Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်နဲ့ တရုတ်သမ္မတ ဘေဂျင်းမှာ တွေ့ဆုံ

တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာတို့ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာတို့ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။

တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဘေဂျင်းမှာရှိတဲ့ ပြည်သူ့ခန်းမဆောင်မှာ ရှီနဲ့ ဖေထောင်ထန်တို့ လက်စွဲ နှုတ်ဆက်နေတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့၊ ဖေထောင်ထန်ရဲ့ ဘေဂျင်း ခရီးစဉ်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေပြီး တရုတ်နိုင်ငံသားတွေအပေါ် နစ်နာ ထိခိုက်မှုတွေ ဖြစ်ပေါ်နေစေတဲ့ တရားမဝင် အွန်လိုင်း ကာစီနိုတွေနဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်ရေး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် အဓိက ရည်ရွယ်ဟန် ရှိပါတယ်။

ဖေထောင်ထန်က သူဟာ တရုတ်ခရီးစဉ်အတွင်း သမ္မတရှီအပြင် တရုတ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရှောင်လိကျီနဲ့ပါ တွေ့ဆုံပြီး နှစ်နိုင်ငံကြား ကျယ်ပြန့်တဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးသွားမှာဖြစ်ကြောင်း ကြိုတင် ပြောဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

သူက တရုတ် ကမ္ဘာလှည့် ခရီးသွားတွေ ထိုင်းနိုင်ငံကို သွားရောက်ဖို့ တွန့်ဆုတ်သွားစေတဲ့ အွန်လိုင်း လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းတွေ အရေးဟာလည်း အလေးအနက် ထည့်ဆွေးနွေးရမယ့် ကိစ္စတစ်ခုလို့ မှတ်ချက် ပေးထားခဲ့ပါတယ်။

နောက်ပြီး ခရီးစဉ် အတောအတွင်း နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာ (MoU)ပေါင်း ၁၄ ခုလောက်ကို ထိုင်းနဲ့ တရုတ် ခေါင်းဆောင်တွေ ပူးပေါင်း လက်မှတ် ရေးထိုးမှာ ဖြစ်တယ်လို့လည်း ဖေထောင်ထန်က ကြိုတင် ပြောကြားထားပါတယ်။

Bangkok Post သတင်းဌာနရဲ့ အဆိုအရ အဲဒီ နားလည်မှု စာချွန်လွှာတွေထဲမှာ ထိုင်း-တရုတ် မြန်နှုန်းမြင့် မီးရထားလမ်း ပရောဂျက်နဲ့ လာအိုထိ ဆက်သွယ်မယ့် ရထားလမ်း ဖောက်လုပ်ရေး အစီအစဉ်တွေ ပါဝင်မယ်လို့ သိရပါတယ်။

ဖေထောင်ထန်ဟာ ဘေဂျင်း ခရီးစဉ်အတွင်း တရုတ်နိုင်ငံ အခြေစိုက် ထိုင်း-တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရေးအပြင် ထိုင်းနိုင်ငံမှာ မွေးမြူ ပြသထားနိုင်မယ့် ပန်ဒါ ဝက်ဝံ တစ်စုံ ငှားရမ်းခွင့်ရရေး ကိစ္စတွေကိုပါ ထည့်သွင်း ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့ကျရင်တော့ ဖေထောင်ထန်ဟာ ဟာဘင်မြို့ကို သွားရောက်ပြီး ၂၀၂၅ ခုနှစ် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်မှာဖြစ်ပြီး ထိုင်းအားကစားသမားတွေ၊ ပရိသတ်တွေနဲ့ပါ တွေ့ဆုံသွားမယ်လို့လည်း သိရပါတယ်။

ကိုးကား: Xinhua/ Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေ လူချင်းတွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အီဂျစ် ခရီးစဉ်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆက်ဆံရေးကဏ္ဍ မြှင့်တင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း အီဂျစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။