Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဗင်းနစ်မြို့မှာ တံတားပေါ်က ဘတ်စ်ကားပြုတ်ကျပြီး မီးလောင်လို့ လူ ၂၀ ကျော်သေဆုံး

ဒဏ်ရာရသူ ၁၈ ဦးထက်မနည်း ရှိတယ်လို့ ယူဆရပြီး ၅ ဦးရဲ့ အခြေအနေက စိုးရိမ်ရသလို ပြည်ထဲရေးဝန်ကြီး မက်တီယို ပီယန်တီဒိုဆီက အသေအပျောက်စာရင်း မြင့်တက်လာနိုင်သေးတယ်လို့ သတိပေးထားပါတယ်။

ဗင်းနစ်မြို့မှာ တံတားပေါ်က ဘတ်စ်ကားပြုတ်ကျပြီး မီးလောင်လို့ လူ ၂၀ ကျော်သေဆုံး
ဗင်းနစ်မြို့မှာ တံတားပေါ်က ဘတ်စ်ကားပြုတ်ကျပြီး မီးလောင်လို့ လူ ၂၀ ကျော်သေဆုံး

အီတလီ နိုင်ငံက ဗင်းနစ်မြို့မှာ ဘတ်စ်ကားတစ်စီး တံတား အမြင့်ပေါ်ကနေ ပြုတ်ကျပြီး မီးလောင်ကျွမ်းမှုကြောင့် ကလေးတွေ အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်က ဘတ်စ်ကားဟာ မီစထရီ မြို့နယ်ထဲက မိုးပျံ တံတားပေါ် မောင်းနှင်နေရင်း အတားအဆီး တစ်ခုကို တိုက်မိပြီး အောက်ဖက်မှာရှိတဲ့ မီးရထားလမ်းနားကို ထိုးကျခဲ့တာ ဖြစ်ပါတယ်။ မြေပြင်ပေါ် အရှိန်နဲ့ ဆောင့်ကျခဲ့တဲ့နောက် ဘတ်စ်ကားမှာ မီးလောင်ကျွမ်းခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

အခု ဖြစ်ရပ်ဆိုးကြောင့် ကလေး ၂ ဦး အပါအဝင် ၂၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ယူကရိန်း ၅ ဦး၊ ဂျာမန် ၁ ဦးနဲ့ အီတလီသား ယာဉ်မောင်းတို့ကို အတည်ပြု သိရှိထားပြီး ဖြစ်တယ်လို့ မြို့ရဲ့ အုပ်ချုပ်ရေး အရာရှိ မီချဲလ် ဒီဘာရီက ပြောပါတယ်။

အခင်းဖြစ်တဲ့ တံတားဟာ မီစထရီနဲ့ ဗင်းနစ်မြို့လယ်ကို ဆက်စပ်ပေးထားတာပါ။ ဘတ်စ်ကား ဘာကြောင့် လမ်းချော်ပြီး တံတားပေါ်က ထိုးကျသွားသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဗင်းနစ် မြို့တော်ဝန် လူဂီ ဘရူဂါနိုက ဖြေမဆည်နိုင်စရာ ဝမ်းနည်းကြေကွဲမှုမျိုး ခံစားရတယ်လို့ ပြောပါတယ်။ အခင်းဖြစ်တဲ့ နေရာက မြင်ရက်စရာ မရှိလောက်အောင် ဆိုးရွားခဲ့ကြောင်း၊ သူ့ရဲ့ နာကျည် ထိခိုက်မှုကို ဖွင့်ဟပြဖို့ စကားလုံးတောင် ရှာမတွေ့တော့ကြောင်း မြို့တော်ဝန်က ဆိုပါတယ်။

အဲဒီ ဘတ်စ်ကားဟာ ဗင်းနစ်နဲ့ အနီးမှာရှိတဲ့ မာဂရီရာ ရွက်ဖျင်တဲ ခရီးစဉ် စခန်းတို့ကြား သွားလာဖို့ ကမ္ဘာလှည့် ခရီးသည်တွေက စင်းလုံးငှားထားတာလို့ ယုံကြည်ရပါတယ်။ ညပိုင်းမှာ ဗင်းနစ်ကနေ ထွက်ခွာပြီး ရွက်ဖျင်တဲ စခန်းဆီ ဘတ်စ်ကား ပြန်လာနေချိန်မှာ အခုဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့တာပါ။

ဒေသခံ မီဒီယာ တချို့က ဘတ်စ်ကားဟာ လောင်စာအဖြစ် မီသိန်းဓာတ်ငွေ့ကို အသုံးပြုပြီး တံတားပေါ်က ပြုတ်ကျတဲ့အချိန် ဓာတ်အိုးပေါက်ကွဲလို့ မီးစွဲလောင်ခဲ့တာလို့လည်း ဖော်ပြထားကြပါတယ်။

ဒဏ်ရာရသူ ၁၈ ဦးထက်မနည်း ရှိတယ်လို့ ယူဆရပြီး ၅ ဦးရဲ့ အခြေအနေက စိုးရိမ်ရသလို ပြည်ထဲရေးဝန်ကြီး မက်တီယို ပီယန်တီဒိုဆီက အသေအပျောက်စာရင်း မြင့်တက်လာနိုင်သေးတယ်လို့ သတိပေးထားပါတယ်။

အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ဖြစ်စဉ်မှာ ထိခိုက်ခံစားရတဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲ စုံစမ်းမှု အစီရင်ခံချက်တွေကို မျက်ခြေမပြတ် နားစွင့်နေတယ်လို့ ပြောပါတယ်။ ဗင်းနစ် ရဲတပ်ဖွဲ့က ဘတ်စ်ကားမှာ ဘယ်လို ပြဿနာ ဖြစ်ခဲ့သလဲ ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ အပူတပြင်း ဆောင်ရွက်နေဆဲလို့ မှတ်ချက်ပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။