Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်အင်အားကို ယူကရိန်းကိုယ်တိုင် ဆုံးဖြတ်သင့်ကြောင်း ဥရောပကော်မရှင် အကြီးအကဲပြော

စစ်ရပ်စဲရေး ဆွေးနွေးမှုတွေမှာ ယူကရိန်းရဲ့ စစ်တပ် ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ယူကရိန်း ကိုယ်တိုင်ပဲ ဆုံးဖြတ်ခွင့် ရှိသင့်ကြောင်း ဥရောပ ကော်မရှင် အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

စစ်ရပ်စဲရေး ဆွေးနွေးမှုတွေမှာ ယူကရိန်းရဲ့ စစ်တပ် ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ယူကရိန်း ကိုယ်တိုင်ပဲ ဆုံးဖြတ်ခွင့် ရှိသင့်ကြောင်း ဥရောပ ကော်မရှင် အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲရပ်စဲရေးကိစ္စ ညှိနှိုင်း အကောင်အထည်ဖော်ဖို့ ဥရောပ ခေါင်းဆောင်တွေနဲ့ အလွတ်သဘော တွေ့ဆုံမှုအပြီး နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန်က အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အနေနဲ့ ကိုယ့်စစ်အင်အား ဘယ်လောက်ရှိရမလဲ ဆိုတာကို ယူကရိန်း ကိုယ်တိုင်ပဲ ဆုံးဖြတ်ခွင့် ရသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါဟာ အစောပိုင်းတုန်းက အမေရိကန် အစိုးရက ယူကရိန်းဆီ ပေးပို့တဲ့ စစ်ရပ်စဲရေးအဆို ၂၈ ချက်ထဲမှာ ရုရှားက တောင်းဆိုတဲ့ ယူကရိန်း တပ်အင်အားကို ၆ သိန်းထက်ပိုပြီး ဖွဲ့စည်းခွင့် မပြုဘူးဆိုတဲ့ ကိစ္စကို ရည်ညွှန်းခြင်းလည်း ဖြစ်ပါတယ်။

စစ်ပွဲကို အဆုံးသတ်ရေး ဆွေးနွေးမှုတိုင်းမှာ ယူကရိန်းရဲ့ ပိုင်နက်နယ်မြေနဲ့ အချုပ်အခြာ အာဏာကို လေးစားပေးဖို့ လိုကြောင်း၊ နိုင်ငံရဲ့ လက်နက်ကိုင် တပ်အင်အားနဲ့ ပတ်သက်လို့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုဖြစ်တဲ့ ယူကရိန်းကသာ ဆုံးဖြတ်ခွင့် ရှိသင့်ကြောင်း၊ ယူကရိန်းရဲ့ ကံကြမ္မာကို ယူကရိန်းရဲ့ လက်နဲ့ပဲ ရွေးချယ်သင့်ကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဗွန်ဒါလီယန်က အမေရိကန် ကြားဝင်ညှိနှိုင်းပေးနေတဲ့ စစ်ရပ်စဲရေး ကိစ္စတွေမှာ ရှေ့ဆက် တိုးတက်လာမယ့် ခိုင်မာတဲ့ အခြေအနေကောင်းတွေ ရှိနေတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ရလဒ်တွေမှာ ယူကရိန်းရဲ့ အကျိုးအတွက် အကောင်းဆုံးဖြစ်မှာ သေချာအောင် ညီညီညွတ်ညွတ် စုပေါင်း ကြိုးစားဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် ညှိနှိုင်းပေးထားတဲ့ အချက် ၂၈ ချက်ပါ အဆိုပြုချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်က ယူကရိန်းဆီ ပေးပို့ခဲ့ပါတယ်။ ယူကရိန်း အစိုးရက အဲဒီထဲက အချက်တချို့ကို ပြင်ဆင်ပြီး စုစုပေါင်း အချက် ၁၉ ခုပါတဲ့ တုံ့ပြန် အဆိုပြုမှုကို အမေရိကန်ဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်း အစိုးရကတော့ စစ်ပွဲကို အဆုံးသတ်နိုင်ရေးကိစ္စ အမေရိကန်နဲ့ ဆွေးနွေးမှုတွေက ထင်ရှားမြင်သာတဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ ပြောပေမယ့် ရုရှားကတော့ ယူကရိန်း ပြင်ဆင်ထားတယ်ဆိုတဲ့ အဆိုပြုချက်တွေကို မမြင်ရသေးဘူးလို့ ပြောပါတယ်။

ထရမ့်ပေးပို့ခဲ့တဲ့ မူလ အဆိုပြုချက်တွေထဲမှာတော့ ယူကရိန်းက နယ်မြေတွေ စွန့်လွှတ်ဖို့၊ တပ်အင်အားကို ၆ သိန်းထက် ပိုမို ဖွဲ့စည်းခွင့် မရှိဖို့၊ NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ခွင့် မျှော်လင့်ချက်ကို အပြီးတိုင် စွန့်လွှတ်ဖို့ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။

ကိုးကား: TRT World

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။