Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ဗြိတိန် ဝန်ကြီးချုပ် စွပ်စွဲ

ဒီအတောအတွင်း နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ရှေ့နေ ကာရင်မ်ခန်းက သူဟာ ယူကရိန်း စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိမရှိ ဆန်းစစ် စုံစမ်းသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီလို့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်က ဝေဖန် စွပ်စွဲသွားခဲ့ပါတယ်။

ပူတင်ရဲ့ ညွှန်ကြားချက်အရ ရုရှားစစ်တပ်က အပြစ်မဲ့ ယူကရိန်း ပြည်သူတွေကို ဗုံးကြဲနေကတည်းက စစ်ရာဇဝတ်မှုတွေဆိုတာ ရုပ်လုံးပေါ်နေပြီလို့ ဂျွန်ဆန်က ဆိုပါတယ်။ စကော့ အမျိုးသား ပါတီအမတ် အီယန် ဘလက်ဖို့ဒ်က ပူတင်ကို တရားစွဲဆိုသင့်ကြောင်း အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဂျွန်ဆန်က အခုလို တုံ့ပြန်ခဲ့တာပါ။

ဒီအတောအတွင်း နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ရှေ့နေ ကာရင်မ်ခန်းက သူဟာ ယူကရိန်း စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိမရှိ ဆန်းစစ် စုံစမ်းသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အစောပိုင်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ကိုယ်တိုင်ကလည်း ခါကစ်ဗ်မြို့က လေကြောင်း တိုက်ခိုက်မှုတွေမှာ ရုရှားဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း ထုတ်ဖော် စွပ်စွဲခဲ့ပါတယ်။ ယူကရိန်း အစိုးရက ရုရှားဟာ ပိတ်ပင်ထားတဲ့ စစ်လက်နက်တွေကိုပါ အသုံးပြုခဲ့တယ်လို့ ပြောကြားထားပါသေးတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် ဝန်ကြီးချုပ် ဂျွန်ဆန်က ရုရှားစစ်တပ်ဟာ ယူကရိန်းက မြို့ကြီးတွေကို ဝန်းရံပိတ်ဆို့ပြီး ရိက္ခာ ဖြတ်တောက်ဖို့ ကြိုးစားနေကြောင်း၊ ဒီနည်းဗျူဟာ လူမဆန်ဘဲ ရက်စက် ကြမ်းကြုတ်လွန်းကြောင်း ဝေဖန်ခဲ့ပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ယူကရိန်းနိုင်ငံ မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေကနေ တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ လတ်တလောမှာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို မိုင် ၄၀ လောက်ထိ ရှည်လျားတဲ့ ရုရှား စစ်ယာဉ်တန်းကြီး ချီတက်သွားပေမယ့် အားကောင်းတဲ့ ခုခံမှုတွေကြောင့် ရှေ့ကို သိပ်မတိုးနိုင်ဘဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။