Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရာထူးက ရုတ်တရက် နုတ်ထွက်

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရာထူးက ရုတ်တရက် နုတ်ထွက်
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရာထူးက ရုတ်တရက် နုတ်ထွက်

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နျူကူရာဟာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။

ညွန့်ပေါင်း အစိုးရ အတွင်းမှာ ဖွဲ့စည်းပုံတွေ ပြန်လည် ပြင်ဆင် သတ်မှတ်ချိန်မှာ ပန်ပရီဟာ တွဲဖက် ရယူထားတဲ့ ဒုတိယ ဝန်ကြီးချုပ် နေရာကို ဆုံးရှုံးသွားပြီးတဲ့နောက် အခုလို နိုင်ငံခြားရေး ဝန်ကြီးအဖြစ်ကနေ ရုတ်တရက် နုတ်ထွက်သွားတာလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ သတင်းတွေကို လတ်တလော အတည်ပြုဖို့ ခက်ခဲနေသလို ဘာဟစ်ဒါ ဘာကြောင့် နုတ်ထွက်သလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ သူဟာ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆန်ဆီကို နုတ်ထွက်လိုကြောင်း တရားဝင် အကြောင်းကြားစာတစ်စောင် ဧပြီ ၂၈ ရက်မှာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ လောလောဆယ်မှာ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးနိုင်သေးဘူးလို့ ပြောပါတယ်။ အတွင်းလူတချို့ရဲ့ အဆိုအရ အစိုးရ အဖွဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရာမှာ သူ့ကို ဒုတိယ ဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ထုတ်လိုက်တာဟာ စွမ်းဆောင်ရည်ပိုင်း အားနည်းချက်ကြောင့် လုံးဝ မဟုတ်ဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ထိုင်းရဲ့ နိုင်ငံခြားရေးနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ကဏ္ဍတွေမှာ စိတ်အား ထက်ထက်သန်သန် ကြိုးစား ဆောင်ရွက်ခဲ့ကြောင်း၊ သူဟာ အလုပ်တာဝန်တွေကို ရိုးရိုးသားသားနဲ့ ပျော်ပျော်ရွှင်ရွှင် ဆောက်ရွက်ခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိစေခဲ့ကြောင်း၊ သူတာဝန်ယူခဲ့စဉ်ကာလ စွမ်းဆောင်မှုတွေကိုလည်း အစိုးရက အသိပေး ကြေညာထားပြီးဖြစ်ကြောင်း ပန်ပရီက သူ့ရဲ့ နုတ်ထွက်လိုကြောင်း အဆိုပြုချက်မှာ ရေးသားထားခဲ့ပါတယ်။

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

ဆရက်သာရဲ့ အသစ်ဖွဲ့စည်းထားတဲ့ အစိုးရကို ထိုင်းဘုရင်က အသိအမှတ်ပြု လက်ခံခဲ့ပြီး ဖြစ်တယ်လို့ ထိုင်းရဲ့ တော်ဝင်ဂေဇက် သတင်းစကာ ဧပြီ ၂၈ ရက် မနက်ပိုင်းမှာ ဖော်ပြထားပြီး အစိုးရ အဖွဲ့ထဲမှာ ပန်ပရီကို နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့သာ ဖော်ပြထားပြီး ဒုတိယ ဝန်ကြီးချုပ်အဖြစ် ရည်ညွှန်းမထားတာကို တွေ့ရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။