Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ၁၂ နာရီကြာ ရေကူးပြီး အသက်ရှင်ခဲ့တဲ့ မာဒါဂါစကာ အစိုးရအဖွဲ့ ဝန်ကြီး

နီးစပ်သူတွေကတော့ ဂယ်လီဟာ အသက်ရလာပေမယ့် အားကစားသမားဟောင်း တစ်ဦးပီပီ ကြံ့ခိုင်ပြီး သက်လုံ အရမ်းကောင်းတယ်လို့ မှတ်ချက် ပေးကြပါတယ်။ သူဟာ ရဲတပ်ဖွဲ့မှာ နှစ်ပေါင်း ၃၀ လောက် အမှုထမ်းပြီးတဲ့နောက် ဝန်ကြီး ဖြစ်လာခဲ့တာပါ။

မာဒါဂါစကာ အစိုးရ အဖွဲ့ရဲ့ ဝန်ကြီး တစ်ဦးဟာ ပင်လယ်ပြင်မှာ ၁၂ နာရီကြာ ရေကူးပြီး အသက်ဘေးက လွတ်မြောက်အောင် ကြိုးစား ရုန်းကန်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဆာဂျီ ဂယ်လီဟာ ပင်လယ်ပြင်မှာ ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့နောက် ဘေးကင်းရာ ရောက်တဲ့ထိ ၁၂ နာရီကြာ ရေကူးခဲ့တာ ဖြစ်ပါတယ်။ သူ့အတွက် သေချိန် မတန်သေးပါဘူးလို့ မောပန်း နွမ်းနယ်နေတဲ့ ရဲတပ်ဖွဲ့ဝန်ကြီး ဂယ်လီက ထမ်းစင်ပေါ် လိုက်ပါသွားရင်း သတင်းထောက်တွေကို လှမ်းပြောခဲ့ပါတယ်။

ပင်လယ်ပြင်မှာ လှေတစ်စီး နစ်မြုပ်နေတာကို ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေတဲ့အချိန် ဝေဟင်ကနေ စောင့်ကြည့် ကြီးကြပ်ရင်း ဂယ်လီရဲ့ ရဟတ်ယာဉ် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ လှေနစ်မြုပ်မှုကြောင့် လူ ၃၉ ဦးထက်မနည်း သေဆုံးပြီး ရဟတ်ယာဉ် ပျက်ကျရာမှာတော့ အသေအပျောက် မရှိခဲ့ပါဘူး။ ဂယ်လီနဲ့အတူ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ နောက် ၂ ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။

ဂယ်လီနဲ့ ရဟတ်ယာဉ်ပေါ်က တခြား အရာရှိ နှစ်ဦးတို့ဟာ ပင်လယ်ကမ်းခြေ မြို့တစ်ခုဖြစ်တဲ့ မာဟမ်ဘိုကို သီးခြားစီ ရောက်ရှိလာခဲ့ကြပါတယ်။ အသက် ၅၇ နှစ်အရွယ် ဂယ်လီဟာ ရဟတ်ယာဉ် ပျက်ကျပြီးတဲ့နောက် ပင်လယ်ပြင်မှာ ဘယ်လို ပျောက်ဆုံးနေသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သူဟာ ည ၇ နာရီခွဲကနေ နောက်တစ်နေ့ မနက် ၇ နာရီခွဲထိ ရေကူးပြီးမှ မာဟမ်ဘိုကို ရောက်ခဲ့တာလို့ ပြောပါတယ်။ သူ့မှာ ဒဏ်ရာရထားတာ မရှိပေမယ့် အရမ်း ချမ်းနေတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

ဂယ်လီဟာ ကမ်းခြေမှာ ရွာသားတွေနဲ့ တွေ့ဆုံတဲ့နောက် သူဘေးကင်းတယ်ဆိုတာ မိသားစုရော၊ လုပ်ဖော်ကိုင်ဖက် အစိုးရ အဖွဲ့ဝင်တွေပါ သိအောင် ဆက်သွယ်ရမယ်လို့ ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဂယ်လီဟာ ရဟတ်ယာဉ်ပျက်ရဲ့ ထိုင်ခုံတစ်လုံးကို ရေပေါ် ပေါ်အောင် ဆုပ်ကိုင်ထားရင်း ရေကူးနေခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နီးစပ်သူတွေကတော့ ဂယ်လီဟာ အသက်ရလာပေမယ့် အားကစားသမားဟောင်း တစ်ဦးပီပီ ကြံ့ခိုင်ပြီး သက်လုံ အရမ်းကောင်းတယ်လို့ မှတ်ချက် ပေးကြပါတယ်။ သူဟာ ရဲတပ်ဖွဲ့မှာ နှစ်ပေါင်း ၃၀ လောက် အမှုထမ်းပြီးတဲ့နောက် ဝန်ကြီး ဖြစ်လာခဲ့တာပါ။

မာဒါဂါစကာ သမ္မတ သမ္မတ အန်ဒရီ ရာဂျိုလီနာက လှေနစ်မြုပ် သေဆုံးသူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ပြီး ဂယ်လီနဲ့ တခြား အရာရှိ ၂ ဦးကိုလည်း လေးစား ချီးကျူးကြောင်း Twitterမှာ ရေးသားထားခဲ့ပါတယ်။