Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ကိုဗစ်ကြောင့် တစ်ပတ်အတွင်း ၆ ဦးသေ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

Reuters

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ ဆေးပညာ ဌာနမှာ အလုပ်လုပ်နေတဲ့ ဗိုင်းရပ်စ် ပညာရှင် ဒေါက်တာ သီရာ ဝိုရတ်တာနာရတ်က နိုင်ငံရဲ့ ရောဂါ တားဆီး ထိန်းချုပ်ရေးဌာန (DDC)ရဲ့ အချက်အလက်တွေကို ကိုးကားပြီး လက်ရှိ ကိုဗစ် ကူးစက်မှုတွေဟာ သတိထားသင့်တဲ့ အခြေအနေရှိကြောင်း အခုသီတင်းပတ် အစောပိုင်းတုန်းက Facebookမှာ ရေးသားထားခဲ့ပါတယ်။

မေလ ၄ ရက်ကနေ ၁၀ ရက်အတွင်း ထိုင်းမှာ ကိုဗစ်လူနာ ၁၆၆၀၇ ဦး တွေ့ရှိခဲ့ပြီး အဲဒီမတိုင်ခင် တစ်ပတ်ကထက် ၂၀၀၀ နီးပါး တိုးလာကြောင်း သူက ထောက်ပြထားခဲ့ပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူဟာ ၆ ဦးထိ ရှိခဲ့တယ်လို့လည်း မေလ ၁၃ ရက်နေ့မှာ ဒေါက်တာ သီရာက ပြောပါတယ်။

ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနက အစောပိုင်းမှာ ကြေညာထားခဲ့တဲ့ အခြေအနေနဲ့ ဆန့်ကျင်စွာပဲ DDCရဲ့ အချက်အလက်တွေအရ ကိုဗစ်ရောဂါဟာ ကူးစက်နှုန်း ပိုတိုးလာနေတာကို တွေ့မြင်နိုင်ကြောင်း သူက ထောက်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ နောက်ထပ် ဗိုင်းရပ်စ် ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာ ယွန်ပူဗိုရာဝန်ကလည်း နောက်ဆုံး မျိုးဗီဇ ပြောင်းလဲလာတဲ့ ဗိုင်းရပ်စ်ဟာ ကူးစက်နှုန်း ပိုမြင့်လာကြောင်း၊ ဒါပေမဲ့ အများအားဖြင့် ရောဂါလက္ခဏာ အနည်းအကျဉ်းလောက်ပဲ ပြသပြီး တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် ကုသနည်းတွေကိုပဲ ယေဘုယျ အသုံးပြုနိုင်ကြောင်း Facebookမှာ မှတ်ချက်ပေးထားပါတယ်။

ဗိုင်းရပ်စ် အသစ်ဟာ မျိုးဗီဇ ဆင့်ကဲပြောင်းလဲသွားပြီ ဖြစ်တာကြောင့် ရှိရင်းစွဲ ကာကွယ်ဆေးတွေနဲ့ တိုက်ရိုက် ဟန့်တားဖို့ မထိရောက်တော့ဘူး ဆိုပါတယ်။ ဒါပေမဲ့ တစ်ချိန်က ကမ္ဘာ့ ကပ်ရောဂါဆိုးကြီး အဆင့်ထိ ရောက်ရှိခဲ့တဲ့ ဗိုင်းရပ်စ်မျိုးလည်း မဟုတ်တော့ပါဘူး။ အခု တွေ့ရှိချက်တွေကြောင့် ထိုင်းမှာတော့ ဆေးရုံတွေအတွက် ကိုဗစ် ကာကွယ်ဆေး ဝယ်ယူမှုတွေကို လျှော့ချထားလိုက်ကြောင်း သိရပါတယ်။

ဘန်ကောက် မြို့တော်မှာတော့ ဧပြီ ၂၇ ကနေ မေ ၃ ရက်နေ့ထိ ရက်သတ္တပတ်အတွင်း ကူးစက်လူနာ ဦးရေဟာ ၂၉၆၇ ဦး ရှိခဲ့ပြီး တစ်နည်းအားဖြင့် လူ ၁၀၀၀၀၀ မှာ ၅၄ ယောက် ကူးစက် ခံရတဲ့ အဓိပ္ပါယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ နိုင်ငံခြားသား ၅၈၆ ဦး ပါဝင်ခဲ့ပါတယ်။ စာသင်နှစ်အသစ် ပြန်စတော့မယ့် အချိန်မှာ ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေတာကြောင့် ကျောင်းတွေ ဖွင့်တဲ့အချိန် ကလေးတွေကြား ကူးစက်မှုတွေ ကြုံလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပြီး လိုအပ်တဲ့ အစီအမံတချို့ကို ပြင်ဆင် လုပ်ဆောင်ထားမယ်လို့ ဆိုပါတယ်။

မှတ်တမ်းမှတ်ရာတွေအရ ထိုင်းမှာတော့ ဆွန်ခရန် ပွဲတော်အပြီး ဧပြီလ နှောင်းပိုင်းလောက်မှာ ကိုဗစ် ကူးစက်နှုန်းက နှစ်စဉ် မြင့်တက်လေ့ ရှိပါတယ်။

၂၀၁၉ ခုနှစ် နှောင်းပိုင်းတုန်းက တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြိုကနေ စတင်ပျံ့နှံလာတဲ့ ကိုရိုနာ ဗိုင်းရပ်စ် အသစ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါကို နောက်ပိုင်းမှာ ကိုဗစ်လို နာမည် သတ်မှတ်ခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါကြီး အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ ကိုဗစ်ကြောင့် လူပေါင်း ၇ သန်းကျော် သေဆုံးခဲ့ကြောင်း မှတ်တမ်းတွေ ရရှိထားပြီး တကယ့် အသေအပျောက်ဟာ ၁၈ သန်းနဲ့ ၃၃ သန်းကြားထိ များပြားနိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးတွေနဲ့ ထိရောက်တဲ့ ကုထုံးတွေ ထွက်ပေါ်လာတဲ့နောက် ကိုဗစ်ဟာ ကပ်ရောဂါ အဆင့်ကနေ လျော့ကျသွားပြီး ရာသီအလိုက် ဖြစ်ပွားတဲ့ ရောဂါအဖြစ်တော့ ဆက်လက် တည်ရှိနေပါတယ်။ ကိုဗစ်ကြောင့် သေနှုန်း သိသိသာသာ ကျဆင်းသွားပေမယ့် သက်ကြီးရွယ်အိုတွေ၊ နာတာရှည် ရောဂါတွေနဲ့ တခြား ကိုယ်ခံအားဆိုင်ရာ ပြဿနာ ရှိနေသူတွေအတွက် ခြိမ်းခြောက်မှုတွေ ရှိနေဆဲလို ပညာရှင်တွေက သတိပေးထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။