Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်စပ်နားကို မြောက်ကိုရီးယား စစ်လေယာဉ် ၁၈၀ လောက် ချဉ်းကပ်ခဲ့ကြောင်း တောင်ကိုရီးယား ထုတ်ပြန်

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ လတုန်းကလည်း နှစ်နိုင်ငံ နယ်ခြားမျဉ်းနားကို စစ်လေယာဉ် ၁၀ စီးလောက် ချဉ်းကပ် ပျံသန်းစေခဲ့တဲ့အတွက် တောင်ကိုရီးယား လေတပ်က တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး စောင့်ကြည့်စေခဲ့ရဖူးကြောင်း သိရပါတယ်။

နယ်စပ်နားကို မြောက်ကိုရီးယား စစ်လေယာဉ် ၁၈၀ လောက် ချဉ်းကပ်ခဲ့ကြောင်း တောင်ကိုရီးယား ထုတ်ပြန်
နယ်စပ်နားကို မြောက်ကိုရီးယား စစ်လေယာဉ် ၁၈၀ လောက် ချဉ်းကပ်ခဲ့ကြောင်း တောင်ကိုရီးယား ထုတ်ပြန်

နယ်စပ်နားကို မြောက်ကိုရီးယား စစ်လေယာဉ်တွေ အစီးပေါင်း ၁၈၀ လောက် ချဉ်းကပ်လာလို့ အရေးပေါ် တုံ့ပြန်ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့ရကြောင်း တောင်ကိုရီးယား လေတပ်က ကြေညာပါတယ်။

နိုဝင်ဘာ ၄ ရက်က နိုင်ငံမြောက်ပိုင်း၊ နယ်ခြားဇုန် သတ်မှတ်ထားရာ ဧရိယာနားမှာ မြောက်ကိုရီးယား စစ်လေယာဉ်တွေ ခွဲဖြန့် ပျံသန်းနေကြောင်း ရေဒါက ထောက်လှမ်း တွေ့ရှိတဲ့အတွက် တောင်ကိုရီးယားက တိုက်လေယာဉ် အစီး ၈၀ လောက်ကို စေလွှတ်ပြီး အခြေအနေ စောင့်ကြည့်စေခဲ့ပါတယ်။ အဲဒီ တိုက်လေယာဉ်တွေထဲမှာ တောင်ကိုရီးယား လေတပ်ရဲ့ ခေတ်အမီဆုံး F-35A ပဉ္စမမျိုးဆက် ရေဒါပျောက် တိုက်လေယာဉ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

လေ့ကျင့်ရေး အစီအစဉ် တစ်ခုလို့ ယူဆရတဲ့ မြောက်ကိုရီးယား စစ်လေယာဉ်တွေရဲ့ နယ်စပ်နားမှာ အင်အားပြ ပျံသန်းမှုဟာ ၄ နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားဟာ တိုက်လေယာဉ် အစီး ၈၀ ကို လေထဲမှာ ပျံသန်းစေပြီး အချိန်ပြည့် စောင့်ကြည့်ခဲ့သလို အမေရိကန်နဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်နေတဲ့ နောက်ထပ် စစ်လေယာဉ် အစီး ၂၄၀ လောက်ကလည်း အသင့်အနေအထား ရှိနေခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ Vigilant Storm လေတပ် စစ်ရေး လေ့ကျင့်မှုဟာ ရန်စတဲ့ အပြုအမူ တစ်ခုလို့ မြောက်ကိုရီးယားက စွပ်စွဲပြီး ဒုံးကျည်နဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တုံ့ပြန်ခဲ့တာကြောင့် ဒေသတွင်း တင်းမာမှုက မြင့်တက်နေပါတယ်။ ဒီအတောအတွင်း အမေရိကန်က အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ B-1 Lancer အမျိုးအစား မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီးတွေကိုပါ ပူးပေါင်း ပါဝင်စေမယ်လို့ ကြေညာခဲ့တာကြောင့် မြောက်ကိုရီးယားအတွက် ပိုပြီး အမျက်ထွက်စရာ ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ အခု သီတင်းပတ်ထဲမှာ တာဝေးပစ် တိုက်ချင်းပစ် ICBM ဒုံးကျည်တစ်စင်းကိုလည်း စမ်းသပ်ခဲ့သေးပေမယ့် မအောင်မြင်ဘဲ ပစ်လွှတ်ပြီး မကြာခင်မှာပဲ ပင်လယ် သမုဒ္ဒရာထဲ ပျက်ကျသွားခဲ့ကြောင်း တောင်ကိုရီးယားက ကြေညာပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေဆဲပါ။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ လတုန်းကလည်း နှစ်နိုင်ငံ နယ်ခြားမျဉ်းနားကို စစ်လေယာဉ် ၁၀ စီးလောက် ချဉ်းကပ် ပျံသန်းစေခဲ့တဲ့အတွက် တောင်ကိုရီးယား လေတပ်က တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး စောင့်ကြည့်စေခဲ့ရဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။