Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားကို တုံ့ပြန်ဖို့ ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်လေတပ် အင်အားပြ ဖြန့်ကျက်

အမေရိကန်ဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ တင်ဆောင် ပစ်ခတ်နိုင်တဲ့ B-52 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေအပြင် ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း လေကြောင်းစိုးမိုးရေး တိုက်လေယာဉ်တွေလို့ သတ်မှတ် ခံထားရတဲ့ F-22 တွေကိုပါ တောင်ကိုရီးယားဆီ စေလွှတ်ပေးခဲ့ပါတယ်။

မြောက်ကိုရီးယားကို တုံ့ပြန်ဖို့ ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်လေတပ် အင်အားပြ ဖြန့်ကျက်
မြောက်ကိုရီးယားကို တုံ့ပြန်ဖို့ ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်လေတပ် အင်အားပြ ဖြန့်ကျက်

ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် လေတပ်ဟာ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေကို ဖြန့်ကျက်စေခဲ့ပါတယ်။

အမေရိကန်ဟာ မဟာမိတ် တောင်ကိုရီးယား နိုင်ငံအပေါ် ခြိမ်းခြောက်လာမှု မှန်သမျှကနေ တားဆီး ကာကွယ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှု တစ်ခုမှာ အမေရိကန် လေတပ်ရဲ့ အဆင့်အမြင့်ဆုံး လေယာဉ်တွေ ပူးပေါင်း ပျံသန်းစေခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

အမေရိကန်ဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ တင်ဆောင် ပစ်ခတ်နိုင်တဲ့ B-52 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေအပြင် ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း လေကြောင်းစိုးမိုးရေး တိုက်လေယာဉ်တွေလို့ သတ်မှတ် ခံထားရတဲ့ F-22 တွေကိုပါ တောင်ကိုရီးယားဆီ စေလွှတ်ပေးခဲ့ပါတယ်။

တောင်ကိုရီးယား လေတပ်ရဲ့ F-15နဲ့ F-35 တိုက်လေယာဉ်တွေကလည်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်မှာ ပါဝင်ခဲ့ကြကြောင်း သိရပါတယ်။ အမေရိကန်ဟာ ရေဒါရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်နည်းပညာ ပေါင်းစပ်ထားတဲ့ ပဉ္စမမျိုးဆက် F-22တွေကို ၄ နှစ်တာအတွင်း ပထမဆုံး အကြိမ်အဖြစ် တောင်ကိုရီးယားဆီ ပြန်လည် ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ F-22တွေဟာ အမေရိကန် လေတပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိပ်ဆုံးအဆင့် ပိုင်ဆိုင်မှုတွေလို့ သတ်မှတ်နိုင်ပြီး အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်တွေကိုတောင် ဝယ်ယူခွင့် မပြုဘဲ တားမြစ်ထားတာပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လပိုင်းအတွင်း မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုတွေကို အရှိန်မြှင့်တင်လာပြီး ဒေသတွင်းက အမေရိကန် မဟာမိတ်ဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို ခြိမ်းခြောက်တဲ့ အရိပ်အယောင်တွေ ပိုမို ပြသလာတဲ့နောက် အမေရိကန် လေတပ်က အဆင့်အမြင့်ဆုံး လေယာဉ်တွေကို တောင်ကိုရီးယားမှာ ဖြန့်ကျက်စေခဲ့တာပါ။

မြောက်ကိုရီးယားက နိုင်ငံရဲ့ ပထမဆုံး စစ်ထောက်လှမ်းရေး ဂြိုဟ်တု လွှတ်တင်ဖို့ လိုအပ်တဲ့ လက်တွေ့ စမ်းသပ်မှုတွေ အကုန်လုံး ပြီးမြောက် အောင်မြင်ခဲ့ပြီလို့ ကြွေးကြော်ပြီး ရက်ပိုင်း အတွင်းမှာပဲ အမေရိကန် လေတပ်ရဲ့ အဆင့်အမြင့်ဆုံး စစ်လက်နက်တွေက ကိုရီးယား ကျွန်းဆွယ်ကို ရောက်ရှိလာပြီး တုံ့ပြန် အင်အားပြခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။