Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATO အဖွဲ့ထဲ ဝင်ခွင့်ရရင် ဆုံးရှုံးနယ်မြေတွေ စွန့်လွှတ်ဖို့ လတ်တလော လက်ခံပေးထားမယ်လို့ ယူကရိန်း သမ္မတပြော

NATO စစ်မဟာမိတ် အဖွဲ့ထဲ ယူကရိန်း ဝင်ခွင့်ရမယ်ဆိုရင် ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို လတ်တလော စွန့်လွှတ်ပေးထားဖို့ သူ့အနေနဲ့ လက်ခံပေးနိုင်မယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

NATO စစ်မဟာမိတ် အဖွဲ့ထဲ ယူကရိန်း ဝင်ခွင့်ရမယ်ဆိုရင် ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို လတ်တလော စွန့်လွှတ်ပေးထားဖို့ သူ့အနေနဲ့ လက်ခံပေးနိုင်မယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ဇီလန်စကီးက ယူကရိန်းကို NATO အဖွဲ့ဝင် ဖြစ်ခွင့်အတွက် ကမ်းလှမ်း လက်ခံမှုဟာ လက်ရှိ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ အဆိုးဆုံး အဆင့်တွေကို ကျော်လွှားနိုင်မယ့် ရွေးချယ်မှုလို့ ဆိုပါတယ်။ အပြန်အလှန် အနေနဲ့ သူကလည်း ရုရှားတပ်တွေ လေလောဆယ် ထိန်းချုပ်ထားရာ ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေကို လက်လွှတ်ထားဖို့ ယာယီ သဘောတူနိုင်လိမ့်မယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ဒါပေမဲ့ ဇီလန်စကီးဟာ NATO အဖွဲ့ဝင် ဖြစ်ခွင့်အတွက် ရုရှားဆီ ယူကရိန်း နယ်မြေတွေ ထာဝရ ပေးအပ်လိုက်မယ်ဆိုတဲ့ သဘောမျိုး အလဲအလှယ် ကမ်းလှမ်းတာတော့ မရှိခဲ့ပါဘူး။

အမေရိကန် သမ္မတ ဖြစ်လာမယ့် ဒေါ်နယ်လ်ထရမ့်ကလည်း ယူကရိန်းဟာ ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စွန့်လွှတ်ပေးပြီး NATO အဖွဲ့ဝင် ဖြစ်လာမယ်ဆိုရင် စစ်ပွဲကို အဆုံးသတ်ဖို့ ကောင်းမွန်တဲ့ အခင်းအကျင်း ဖြစ်လောက်တယ်လို့ မှတ်ချက်ပေးထားဖူးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲရဲ့ အခက်ထန် အပြင်းပြဆုံး အပိုင်းတွေကို ကျော်လွှားဖို့ဆိုရင် ယူကရိန်းဟာ NATOရဲ့ အမိုးအကာအောက်မှာ ရှိနေဖို့ လိုအပ်ကြောင်း၊ ဒီအချက်ကို မြန်မြန်ဆန်ဆန် လုပ်ဆောင်သင့်ကြောင်း၊ နောက်ပိုင်းကျရင်တော့ ယူကရိန်းဟာ သိမ်းယူခံထားရတဲ့ နယ်မြေတွေ ပြန်လည် ရရှိနိုင်ရေးအတွက် သံတမန်ရေး နည်းလမ်းနဲ့ ဆက်လက် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဇီလန်စကီးက Sky သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

သူက သိမ်းဆည်းမခံရသေးတဲ့ ယူကရိန်း နယ်မြေတွေဟာ NATOရဲ့ အကာအကွယ်ပေး အာမခံမှုကို ရရှိဖို့ လိုနေပြီဖြစ်ကြောင်း၊ မဟုတ်ရင် လက်ရှိ စစ်ပွဲ ပြီးသွားရင်တောင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နောက်တစ်ကြိမ် ကျူးကျော်လာနိုင်ခြေ ရှိနေကြောင်းလည်း ဆိုပါတယ်။

သူက အမေရိကန်မှာ ထရမ့် သမ္မတ ဖြစ်လာတဲ့ အချိန်ကျရင် တိုက်ရိုက်ကျကျ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း၊ ထရမ့်ရဲ့ ဘေးမှာ လူအမျိုးမျိုး၊ စကားအမျိုးမျိုး ရှိနေနိုင်ပြီး အဲဒါကြောင့် ယူကရိန်း-အမေရိကန် ဆက်ဆံရေး ပျက်စီးအောင် ဘယ်သူက သွေးထိုးတာမျိုးကိုမှ လက်မခံဘဲ တားဆီးဖို့ အရေးကြီးကြောင်းလည်း ဇီလန်စကီးက မှတ်ချက် ပေးသွားခဲ့ပါတယ်။

ရုရှားဟာ ၂၀၂၂ ခုနှစ်မှာ ကျူးကျော်စစ် စတင်ခဲ့တဲ့နောက်ပိုင်း ယူကရိန်း နယ်မြေ ၂၀ ရာခိုင်နှုန်း နီးပါးလောက်ထိကို ထိန်းချုပ်ထားပါတယ်။ ဇီလန်စကီးကတော့ ရုရှားရဲ့ နယ်မြေ သိမ်းယူမှုတွေဟာ လုံးဝ တရားမဝင်ဘူးလို့ ကန့်ကွက်ထားပြီး ငြိမ်းချမ်းရေး ရဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ယူကရိန်းဟာ အချုပ်အခြာအာဏာ ပိုင်နက် တစ်လက်မတောင် အဆုံးရှုံး မခံနိုင်ကြောင်း အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။