Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းလွှတ်တော် မဲပေးမှုမှာ အနိုင်မရနိုင်တာ သေချာရင် ဝန်ကြီးချုပ်နေရာ ရည်ရွယ်ထားတာကို စွန့်လွှတ်ပေးမယ်လို့ ဖီထာပြော

ဇူလိုင် ၁၃ ရက်က Move Forward ပါတီ (MFP) ခေါင်းဆောင် ဖီထာကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်နိုင်ရေးအတွက် အဓိက မဟာမိတ် ဖျူထိုင်းပါတီ (PTP)နဲ့ တခြား အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက လွှတ်တော်မှာ အဆိုပြု တင်သွင်းခဲ့ပေမယ့် ဖီထာဟာ ဝန်ကြီးချုပ်နေရာအတွက် လုံလောက်တဲ့ လွှတ်တော်တွင်း ထောက်ခံမဲ အရေအတွက်ကို မရရှိခဲ့ပါဘူး။

ထိုင်းလွှတ်တော် မဲပေးမှုမှာ အနိုင်မရနိုင်တာ သေချာရင် ဝန်ကြီးချုပ်နေရာ ရည်ရွယ်ထားတာကို စွန့်လွှတ်ပေးမယ်လို့ ဖီထာပြော
ထိုင်းလွှတ်တော် မဲပေးမှုမှာ အနိုင်မရနိုင်တာ သေချာရင် ဝန်ကြီးချုပ်နေရာ ရည်ရွယ်ထားတာကို စွန့်လွှတ်ပေးမယ်လို့ ဖီထာပြော

တကယ်လို့ သူ့အနေနဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ လုံလောက်တဲ့ လွှတ်တော် ထောက်ခံမဲ မရနိုင်တာ သေချာသွားပြီဆိုရင် အစိုးရ ဖွဲ့စည်းရေး ကိစ္စကို ဦးဆောင်ဖို့အတွက် မဟာမိတ်ပါတီဆီ တာဝန် လွှဲအပ်ပေးမယ်လို့ ထိုင်းရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင် ဖီထာ လင်ဂျာရွတ်ရတ်က ပြောပါတယ်။

ဇူလိုင် ၁၃ ရက်က Move Forward ပါတီ (MFP) ခေါင်းဆောင် ဖီထာကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်နိုင်ရေးအတွက် အဓိက မဟာမိတ် ဖျူထိုင်းပါတီ (PTP)နဲ့ တခြား အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက လွှတ်တော်မှာ အဆိုပြု တင်သွင်းခဲ့ပေမယ့် ဖီထာဟာ ဝန်ကြီးချုပ်နေရာအတွက် လုံလောက်တဲ့ လွှတ်တော်တွင်း ထောက်ခံမဲ အရေအတွက်ကို မရရှိခဲ့ပါဘူး။ ဒါကြောင့် သူဟာ ဇူလိုင် ၁၉ ရက်မှာ ဝန်ကြီးချုပ် နေရာအတွက် လွှတ်တော် မဲခွဲဆုံးဖြတ်မှုကို နောက်တစ်ကြိမ် ခံယူဖို့ စီစဉ်ထားပါတယ်။ PTPနဲ့ တခြား မဟာမိတ် ပါတီတွေကလည်း ဖီထာရဲ့ ဒုတိယအကြိမ် အားထုတ်မှုကို ခိုင်ခိုင်မာမာ ဆက်လက် ထောက်ခံမယ်လို့ ကတိပြုထားပါတယ်။

ထိုင်းလွှတ်တော် မဲပေးမှုမှာ အနိုင်မရနိုင်တာ သေချာရင် ဝန်ကြီးချုပ်နေရာ ရည်ရွယ်ထားတာကို စွန့်လွှတ်ပေးမယ်လို့ ဖီထာပြော
ထိုင်းလွှတ်တော် မဲပေးမှုမှာ အနိုင်မရနိုင်တာ သေချာရင် ဝန်ကြီးချုပ်နေရာ ရည်ရွယ်ထားတာကို စွန့်လွှတ်ပေးမယ်လို့ ဖီထာပြော

