Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်တပ်ရဲ့ ရာထူးကြီးတွေမှာ လူအပြောင်းအလဲလုပ်ဖို့ စဉ်းစားနေကြောင်း ယူကရိန်းသမ္မတပြော

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ရာထူးကြီးတွေမှာ လူအပြောင်းအလဲလုပ်ဖို့ စဉ်းစားနေကြောင်း ယူကရိန်းသမ္မတပြော
စစ်တပ်ရဲ့ ရာထူးကြီးတွေမှာ လူအပြောင်းအလဲလုပ်ဖို့ စဉ်းစားနေကြောင်း ယူကရိန်းသမ္မတပြော

စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးတွေမှာ အပြောင်းအလဲတွေ ကြီးကြီးမားမား လုပ်ဆောင်ဖို့ စဉ်းစားနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြုခဲ့ပါတယ်။

ယူကရိန်း စစ်တပ်ရဲ့ အကြီးအကဲဖြစ်သူ ဗယ်လာရီ ဇာလုဇ်ညီကို ရာထူးကနေ ထုတ်ပယ်ဖွယ် ရှိနေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေချိန်မှာ အဲဒီကိစ္စ ဖြစ်လာနိုင်ခြေကို ဇီလန်စကီးက သွယ်ဝိုက် အသိအမှတ်ပြုတဲ့ သဘောမျိုး ပြောသွားခဲ့တာပါ။

ဇာလုဇ်ညီဟာ ယူကရိန်း စစ်တပ်ရဲ့ လေးစားခြင်းကို ခံရတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ပေမယ့်လည်း မျှော်မှန်းထားသလောက် မအောင်မြင်ခဲ့တဲ့ တန်ပြန်ထိုးစစ် အစီအမံတွေနဲ့ ပတ်သက်လို့ ဇီလန်စကီးနဲ့ ဆက်ဆံရေး ပြိုကွဲခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အီတလီ သတင်းဌာန RAIနဲ့ အင်တာဗျူးမှာတော့ ဇီလန်စကီးက ဇာလုဇ်ညီကို ထုတ်ပယ်မလားဆိုတဲ့ မေးခွန်းကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဖြေကြားသွားပါတယ်။ ယူကရိန်းအတွက် အပြောင်းအလဲသစ်တွေ အစပြုဖို့ လိုနေပြီဖြစ်ကြောင်း၊ ဒါဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းနဲ့ မဆိုင်ဘဲ တစ်နိုင်ငံလုံးရဲ့ ဦးဆောင်မှုကဏ္ဍ လမ်းကြောင်းကို ပြောင်းလဲဖို့အထိ တွေးရမှာဖြစ်ကြောင်း၊ အဲဒီအတွက်လည်း အစားထိုးမှုတွေကို သူက စဉ်းစားနေပြီး လူတစ်ဦး တစ်ယောက်တည်းရဲ့ ရာထူးကို အပြောင်းအလဲ လုပ်မယ်လို့တော့ မယူဆစေလိုကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ရုရှားတပ်တွေက ယူကရိန်းကို ကျူးကျော်လာတဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ မတိုင်ခင်မှာ ဇာလုဇ်ညီကို ဇီလန်စကီးကိုယ်တိုင် ယူကရိန်း ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဇာလုဇ်ညီကို ရာထူးကနေ ဖယ်ရှားမယ့် ဇီလန်စကီးရဲ့ အစီအမံတွေဟာ စစ်ရေးထက် နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေးအပေါ် ပိုမို မူတည်နေတယ်လို့ အတိုက်အခံတွေက စွပ်စွဲနေပေမယ့် သမ္မတကတော့ ငြင်းဆိုသွားခဲ့ပါတယ်။

ဇီလန်စကီးက သူ့ရဲ့ အကြီးစား ပြင်ဆင်ဖွဲ့စည်းရေး အစီအမံတွေကြောင့် မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ကြောင်း ဝေဖန်မှုတွေကိုလည်း ငြင်းဆိုသွားပါတယ်။ ဒါ့အပြင် စစ်တပ် ခေါင်းဆောင်ပိုင်းတွေတင် မကဘဲ အစိုးရ အဖွဲ့ထဲက တခြားကဏ္ဍတွေမှာပါ အပြောင်းအလဲတွေ ကြီးကြီးမားမား ဖြစ်လာနိုင်တယ်လို့လည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

ဇာလုဇ်ညီကိုသာ ရာထူးကနေ အမှန်တကယ် ထုတ်ပယ်ခဲ့မယ်ဆိုရင် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဆက်ခံဖို့ ရေပန်းအစားဆုံးအဖြစ် ကြည်းတပ် ဦးစီးချုပ် အိုလက်ခ်ဆန်ဒါ ဆာစကီးနဲ့ ယူကရိန်း စစ်ထောက်လှမ်းရေး အကြီးအကဲ ကိုင်ရီလို ဘူဒါနော့ဗ်တို့က ထင်ကြေးပေး ခံထားရပါတယ်။

ကိုးကား: RAI

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။