Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Facebook ပေါ်က ကျားဖြန့်ကြော်ငြာတွေကို မတားဆီးလို့ Meta ကို တရားစွဲဖို့ ထိုင်းစီစဉ်

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

ထိုင်းရဲ့ စားသုံးသူကောင်စီက Facebookဟာ သုံးစွဲသူတွေကို ကျားဖြန့်တွေရဲ့ ပစ်မှတ်ထားမှုကနေ ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ Facebookပေါ်မှာ ကျားဖြန့် ကြော်ငြာတွေဟာ သားကောင်အဖြစ် သတ်မှတ်ခံရတဲ့ သုံးစွဲသူတွေဆီ အဆီးအတားမရှိ ရောက်နေတယ်လို့လည်း စားသုံးသူ ကောင်စီက ဇွန်လ ၄ ရက်နေ့မှာ ပြောပါတယ်။

Metaဖက်ကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု တုံ့ပြန် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ အရင်က အလားတူ စွပ်စွဲခံရတဲ့ အခြေအနေတွေမှာတော့ Metaက ကုမ္ပဏီပိုင် လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာ ကျားဖြန့်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စောင့်ကြည့်ပြီး ဖယ်ရှားဖို့၊ ပလက်ဖောင်းတွေကို မလျော်မကန် အသုံးချနေတာကို တားဆီးဖို့အတွက် ဥပဒေ ရေးဆွဲသူတွေ၊ တရားဥပဒေ စိုးမိုးရေး အရာရှိတွေနဲ့ ပူးပေါင်း အလုပ်လုပ်ခဲ့ကြောင်း တုံ့ပြန်ဖူးပါတယ်။

နိုင်ငံတကာ အစိုးရ အသီးသီးဟာ ကျားဖြန့်ဂိုဏ်းတွေနဲ့ တခြား နယ်စပ်ဖြတ်ကျော် ဒုစရိုက် အဖွဲ့အစည်းတွေက လူမှုကွန်ရက် သုံးစွဲသူတွေကို ပိုမို ပစ်မှတ်ထားလာတဲ့အပေါ် ပိုပြီး တင်းတင်းကျပ်ကျပ် တုံ့ပြန် စောင့်ကြည့်ဖို့ စီစဉ်လာချိန်မှာပဲ ထိုင်းက Metaကို တရားစွဲမယ့် အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စားသုံးသူ ကောင်စီက ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ် အတောအတွင်း Facebookနဲ့ ဆက်နွှယ်တဲ့ တိုင်ကြားမှု ၃၇၉၃ ခုကို လက်ခံရရှိခဲ့ကြောင်း၊ အဲဒီထဲမှာ ငွေလိမ်ခံရတာတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုတွေ၊ ဝယ်ယူမှုအတွက် ငွေချေပြီး ပစ္စည်းရောက်မလာတဲ့ ကိစ္စတွေ၊ ဓာတ်ပုံနဲ့ ကိုယ်ရေး အချက်အလက်တွေကို ခိုးယူခံရပြီး လိမ်လည်မှုမှာ အသုံးချ ခံရတဲ့ ဖြစ်စဉ်တွေ ပါဝင်ခဲ့ကြောင်း ဆိုပါတယ်။

ထိုင်းက ဆိုက်ဘာလုံခြုံရေး စောင့်ကြည့်သူတွေက သူတို့ဟာ တစ်နှစ်ကျော်ကြာ ကာလအတွင်း Metaရဲ့ မိခင် လုပ်ငန်းစုရော၊ ဒေသခံ ရုံးခွဲကိုပါ အဲဒီကိစ္စအတွက် ဆက်သွယ် အရေးဆိုခဲ့တယ်လို့လည်း ပြောကြားထားကြပါတယ်။ ဒါပေမဲ့ Facebookပေါ်မှာ ကျားဖြန့်ကြော်ငြာတွေ ပိတ်ပစ်တဲ့ ကိစ္စမှာ ထိရောက်တဲ့ အပြောင်းအလဲတော့ ရှိမလာခဲ့ဘူးလို့လည်း သိရပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းမှာ Facebook သုံးစွဲသူ ၅၁ သန်းလောက်ထိ ရှိနေပါတယ်။ Metaကို စွဲချက်တင်မယ့် အစီအစဉ်ကိုလည်း ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေပေါ်မှာ စားသုံးသူ အကာအကွယ်ပေးရေး စံနှုန်းတွေ၊ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားကြောင်း ကောင်စီ အကြီးအကဲ ဆာရီး အွန်ဆွန်ဝမ်က ပြောပါတယ်။

ကောင်စီဟာ Metaအပေါ် စွဲချက်တွေကို ဇွန်လ ၈ ရက်နေ့ကျရင် အရပ်ဖက် တရားရုံး တစ်ခုမှာ လျှောက်ထားတင်သွင်းမယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။