Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သီရိလင်္ကာကမ်းလွန်မှာအီရန် စစ်သင်္ဘော နစ်မြုပ်၊ ရေငုပ်သင်္ဘောတိုက်ခိုက်တာခံခဲ့ရကြောင်း သတင်းထွက်

သီရိလင်္ကာ ကမ်းလွန်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီးအသေအပျောက်တွေလည်းရှိခဲ့ကြောင်း သိရပါတယ်။

အီရန် စစ်သင်္ဘော IRIS Dena ကိုယခင်က​တွေ့ရပုံဓါတ်ပုံ-AFP

မတ်-၄၊၂၀၂၆။People’s Spring

သီရိလင်္ကာ ကမ်းလွန်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီးအသေအပျောက်တွေလည်းရှိခဲ့ကြောင်း သိရပါတယ်။

မတ်လ ၄ ရက်နေ့တုန်းက IRIS Dena စစ်သင်္ဘောဟာ သီရိလင်္ကာ ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပြီး သီရိလင်္ကာ ရေတပ်က ရုပ်အလောင်း တချို့ကို ဆယ်ယူရရှိခဲ့ပြီး အသက်ရှင် လွတ်မြောက်လာသူ ၃၂ ဦးကို ကယ်ဆယ်ထားနိုင်ပါတယ်။

အီရန် စစ်သင်္ဘော နစ်မြုပ်တဲ့ အကြောင်းကို သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးဗီဂျီသာ ဟီရတ်သ်က လွှတ်တော်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ ပြီးတော့သင်္ဘောနစ်တဲ့နေရာဟာသီရိလင်္ကာက လက်လှမ်းမီလောက်တဲ့ ရေပြင်ဖြစ်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သီရိလင်္ကာကမ်းလွန် အိန္ဒိယ သမုဒ္ဒရာထဲမှာ ရှိနေခဲ့တဲ့ ရေယာဉ်ဟာ ရေငုပ်သင်္ဘော တစ်စီးရဲ့ တိုက်ခိုက်မှုကို ခံရပြီး နစ်မြုပ်ခဲ့တာ ဖြစ်တယ်လို့ သီရိလင်္ကာ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ရေတပ်ရဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါပေမဲ့ သီရိလင်္ကာ ရေတပ်ကိုယ်တိုင်ကတော့ အီရန်ရေတပ်သား ၁၀၀ ကျော် ပျောက်ဆုံးနေတယ်ဆိုတဲ့ ကိစ္စကိုရော၊ ရေငုပ်သင်္ဘော တိုက်ခိုက်ခံရလို့ နစ်မြုပ်တယ်ဆိုတဲ့ သတင်းတွေကိုပါ အတည်ပြုဖို့ ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ IRIS Denaကို တိုက်ခိုက်ခဲ့တာ ဘယ်နိုင်ငံရဲ့ လက်ချက်လဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ လောလောဆယ်မှာတော့ အီရန်ဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်မက်ဖြစ်ပွားနေပါတယ်။

လောလောဆယ်မှာတော့ ကယ်ဆယ်ရရှိထားသူ ၃၂ ဦးကို သီရိလင်္ကာ ဆိပ်ကမ်းမြို့ ဂါလီမှာရှိတဲ့ အစိုးရ ဆေးရုံတစ်ခုဆီ တင်ပို့ပေးထားပါတယ်။ စစ်သင်္ဘောဟာ နစ်မြုပ်ခါနီးမှာ အရေးပေါ် အကူအညီ တောင်းခံခဲ့ပြီးသီရိလင်္ကာရေတပ်က သွားရောက် ကူညီခဲ့တာပါ။ လက်ရှိမှာတော့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေကို သီရိလင်္ကာ ရေတပ်နဲ့ လေတပ်တို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

အခင်းဖြစ်ရာ နေရာတဝိုက်မှာတခြားနိုင်ငံတစ်ခုခုရဲ့ လေယာဉ်၊ ရေယာဉ်တွေကိုတော့ မမြင်ခဲ့ရဘူးလို့ ရေတပ်ပြောရေးဆိုခွင့်ရအရာရှိကမှတ်ချက်ပေးခဲ့ပါတယ်။နောက်ထပ်လည်း လူတွေကို ရနိုင်သမျှ ရှာဖွေ ကယ်ဆယ်နိုင်ဖို့ကို လောလောဆယ် ဦးစားပေး လုပ်ဆောင်နေကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သီရိလင်္ကာ နိုင်ငံမှာ ထောင်ဆူမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်း နှစ်ဒါဇင်ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။

သတင်း

ပြည်တွင်း လောင်စာသုံးစွဲမှု လျှော့ချရေး အစီအမံ တစ်ခုအနေနဲ့ သီရိလင်္ကာ အစိုးရဟာ တစ်ပတ်ကို ၄ ရက်ပဲ ရုံးတက်စေဖို့ ညွှန်ကြားလိုက်ပါတယ်။