Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သီရိလင်္ကာက ထွက်ပြေးခဲ့တဲ့ သမ္မတဟောင်း ထိုင်းနိုင်ငံကို ရောက်ရှိလာ

သီရိလင်္ကာမှာတော့ ပြည်သူတွေက ရာဂျာပက်ဆာနဲ့ တစ်ချိန်က နိုင်ငံရေးဩဇာ ကြီးမားခဲ့တဲ့ သူ့ရဲ့ မိသားစုဝင်တွေကို အခုထိ အခဲမကျေသေးပါဘူး။ ရာဂျာပက်ဆာရဲ့ အစ်ကိုဖြစ်သူ မာဟင်ဒါ ရာဂျာပက်ဆာကလည်း သီရိလင်္ကာရဲ့ သမ္မတဟောင်း တစ်ဦးပါပဲ။

သီရိလင်္ကာက ထွက်ပြေးခဲ့တဲ့ သမ္မတဟောင်း ထိုင်းနိုင်ငံကို ရောက်ရှိလာ
သီရိလင်္ကာက ထွက်ပြေးခဲ့တဲ့ သမ္မတဟောင်း ထိုင်းနိုင်ငံကို ရောက်ရှိလာ

နိုင်ငံကနေ ထွက်ပြေးလာတဲ့ သီရိလင်္ကာ သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာဟာ အခုအခါ ထိုင်းနိုင်ငံကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ရာဂျာပက်ဆာ လက်ထက်မှာ သီရိလင်္ကာ နိုင်ငံဟာ သမိုင်းတလျှောက် အဆိုးရွားဆုံး စီးပွားပျက်ကပ်နဲ့ ကြုံတွေ့ခဲ့ပြီး အစိုးရက ဒေဝါလီ ခံရတဲ့ အဆင့်ထိ ရောက်သွားခဲ့ပါတယ်။ နောက်ဆုံး ပြည်သူလူထုက မခံမရပ်နိုင်ဘဲ အုံကြွ ဆန္ဒပြကြတဲ့အတွက် ရာဂျာပက်ဆာက ရာထူးက နုတ်ထွက်ပေးမယ်လို့ ကြေညာခဲ့ရပါတယ်။ သူဟာ ရာထူးက တရားဝင် နုတ်မထွက်ခင် ၁ ရက် အလိုမှာပဲ နိုင်ငံကနေ ထွက်ပြေးသွားခဲ့ပါတယ်။

ရာဂျာပက်ဆာဟာ မကြာသေးခင်က စင်ကာပူမှာ ယာယီနေထိုင်ခဲ့ပြီး ဗီဇာသက်တမ်း ကုန်ဆုံးတဲ့နောက် ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာခဲ့တာပါ။ ဩဂုတ် ၁၁ ရက်က ရာဂျာပက်ဆာဟာ ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို သီးသန့်လေယာဉ်နဲ့ ဆိုက်ရောက်ခဲ့ကြောင်း ဒီကိစ္စနဲ့ နီးစပ်တဲ့ ထိုင်းရဲအရာရှိ တစ်ယောက်က အတည်ပြုပါတယ်။

ရာဂျာပက်ဆာဟာ ဘန်ကောက်မှာ သိုသိုသိပ်သိပ် နေထိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တာနီး ဆန်ဂရက်က ထိုင်းအစိုးရဟာ ရာဂျာပက်ဆာရဲ့ ပြည်ဝင်ခွင့် တောင်းခံမှုကို လက်ခံ ရရှိခဲ့ကြောင်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ရာဂျာပက်ဆာဟာ ထိုင်းနိုင်ငံမှာ ဗီဇာ မလိုဘဲ ရက်ပေါင်း ၉၀ နေထိုင်ခွင့်ရှိကြောင်း၊ သူဟာ ယာယီ နေထိုင်တာမျိုးသာ ဖြစ်နိုင်ပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမထားကြောင်း တာနီးက ဆိုပါတယ်။ ရာဂျာပက်ဆာဟာ ဇူလိုင်လမှာ သီရိလင်္ကာကနေ မော်လ်ဒိုက်ဗ်ကို ထွက်ပြေးခဲ့ပြီး အဲဒီကမှတဆင့် စင်ကာပူကို ရောက်ရှိသွားခဲ့တာပါ။

သီရိလင်္ကာမှာတော့ ပြည်သူတွေက ရာဂျာပက်ဆာနဲ့ တစ်ချိန်က နိုင်ငံရေးဩဇာ ကြီးမားခဲ့တဲ့ သူ့ရဲ့ မိသားစုဝင်တွေကို အခုထိ အခဲမကျေသေးပါဘူး။ ရာဂျာပက်ဆာရဲ့ အစ်ကိုဖြစ်သူ မာဟင်ဒါ ရာဂျာပက်ဆာကလည်း သီရိလင်္ကာရဲ့ သမ္မတဟောင်း တစ်ဦးပါပဲ။

ပြည်သူ အများစုက ရာဂျာပက်ဆာရဲ့ ညံ့ဖျင်း အားနည်းလှတဲ့ ဦးဆောင်မှုတွေက နိုင်ငံကို ဒုက္ခတွင်းထဲ ဆွဲချသွားခဲ့တယ်လို့ စွပ်စွဲနေကြပါတယ်။ လောလောဆယ်မှာ ရာဂျာပက်ဆာရဲ့ မဟာမိတ် တစ်ယောက်လို့ လူသိများတဲ့ ဝန်ကြီးချုပ်ဟောင်း ရာနေးလ် ဝစ်ရမ်မီဆင်းက သီရိလင်္ကာ သမ္မတ ဖြစ်လာပြီး ဆန္ဒပြ ပြည်သူတွေကတော့ သူ့ကို အကြိုက် မတွေ့ကြပါဘူး။ ဝစ်ရမ်မီဆင်းဟာ ရာဂျာပက်ဆာနဲ့ ခပ်ကင်းကင်း နေပြဖို့ ကြိုးစားနေပေမယ့် လူထုကတော့ သူဟာ သမ္မတဟောင်းရဲ့ ဩဇာခံ ရုပ်သေးလို့ ရှုမြင်နေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။