Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရာထူးက တရားဝင် မနုတ်ထွက်ခင် နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သီရိလင်္ကာ သမ္မတ

သီရိလင်္ကာ သမ္မတ တစ်ဦးဟာ ရာထူးလက်ရှိ အချိန်မှာ တရားစွဲဆိုမှုတွေကနေ ကင်းလွတ်ခွင့် ရပေမယ့် အစိုးရသစ် တက်လာရင် အဖမ်းခံရမှာကို စိုးရိမ်တာကြောင့် ရာဂျာပက်ခ်ဆာက အခုလို ကြိုတင် တိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာ သမ္မတ
သီရိလင်္ကာ သမ္မတ

ရာထူးက နုတ်ထွက်တော့မယ်လို့ ကတိပေးထားတဲ့ သီရိလင်္ကာ သမ္မတဟာ အခုအခါ နိုင်ငံကနေ ထွက်ပြေးသွားပြီလို့ သိရပါတယ်။

အသက် ၇၃ နှစ်အရွယ် ဂိုတာဘာယာ ရာဂျာပက်ခ်ဆာဟာ မော်လ်ဒိုက်ဗ် ကျွန်းနိုင်ငံရဲ့ မြို့တော် မယ်လေကို သီရိလင်္ကာ စစ်တပ် လေယာဉ်တစ်စီးနဲ့ ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။ သူဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတဲ့နောက် အခုသီတင်းပတ်ထဲမှာ ရာထူးက နုတ်ထွက်ပေးမယ်လို့ ကတိပြုထားပြီး တရားဝင် နုတ်မထွက်ခင် ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ထွက်ပြေးမှုဟာ သီရိလင်္ကာ နိုင်ငံရေး နယ်ပယ်မှာ ရာဂျာပက်ခ်ဆာ မိသားစုတွေ ဆယ်စုနှစ်နဲ့ချီ ကြီးစိုးထားတဲ့ အစဉ်အလာ ပျက်စီးသွားခြင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဆန္ဒပြသူတွေက ကိုလံဘို မြို့မှာရှိတဲ့ သမ္မတ အိမ်တော်ထဲထိ ဝင်ရောက် စီးနင်းခဲ့ချိန် ကတည်းက ရာဂျာပက်ခ်ဆာဟာ လူမြင်ကွင်း ကွယ်ရာမှာ ပုန်းခိုနေခဲ့ရတာပါ။

သူဟာ ဇူလိုင် ၁၃ ရက်မှာ ရာထူးက နုတ်ထွက်ပေးမယ်လို့ ကတိပေးထားပြီး အဲဒီမတိုင်ခင် တစ်ရက်ကတည်းက ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားခဲ့တဲ့ ပြည်သူတွေ အတွက်တော့ ရာဂျာပက်ခ်ဆာ ရာထူးက နုတ်ထွက်ခြင်းဟာ အောင်ပွဲတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သီရိလင်္ကာရဲ့ နိုင်ငံရေး အခြေအနေတွေက ရှုပ်ထွေးပြီး မတင်မကျ အနေအထားမျိုးနဲ့ ကျန်နေဆဲပါ။

Public Service Announcement

Public Service Announcement

အတိုက်အခံ အင်အားစုတွေက အနာဂတ် ညွန့်ပေါင်း အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ဆွေးနွေးနေပေမယ့် မျှော်လင့်သလောက် ခရီးမရောက်သေးပါဘူး။ ဒါ့အပြင် ရာဂျာပက်ခ်ဆာ လက်ထက်မှာ စီမံခန့်ခွဲမှု အလွဲတွေကြောင့် နိုင်ငံက အကြွေးနွံနစ်ပြီး ဒေဝါလီ ခံရမယ့် အနေအထား ဆိုက်နေပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ရှားပါးပြီး ဆယ်စုနှစ်တွေ အတော်များများအတွင်း အကြီးမားဆုံး စီးပွားရေး ကပ်ဆိုက်မှုနဲ့ ကြုံနေရပါတယ်။ ပြည်သူတွေနဲ့ အတိုက်အခံ အင်အားစုတွေကတော့ နိုင်ငံရဲ့ အခြေအနေ အခုလို စုတ်ပြတ်သွားတာဟာ ရာဂျာပက်ခ်ဆာမှာ အဓိက တာဝန်ရှိတယ်လို့ စွပ်စွဲနေကြပါတယ်။

သီရိလင်္ကာ သမ္မတ တစ်ဦးဟာ ရာထူးလက်ရှိ အချိန်မှာ တရားစွဲဆိုမှုတွေကနေ ကင်းလွတ်ခွင့် ရပေမယ့် အစိုးရသစ် တက်လာရင် အဖမ်းခံရမှာကို စိုးရိမ်တာကြောင့် ရာဂျာပက်ခ်ဆာက အခုလို ကြိုတင် တိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

ယူကရိန်း စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလုဇ်ညီဟာ ရာထူးကနေ ဖယ်ရှားခြင်း ခံခဲ့ရပြီး သူ့ရဲ့ စွမ်းစွမ်းတမံ အမှုထမ်းခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။