှင်းသွားပါတယ်။ လူမှုကွန်ရက် Appတွေရဲ့ Configurationတွေ ပြန်ညှိရာကနေ လွဲချော်မှု တချို့ကြောင့် အခုလို Offline ဖြစ်ကုန်တာလို့ Facebookက ဆိုပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက ဖြစ်ရပ်မှာတော့ Facebook၊ Instagramနဲ့ WhatsAppတို့ကို ၇ နာရီလောက် သုံးစွဲလို့ မရတဲ့ အခြေအနေမျိုး ကြုံခဲ့ပါတယ်။ ဒီကိစ္စကြောင့် Facebookရဲ့ ရှယ်ယာတွေပါ တန်ဖိုးကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၉ ရက်မှာတော့ အချိန်တိုလေးအတွင်း Facebook ဝန်ဆောင်မှု သုံးစွဲသူတွေက Instagramနဲ့ တခြားAppတချို့ သုံးလို့မရကြောင်း Messageတွေ ပေးပို့ အရေးဆိုမှု အများအပြား ရှိခဲ့ကြောင်း အင်တာနက် စောင့်ကြည့်အဖွဲ့ Downdetectorက ဖော်ပြခဲ့ပါတယ်။ တချို့ကလည်း ဒီအကြောင်းကို Twitterပေါ်မှာ Memeတွေ တင်ပြီး ရယ်ပွဲဖွဲ့ လှောင်ပြောင်ခဲ့ကြပါတယ်။

အစောပိုင်းက Facebook ဝန်ဆောင်မှုတွေ ရပ်တန့်သွားတာကတော့ ကုမ္ပဏီ သမိုင်းတလျှောက်မှာ အချိန်အကြာဆုံး Offline ဖြစ်သွားတဲ့ထိ အခြေအနေ ဆိုးခဲ့ပါတယ်။ အဲဒီတုန်းက သုံးစွဲသူတွေအတွက်သာ မကဘဲ ရုံးတွင်း အီးမေးလ် စနစ်တွေပါ ဆက်သွယ်မရဖြစ်လို့ အလုပ်ရှုပ်ကုန်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း တစ်ခုဖြစ်တဲ့ Facebookဟာ ချွတ်ယွင်းချက် တစ်ခုခုကြောင့် မိနစ်ပိုင်းလောက် ပြတ်တောက်သွားတာမျိုး ကမ္ဘာအနှံ့မှာ ကြုံခဲ့ရပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

သတင်း

စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ အကောင့်တွေကို ဖယ်ရှားနေတဲ့ Facebookက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့် ၂၇၀ကို ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice For Myanmar(JFM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

Facebookကို အခပေး အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုကို ဗြိတိန်မှာ ထောက်ပံ့ပေးသွားဖို့ မိခင်ကုမ္ပဏီဖြစ်တဲ့ Metaက စဉ်းစားနေကြောင်း သိရပါတယ်။