Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရာဇီးမှာ မြေပြိုမှုကြောင့် လူ ၉၀ ကျော် သေဆုံး

ပီထရိုပိုလစ် မြို့တော်ဝန်က အရေးပေါ် အခြေအနေ ကြေညာထားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အမြန်ဆုံး ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ တောင်စောင်း နေရာတွေမှာရှိတဲ့ အိမ်တွေ တော်တော်များများ ပျက်စီးကုန်ပြီး လမ်းတွေမှာလည်း ရွှံ့ရေတွေ ဖုံးလွှမ်းကုန်ပါတယ်။

ဘရာဇီး နိုင်ငံမှာ မြေပြိုမှုတွေ ဖြစ်ပွားရာက လူ ၉၀ ကျော် သေဆုံးသွားကြောင်း သိရပါတယ်။

ရီယိုဒီဂျနေရိုး မြို့ကြီးရဲ့ မြောက်ပိုင်းက တောင်ထူထပ်ရာ ပီထရိုပိုလစ်မြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်က အတိုင်းအတာ ကြီးကြီးမားမားနဲ့ မြေပြိုကျမှုတွေ ဖြစ်ခဲ့တာပါ။ မြို့ထဲမှာ မိုးသည်းသည်းထန်ထန် ဆက်တိုက် ရွာသွန်းခဲ့တဲ့နောက် တောင်စောင်းနေရာတချို့ ပြိုကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပီထရိုပိုလစ် မြို့တော်ဝန်က အရေးပေါ် အခြေအနေ ကြေညာထားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အမြန်ဆုံး ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ တောင်စောင်း နေရာတွေမှာရှိတဲ့ အိမ်တွေ တော်တော်များများ ပျက်စီးကုန်ပြီး လမ်းတွေမှာလည်း ရွှံ့ရေတွေ ဖုံးလွှမ်းကုန်ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက ရွှံ့ချပ်တွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေကို လိုက်လံ ဖြန့်ကျက် ရှာဖွေနေပါတယ်။ ဘရာဇီး ပြည်သူ့ လုံခြုံရေး ဌာနက လက်ရှိ အချိန်ထိ သေဆုံးသူ ၉၄ ဦး အတည်ပြု တွေ့ရှိထားပြီး ၂၄ ဦးကို ကယ်ဆယ် ရရှိထားကြောင်း ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

မြေပြိုမှုတွေအပြီး ဘယ်နေရာကြည့်ကြည့် မြင်ကွင်းက စစ်ဖြစ်ထားသလို အပျက်အစီးတွေချည်းပဲလို့ မျက်မြင် တစ်ယောက်က ပြောပါတယ်။ လောလောဆယ် ရုရှားကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ ဘရာဇီး သမ္မတ ဂျဲရ် ဘော်လ်ဆိုနာရိုက သူဟာ နိုင်ငံအနှံ့က ကယ်ဆယ်ရေး အဖွဲ့တွေကို ပီထရိုပိုလစ်ဆီ အားဖြည့် စေလွှတ်ဖို့ ညွှန်ကြားထားကြောင်း ပြောပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ဘရာဇီး စစ်တပ်က စစ်သား ၂၀၀ နီးပါးလောက် သွားရောက် အားဖြည့် ကူညီနေပါတယ်။ ထိခိုက်ပျက်စီးတဲ့ အိမ်ခြေက ရာနဲ့ချီ များပြားလိမ့်မယ်လို့လည်း တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

ပီထရိုပိုလစ်ဟာ တစ်ချိန်က ဘရာဇီး ဘုရင်တွေရဲ့ နွေရာသီ အပန်းဖြေရာ မြို့တစ်မြို့ ဖြစ်ခဲ့ပြီး လက်ရှိမှာလည်း ကမ္ဘာလှည့် ခရီးသွားတွေ အလည်အပတ် သွားရောက်လေ့ ရှိပါတယ်။ ဒါပေမဲ့ မြို့ရဲ့ တည်နေပုံက မြေပြိုမှု အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေကြောင်း ပညာရှင်တွေက ပြောပါတယ်။

၂၀၁၁ တုန်းကလည်း ပီထရိုပိုလစ်နဲ့ အနီးတဝိုက်က တောင်ပေါ်မြို့တွေမှာ မြေပြိုမှုတွေ ဖြစ်ရာက လူပေါင်း ၉၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအတွင်း အနည်းဆုံး ၈ ဦး သေဆုံးပြီး ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံအနောက်တောင်ပိုင်းကချုံချင်းဒေသမှာဆိုးရွားတဲ့မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေကြောင်း သိရပါတယ်။