Connect with us

Hi, what are you looking for?

သတင်း

မကွေးမြသလွန်ဘုရားပွဲမှာ ဂေါပကအဖွဲ့လွှတ်တင်တဲ့ မီးပုံးပျံ ယမ်းစပြုတ်ကျပြီး နေအိမ်မီးလောင်

မကွေးမြသလွန်ဘုရားပွဲမှာ ဂေါပကအဖွဲ့လွှတ်တင်တဲ့ မီးပုံးပျံက ယမ်းစပြုတ်ကျပြီး နေအိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

(မီးလောင်ခဲ့သောနေအိမ်အား မီးငြှိမ်းသတ်နေစဥ်။ ဓါတ်ပုံံ-Screen Grab)

အောက်တိုဘာ-၂၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မကွေးမြသလွန်ဘုရားပွဲမှာ ဂေါပကအဖွဲ့လွှတ်တင်တဲ့ မီးပုံးပျံက ယမ်းစပြုတ်ကျပြီး နေအိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့က အောက်တိုဘာ ၂၅ ရက် ည ၇ နာရီခွဲခန့်က မကွေးမြို့၊ မြသလွန်ဘုရားမှာ ဂေါပကအဖွဲ့က လွှတ်တင်လိုက်တဲ့ မီးပုံးပျံတွေထဲကနေ ယမ်းစနဲ့ မီးပွားတွေ ပြုတ်ကျပြီး ကမ်းနားလမ်းက နေအိမ် ၁ လုံးပေါ်ကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“အိမ်ရှေ့ဆိုင်ခန်း မီးစွဲလောင်တာ။ ငြှိမ်းလိုက်နိုင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးပါဘူး။

အလားတူ မြသလွန်ဘုရားပွဲကွင်းထဲမှာလည်း မီးပုံးပျံက ယမ်းစတွေ လွင့်စင်ကျလာလို့ ဆိုင်ခန်းတွေပေါ် ရေတွေဖြန်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မကွေးမြို့ပေါ်မှာ ဘုရားပွဲနဲ့ အေးချမ်းနေသယောင် ပြုလုပ်ခိုင်းထားပြီး မကွေးတိုင်းထဲက ဒေသတချို့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

မကွေး မြသလွန်ဘုရားပွဲကို အောက်တိုဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၉ ရက်အထိ ရက် ၂၀ ကျော်ကြာ ကျင်းပသွားမှာဖြစ်ပြီး မီးပုံးပျံတွေပါ ဆက်လက်လွှတ်တင်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

အလားတူ အပူပိုင်းဒေသ​ဖြစ်တဲ့ ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းဒေသမှာလည်း ယခုသီတင်းကျွတ်ကာလမှာပဲ မီးပုံးပျံ ၃၀၀၀ဝ လွှတ်မယ့်အစီအစဥ်ရှိနေတာကြောင့် ရှေးဟောင်းအမွေအနှစ်တွေအတွက် အန္တရာယ်ရှိနေကြောင်း ပညာရှင်တွေက ထောက်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မီးလောင်မှုကြာချိန်ကို မီးသတ်လိမ်လည်ထုတ်ပြန်

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ခြင်ဆေးခွေထွန်းရာက မီးစလောင်ခဲ့ပြီး နေအိမ် ၂လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ စက်သုံးဆီဆိုင်မီးလောင်မှုကို မြို့ခံမီးသတ်တပ်ဖွဲ့က မနိုင်တဲ့အတွက် တရုတ်နိုင်ငံ မီးသတ်က လာ‌ရောက် ငြှိမ်းသတ်ပေးရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်၊ ပခမ်းရပ်ကွက်ရှိ ကမ်းနားကြီးပွဲရုံတန်း ဒီနေ့( အောက်တိုဘာလ ၁၄ ရက်)မနက်အစောပိုင်းမှာမီးလောင်မှုဖြစ်ပွားပြီးပျက်စီးဆုံးရှုံးမှုများပြားခဲ့တယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။