ပြုပြင် ပြောင်းလဲရေး ဝါဒီတစ်ဦးဖြစ်တဲ့ ဖီထာဟာ လွှတ်တော် မဲပေးမှုတွေမှာတော့ ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ် အများစုရဲ့ တင်းတင်းမာမာ ငြင်းဆိုမှုကို ခံနေရတာကြောင့် ဝန်ကြီးချုပ်ဖြစ်ဖို့ လိုအပ်တဲ့ လွှတ်တော် ထောက်ခံမဲ ၃၇၅ မဲအထက် မရနိုင်ဘဲ ဖြစ်နေတာပါ။ တကယ်လို့ ဇူလိုင် ၁၉ ရက်မှာလည်း လွှတ်တော်ထဲမှာ လုံလောက်တဲ့ ထောက်ခံမဲမျိုး မရခဲ့ဘူးဆိုရင် သူဟာ ဝန်ကြီးချုပ် နေရာအတွက် ကြိုးပမ်းမှုကို လက်လျှော့ပြီး PTPက ခေါင်းဆောင် တစ်ဦးဦးကို နေရာဖယ်ပေးဖို့ စဉ်းစားထားကြောင်း ဖီထာက ဗီဒီယို messageတစ်ခု ဖြန့်ဝေခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် ဖီထာက သူဟာ နိုင်ငံခေါင်းဆောင် နေရာအတွက် ကြိုးစားဖို့ လက်ကျန်အချိန် များများစားစား မရနိုင်တော့တာကို လက်တွေ့ကျကျ နားလည်ရမယ်လို့လည်း ဝန်ခံထားပါတယ်။ ဒါကြောင့် အထက်လွှတ်တော် အမတ်တွေ လက်သင့်ခံနိုင်မယ့် တခြားတစ်ဦးဦးကို ရွေးကောက်ပွဲမှာ ဒုတိယ ထောက်ခံမဲ အများဆုံး ရခဲ့တဲ့ PTPဆီကနေ နာမည်စာရင်း တင်သွင်းနိုင်အောင်လို့ ဖီထာက နေရာပေးမယ့် သဘောပါပဲ။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဇူလိုင် ၁၉ ရက် လွှတ်တော် မဲခွဲမှုမှာတော့ သူ့အနေနဲ့ အနိုင်ရအောင် ဖြစ်နိုင်သမျှ၊ စိတ်ကူးမိသမျှ နည်းလမ်းအားလုံးနဲ့ မခြွင်းမချန် အားထုတ်သွားမယ်လို့ ဖီထာက ကတိပြုခဲ့ပါတယ်။ သူဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေ အတောအတွင်း ထိုင်းဘုရင်စနစ်နဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဥပဒေတစ်ခုကို ပြင်ဆင်မယ်လို့ အာမခံခဲ့ဖူးတာကြောင့် ကွန်ဆာဗေးတစ် အထက်လွှတ်တော် အမတ်အများစုရဲ့ ဆန့်ကျင်မှုကို ကြုံနေရတာပါ။

ဒုတိယအကြိမ် အားထုတ်မှုမှာ အခြေမလှလို့ MFPက ဝန်ကြီးချုပ်နေရာ ရပိုင်ခွင့်ကို လက်လွှတ်ပေးမယ် ဆိုရင်တောင်မှ PTPကလည်း ခေါင်းမာပြီး တစ်ယူသန်ဆန်တဲ့ အထက်လွှတ်တော် အမတ်တွေကို ဆွဲဆောင် စည်းရုံးဖို့ ကြိုးစားရဦးမှာပါ။ ဒါပေမဲ့ PTPရဲ့ ဝန်ကြီးချုပ်လောင်းကိုတော့ အထက်လွှတ်တော်ဖက်က ဆန့်ကျင်မှုဟာ ဖီထာအပေါ် ပစ်မှတ်ထားသလောက် ပြင်းထန်ဖွယ် မရှိပါဘူး။

တကယ်လို့ အထက်လွှတ်တော်ရဲ့ ကန့်လန့်တိုက်မှုကြောင့် ဖီထာသာ ဝန်ကြီးချုပ် နေရာ ရပိုင်ခွင့်ကို ဖယ်ပေးရမယ်ဆိုရင် ထိုင်းဒီမိုကရေစီအတွက် အကျည်းတန်တဲ့ ဖြစ်စဉ်တစ်ခုလို့ သတ်မှတ်ရမှာပါ။ ရွေးကောက်ပွဲမှာ ပြည်သူအများစု ယုံကြည်ထောက်ခံခဲ့သူ တစ်ဦးကို ရွေးကောက်ခံ မဟုတ်သူတွေက ဝိုင်းဝန်းပိတ်ဆို့လို့ နိုင်ငံခေါင်းဆောင် နေရာနဲ့ ဝေးကွာသွားရမယ်ဆိုရင် နောက်ဆက်တွဲ ဂယက်တွေလည်း အများကြီး ရိုက်ခတ်လာနိုင်ပါတယ်။ ဇူလိုင် ၁၆ ရက် မနက်ပိုင်းမှာတင် ထိုင်းအထက်လွှတ်တော် အမတ်တွေရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ပြီး ဖီထာကို ထောက်ခံတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေ ဘန်ကောက်မြို့တော်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။