Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွန်ခရန် ပွဲတော်အပြီး ကိုဗစ်ကူးစက်နှုန်း မြင့်တက်လာနိုင်ကြောင်း ထိုင်းဗိုင်းရပ်စ်ဗေဒ ပညာရှင် သတိပေး

ဆွန်ခရန် ပွဲတော်ကာလ ပြီးရင် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာနိုင်ကြောင်း ထိုင်းကျန်းမာရေးသိပ္ပံ ပညာရှင် တစ်ဦးက သတိပေး ပြောကြားသွားခဲ့ပါတယ်။

ဆွန်ခရန် ပွဲတော်ကာလ ပြီးရင် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာနိုင်ကြောင်း ထိုင်းကျန်းမာရေးသိပ္ပံ ပညာရှင် တစ်ဦးက သတိပေး ပြောကြားသွားခဲ့ပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ ထင်ရှားတဲ့ ဗိုင်းရပ်စ်ဗေဒ ပညာရှင် တစ်ဦးဖြစ်တဲ့ ပါမောက္ခကြီး ယောင်ပူဗိုရာဝမ်က ရှည်ရှည်လျားလျား သတ်မှတ်ထားတဲ့ ဆွန်ခရန် ရုံးပိတ်ရက် ကာလအပြီးမှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာနိုင်တဲ့ အခြေအနေကို ကြိုတင်တွေးတော ပြင်ဆင်ထားကြသင့်တယ်လို့ ဧပြီ ၁၃ ရက်နေ့က ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း ဆွန်ခရန် ပွဲတော်အပြီးမှာ ကိုဗစ်ကူးစက်နှုန်း သိသိသာသာ ထိုးတက်ခဲ့ပြီး ကနဦး လေ့လာ ဆန်းစစ်ချက်တွေအရ အခုနှစ်မှာလည်း အလားတူ အခြေအနေ ကြုံနိုင်တယ်လို့ သူက Facebookမှာ ရေးသားထားခဲ့ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ဟာ လူစုလူဝေး ကျပ်ညပ်နေတဲ့ အခြေအနေတွေမှာ ပိုပြီး ကူးစက်လေ့ ရှိတာကြောင့် နိုင်ငံရဲ့ အကြီးဆုံး ပွဲတော်ဖြစ်ပြီး ကမ္ဘာအနှံ့က ဧည့်သည်တွေပါ စုဝေးရောက်ရှိလာတဲ့ ဆွန်ခရန်မှာ ကူးစက်နှုန်း မြင့်တက်သွားတာ ပုံမှန်ဖြစ်တယ်လို့ ပါမောက္ခ ယောင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး တုပ်ကွေးလို ရာသီပေါ် ဗိုင်းရပ်စ်တွေဟာ မိုးရာသီမှာ ပိုပြီး ကူးစက်နှုန်း မြင့်တက်ပေမယ့် ကိုဗစ်ကတော့ နှစ်စဉ် ဆွန်ခရန် ပွဲတော်ကာလမှာ ပိုပြီး ကူးစက်နှုန်း အားကောင်းလေ့ ရှိတတ်တယ်လို့ သူက ထောက်ပြထားပါတယ်။

တစ်ချိန်က လူ့အသက်တွေ သန်းနဲ့ချီ ဆုံးရှုံးစေခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါကြီး အဆင့်ထိ ရောက်ခဲ့ဖူးတဲ့ ကိုဗစ်ရောဂါဟာ အခုတော့ အဲဒီလောက် အန္တရာယ် မကြီးတော့ပေမယ့်လည်း သက်ကြီးရွယ်အိုတွေ၊ ခုခံအား နည်းတဲ့ နာတာရှည်ရောဂါ အခံရှိသူတွေကို ခြိမ်းခြောက်နိုင်ဆဲ ဖြစ်တယ်လို့ သူက သတိပေးခဲ့ပါတယ်။

ပါမောက္ခယောင်က ကိုဗစ်ဟာ တုပ်ကွေးဗိုင်းရပ်စ်ထက် ပိုပြီး လွယ်လွယ်ကူကူ ကူးစက်နိုင်စွမ်း ရှိပေမယ့် ပြင်းထန်မှု တူရင်တောင် သေဆုံးနိုင်ခြေကတော့ အခုအခါ ကိုဗစ်ဟာ တုပ်ကွေးထက် ပိုနည်းပါးသွားပြီလို့လည်း ပြောပါတယ်။

ဒါပေမဲ့လည်း ပေါ့ဆတာမျိုး မဟုတ်ဘဲ ဆွန်ခရန်ပွဲတော် အလွန်မှာ ရောဂါကူးစက်မှု မြင့်တက်လာနိုင်ခြေကို နိုးနိုးကြားကြား စောင့်ကြည့်ပြီး အထူးသဖြင့် ရောဂါဒဏ် ခံစားရနိုင်ခြေ ပိုမြင့်မားတဲ့ လူတန်းစားတွေရဲ့ ကျန်းမာရေးကို ပိုပြီး သတိထားသင့်တယ်လို့ အကြံပြုထားခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်တွေ၊ အဝလွန်နေသူတွေလည်း တကယ်လို့ ကိုဗစ်ကူးစက် ခံရရင် ကျန်းမာရေး ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုတွေ အလေးထား ခံယူဖို့ တိုက်တွန်းထားပါတယ်။

၂၀၁၉ နှစ်ကုန်ပိုင်းတုန်းက တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့လာခဲ့တဲ့ ကိုဗစ်ရောဂါဟာ ကမ္ဘာ့ကပ်ရောဂါကြီး အဆင့်ထိ ရောက်ရှိခဲ့ဖူးပြီး အဆိုးဆုံး ကာလတွေအတွင်း ၇ သန်းကျော်ကို အသက်ဆုံးရှုံးစေခဲ့ပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်အာဏာသိမ်းမှု ထပ်ဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ထိုင်းစစ်တပ်က နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအတွက် အာရုံစူးစိုက်ထားကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုင်းပြည်သူတွေအားလုံး စည်းလုံးကြဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကြိုတင် သတိပေးထားတဲ့အတိုင်း ထိုင်းဖက်က တင်သွင်းတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ကမ္ဘောဒီးယားက ပိတ်ပင်လိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ လုံခြုံရေးယူ စောင့်ကြပ်နေတဲ့ စစ်သားတွေကို အားပေးမှုအဖြစ် ထိုင်းဘုရင်က လက်ဆောင်တွေ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းဖက်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်မဖွင့်ရင် ကမ္ဘောဒီးယားကလည်း နယ်စပ်ဂိတ်တွေကို ပိတ်ပစ်မယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက ခြိမ်းခြောက်လိုက်ပါတယ်။