Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမှာ F-16 တိုက်လေယာဉ်တွေ ပထမဆုံးအကြိမ် စစ်ဆင်ရေးအဆင့် ပျံသန်း

ယူကရိန်းဟာ အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ F-16 တိုက်လေယာဉ်တွေကို ပထမဆုံးအကြိမ် စစ်ဆင်ရေးတွေမှာ လက်တွေ့ အသုံးပြုနေပြီလို့ သိရပါတယ်။

F-16တွေဟာ ယူကရိန်း လေတပ်က အဓိက မှီခိုနေရတဲ့ ဆိုဗီယက် ဒီဇိုင်းနဲ့ လေယာဉ် အဟောင်းတွေထက် နည်းပညာပိုင်း အများကြီး ပိုမြင့်မားသလို တိုက်ခိုက်ရေး စွမ်းရည်လည်း ပိုထက်မြက်ပါတယ်။ ယူကရိန်း အစိုးရဟာ အဲဒီ အပေါ့စား တိုက်လေယာဉ်တွေ ရရှိရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ဝင်တွေဆီ လပေါင်းများစွာ တောင်းဆိုခဲ့တဲ့နောက် အခုအခါ လက်တွေ့ အသုံးချနိုင်တဲ့ အနေအထားထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက F-16တွေဟာ ရုရှားရဲ့ လေကြောင်းကနေ ကျူးကျော်မှုတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်စေမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး လေယာဉ်တွေ ပိုမို ဖြည့်တင်း ထောက်ပံ့ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ပထမအသုတ် F-16တွေဟာ ဩဂုတ်လဆန်းမှာ ယူကရိန်းကို ရောက်ရှိလာခဲ့ပြီး လကုန်ပိုင်းမှာတော့ ပထမဆုံးအကြိမ် လက်တွေ့ တိုက်ပွဲဝင်နေပြီလို့ ယူကရိန်း စစ်တပ်ရဲ့ အမည်မဖော်လိုတဲ့ ထိပ်ပိုင်း အရာရှိ တစ်ဦးက အတည်ပြု ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက ယူကရိန်းရဲ့ မြို့ကြီးတွေထဲက ဓာတ်အားပေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်လာတဲ့ ကာလမျိုးမှာ F-16တွေကို လက်တွေ့ အသုံးပြုလာနိုင်ပြီဆိုတဲ့ သတင်းဟာ ယူကရိန်းအတွက် အားတက်စရာတော့ ဖြစ်လာပါတယ်။

ယူကရိန်း စစ်ဘက် အရာရှိက F-16တွေဟာ တိုက်ပွဲဝင်ပြီး ရန်သူ ပစ်မှတ်တွေကို လက်တွေ့ ဖျက်ဆီးပစ်နိုင်ပြီး First Kill ရရှိထားပြီး ဖြစ်တယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် ပေးမသွားခဲ့ပါဘူး။

လက်ရှိမှာတော့ ယူကရိန်းဟာ ရုရှားပိုင်နက်ထဲထိ ဝင်ရောက်ထိုးဖောက်တဲ့ စစ်ဆင်ရေး လှုပ်ရှားမှု တစ်ခုကို အကောင်အထည် ဖော်နေပြီး ပိုပြီး ထိရောက်တဲ့ အောင်ပွဲတွေ ရရှိစေဖို့အတွက် အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ ခေတ်မီ စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာ လွတ်လွတ်လပ်လပ် အသုံးချခွင့်ပြုဖို့ ယူကရိန်းက အပူတပြင်း တောင်းဆိုနေပါတယ်။

ကိုးကား: USA Today⁩

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးမှာ တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။