Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရက်ပိုင်းအတွင်း ဒုတိယအကြိမ်အဖြစ် Facebook ဝန်ဆောင်မှုတချို့ ယာယီ Offlineဖြစ်

အောက်တိုဘာ ၈ ရက်မှာ Facebookရဲ့ Instagram၊ Messengerနဲ့ Workplaceလို ဝန်ဆောင်မှုတွေ Offline ဖြစ်ကုန်တာကို ကမ္ဘာအနှံ့က သုံးစွဲသူတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ ချွတ်ယွင်းမှုဟာ အောက်တိုဘာ ၄ ရက်တုန်းကလိုမျိုး နာရီပေါင်း အတော်များများ မကြာခဲ့ပါဘူး။

ရက်ပိုင်းအတွင်း ဒုတိယအကြိမ်မြောက် Facebookရဲ့ ဝန်ဆောင်မှုတချို့ ခဏရပ်တန့်သွားတဲ့အတွက် သုံးစွဲသူတွေကို ကုမ္ပဏီက တောင်းပန်ခဲ့ရပါတယ်။

အောက်တိုဘာ ၈ ရက်မှာ Facebookရဲ့ Instagram၊ Messengerနဲ့ Workplaceလို ဝန်ဆောင်မှုတွေ Offline ဖြစ်ကုန်တာကို ကမ္ဘာအနှံ့က သုံးစွဲသူတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ ချွတ်ယွင်းမှုဟာ အောက်တိုဘာ ၄ ရက်တုန်းကလိုမျိုး နာရီပေါင်း အတော်များများ မကြာခဲ့ပါဘူး။

Facebookက ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေ ယာယီ ရပ်တန့်သွားတဲ့အတွက် သုံးစွဲသူတွေ အနှောင့်အယှက် ဖြစ်ရတဲ့အပေါ် အနူးအညွတ် တောင်းပန်ကြောင်း ကြေညာခဲ့ပြီး အခုဖြစ်စဉ်ဟာ အရင်တစ်ကြိမ် ချွတ်ယွင်းမှုနဲ့ မသက်ဆိုင်ဘူးလို့လည်း တစ်ပါတည်း ဖြေရှင်းသွားပါတယ်။ လူမှုကွန်ရက် Appတွေရဲ့ Configurationတွေ ပြန်ညှိရာကနေ လွဲချော်မှု တချို့ကြောင့် အခုလို Offline ဖြစ်ကုန်တာလို့ Facebookက ဆိုပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက ဖြစ်ရပ်မှာတော့ Facebook၊ Instagramနဲ့ WhatsAppတို့ကို ၇ နာရီလောက် သုံးစွဲလို့ မရတဲ့ အခြေအနေမျိုး ကြုံခဲ့ပါတယ်။ ဒီကိစ္စကြောင့် Facebookရဲ့ ရှယ်ယာတွေပါ တန်ဖိုးကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၉ ရက်မှာတော့ အချိန်တိုလေးအတွင်း Facebook ဝန်ဆောင်မှု သုံးစွဲသူတွေက Instagramနဲ့ တခြားAppတချို့ သုံးလို့မရကြောင်း Messageတွေ ပေးပို့ အရေးဆိုမှု အများအပြား ရှိခဲ့ကြောင်း အင်တာနက် စောင့်ကြည့်အဖွဲ့ Downdetectorက ဖော်ပြခဲ့ပါတယ်။ တချို့ကလည်း ဒီအကြောင်းကို Twitterပေါ်မှာ Memeတွေ တင်ပြီး ရယ်ပွဲဖွဲ့ လှောင်ပြောင်ခဲ့ကြပါတယ်။

အစောပိုင်းက Facebook ဝန်ဆောင်မှုတွေ ရပ်တန့်သွားတာကတော့ ကုမ္ပဏီ သမိုင်းတလျှောက်မှာ အချိန်အကြာဆုံး Offline ဖြစ်သွားတဲ့ထိ အခြေအနေ ဆိုးခဲ့ပါတယ်။ အဲဒီတုန်းက သုံးစွဲသူတွေအတွက်သာ မကဘဲ ရုံးတွင်း အီးမေးလ် စနစ်တွေပါ ဆက်သွယ်မရဖြစ်လို့ အလုပ်ရှုပ်ကုန်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

Metaရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အန်ဒီစတုန်းကတော့ Threadsကို ဖန်တီးရာမှာ Twitterရဲ့ အင်ဂျင်နီယာဟောင်း တစ်ဦးမှ မပါခဲ့ဘူးလို့ Threadsကနေတဆင့် ဖြေရှင်း တုံ့ပြန်ထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ နည်းပညာအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယနေ့နံနက် (ဖေဖော်ဝါရီ ၂ရက်)တွင် လက်ဝယ်ခိုင်ခိုင်မာမာပြန်လည်ရရှိခဲ့ပြီး ဖေ့ဘွတ်စာမျက်နှာ လုံခြုံရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

သတင်း

Facebookဖက်ကတော့ သူတို့ဟာ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့တွေကို သတ်မှတ် ဥပဒေတွေနဲ့အညီ လိုလိုလားလား အကူအညီတွေ ပေးနေပြီး ICJနဲ့ ဂမ်ဘီယာ အစိုးရအတွက် လိုအပ်တဲ့ အချက်အလက်တွေလည်း ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားထားပါတယ်။

သတင်း

NUCCကို အစုအဖွဲ့ ၅ဖွဲ့မှ ကိုယ်စားပြု အဖွဲ့ဝင် အဖွဲ့အစည်း ၃၃ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။