Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်း ဆောင်းရာသီကို လက်နက်အဖြစ် အသုံးချဖို့ ရုရှား ပီပီပြင်ပြင် ကြံစည်လာကြောင်း NATO အကြီးအကဲဆို

အရပ်ဖက် ပစ်မှတ်တွေကိုချည်း ဦးတည် တိုက်ခိုက်လာတယ် ဆိုကတည်းက ရုရှားဟာ သူတို့ အနေနဲ့ နယ်မြေတွေ ထပ်သိမ်းယူဖို့ မဖြစ်နိုင်တော့မှန်း နားလည်လို့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အရှိန် နှေးသထက် နှေးအောင်သာ လုပ်ရတဲ့ သဘောမျိုး ဖြစ်နေကြောင်း စတိုလ်တန်ဘက်ဂ်က သုံးသပ်ပါတယ်။

ယူကရိန်း ဆောင်းရာသီကို လက်နက်အဖြစ် အသုံးချဖို့ ရုရှား ပီပီပြင်ပြင် ကြံစည်လာကြောင်း NATO အကြီးအကဲဆို
ယူကရိန်း ဆောင်းရာသီကို လက်နက်အဖြစ် အသုံးချဖို့ ရုရှား ပီပီပြင်ပြင် ကြံစည်လာကြောင်း NATO အကြီးအကဲဆို

ယူကရိန်းရဲ့ ဆောင်းရာသီကို လက်နက်အဖြစ် အသုံးချချင်တဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရည်ရွယ်ချက်က ပိုမို ရုပ်လုံးပေါ်လာနေကြောင်း NATO စစ်မဟာမိတ်အဖွဲ့ အကြီးအကဲ ဂျန်စ် စတိုလ်တန်ဘက်ဂ်က ပြောပါတယ်။

ရုရှားရဲ့ စစ်ရေးဗျူဟာက ဆောင်းရာသီမှာ ယူကရိန်း တစ်နိုင်ငံလုံးကို အကြီးအကျယ် ဒုက္ခပေးဖို့ဆိုတာ ပိုပြီး သိသိသာသာ ပေါ်လွင်လာနေတယ်လို့ NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံတဲ့ အစည်းအဝေး တစ်ခု အပြီးမှာ စတိုလ်တန်ဘက်ဂ်က မှတ်ချက် ပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုတွေဟာ ယူကရိန်းရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပိုမို ပစ်မှတ်ထားလာခဲ့ပါတယ်။ အထူးသဖြင့် ရေပေးဝေမှုနဲ့ လျှပ်စစ်ဓာတ်အား ကွန်ရက်တွေကို ရုရှားက ပိုမို ပစ်မှတ်ထားခဲ့တာကြောင့် ယူကရိန်း နိုင်ငံအနှံ့မှာ သောက်သုံးရေနဲ့ ဓာတ်အား ပြတ်တောက်မှုတွေ မကြာခဏ ကြုံနေရပါတယ်။

ယူကရိန်းရဲ့ ဆောင်းရာသီဟာ ရေခဲမှတ်ဝန်းကျင်ထိ အပူချိန် ကျဆင်းလေ့ ရှိတာကြောင့် လျှပ်စစ်မီးတွေသာ ပြတ်တောက်နေရင် ပြည်သူ သန်းဂဏန်းလောက်အထိ အသက်အန္တရာယ် ကြုံနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း သတိပေးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေတွေအရ ယူကရိန်းကို လက်နက်တွေနည်းတူ မီးစက်တွေနဲ့ အပိုပစ္စည်းတွေ တင်ပို့ဖို့လည်း အရမ်း အရေးကြီးလာပြီဆိုတာ မြင်သာနေကြောင်း စတိုလ်တန်ဘက်ဂ်က ဆိုပါတယ်။ ယူကရိန်းဟာ ပျက်စီးနေတဲ့ အခြေခံ အဆောက်အအုံတွေကို ပြန်ပြင်ဆင်ဖို့ အချိန်နဲ့ တပြေးညီ အားထုတ် ကြိုးပမ်းနေပေမယ့် ရုရှားဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ထပ်ကြုံလာနိုင်သေးကြောင်းလည်း NATOရဲ့ အကြီးအကဲက သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလို အလွန်အကျွံ တိုက်ခိုက်နေမှုတွေကြောင့်လည်း ရုရှားရဲ့ စစ်လက်နက် သိုလှောင်မှုဟာ မြန်မြန်ဆန်ဆန် လျော့ပါး ကျဆင်းနေပြီး ရေရှည်မှာ ရှုံးပွဲတွေ ကြုံလာလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

အရပ်ဖက် ပစ်မှတ်တွေကိုချည်း ဦးတည် တိုက်ခိုက်လာတယ် ဆိုကတည်းက ရုရှားဟာ သူတို့ အနေနဲ့ နယ်မြေတွေ ထပ်သိမ်းယူဖို့ မဖြစ်နိုင်တော့မှန်း နားလည်လို့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အရှိန် နှေးသထက် နှေးအောင်သာ လုပ်ရတဲ့ သဘောမျိုး ဖြစ်နေကြောင်း စတိုလ်တန်ဘက်ဂ်က သုံးသပ်ပါတယ်။

စစ်ထောက်လှမ်းရေး သတင်းတွေအရ ရုရှားရဲ့ လက်နက်တိုက်မှာ အတော့်ကို ချိနဲ့ လျော့ပါးနေပြီဆိုတာ အတည်ပြုနိုင်ပြီး ဒါကြောင့်လည်း အီရန်ဆီကတောင် အကူအညီ ယူနေရတာ ဖြစ်တယ်လို့လည်း စတိုလ်တန်ဘက်ဂ်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဇီလန်စကီးကတော့ ရုရှားတပ်တွေ သိမ်းယူထားတဲ့ ယူကရိန်းပိုင်နက် နယ်မြေအားလုံး ပြန်မရမချင်း သူဟာ ပူတင်နဲ့ စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း တွင်တွင် ငြင်းဆိုထားပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးရဲ့ အဆိုအရ မတ်လ တစ်လတည်းမှာတင် ယူကရိန်း နိုင်ငံအနှံ့ ရုရှားရဲ့ လေဟုန်စီးဗုံး အလုံးပေါင်း ၃၀၀၀ ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။

သတင်း

တရုတ်ဟာ အရင်က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထဲထဲဝင်ဝင် လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကျောက်ဖြူဖက်ကို လုံးလုံးလျားလျား အာရုံပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံကို ရောက်ရှိနေစဉ် အတောအတွင်း သတင်းထောက်တွေက ရုရှားဟာ ခါကစ်ဗ်ထိ ချီတက်သိမ်းယူဖို့ အစီအစဉ် ရှိသလားလို့ မေးမြန်းချိန်မှာ ပူတင်က အခုထိတော့ အဲဒီကိစ္စကို လုံးဝ စဉ်းစားမထားဘူးလို့ ဖြေကြားသွားပါတယ်။