Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို ဗြိတိန် ပညာရှင်တွေ ကူညီပေးခဲ့တယ်လို့ ရုရှားစွပ်စွဲ

ရုရှားရဲ့ မြို့တစ်မြို့ကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဗြိတိန်ရဲ့ စစ်လက်နက် ပညာရှင်တွေက ကူညီပံ့ပိုးခဲ့ကြကြောင်း ရုရှားက စွပ်စွဲခဲ့ပါတယ်။

ရုရှားရဲ့ မြို့တစ်မြို့ကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဗြိတိန်ရဲ့ စစ်လက်နက် ပညာရှင်တွေက ကူညီပံ့ပိုးခဲ့ကြကြောင်း ရုရှားက စွပ်စွဲခဲ့ပါတယ်။

မတ်လ ၁၀ ရက်နေ့က ယူကရိန်းဟာ ရုရှားရဲ့ စက်မှုလုပ်ငန်း ထွန်းကားရာ ဘရိုင်ယန့်စ်ခ်မြို့ကို ဗြိတိန်လုပ် Storm Shadow ဒုံးကျည်တွေ အသုံးပြုပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ၆ ဦးသေပြီး ၃၇ ဦး ဒဏ်ရာရခဲ့ကြောင်း ရုရှားက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ ဗြိတိန် စစ်လက်နက် ပညာရှင်တွေက ယူကရိန်းကို ပံ့ပိုးခဲ့တဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ရုရှားအနေနဲ့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့ ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်က မတ်လ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဘရိုင်ယန့်စ်ခ် ဒေသ အုပ်ချုပ်ရေးမှူးကတော့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်မှုမြောက်တဲ့ ဒုံးကျည်ပစ်ခတ်မှုမျိုးလို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းရဲ့ ဒုံးကျည်တွေက ဘယ်နေရာတွေကို ထိမှန်ခဲ့သလဲ ဆိုတာကိုတော့ ရုရှားဖက်က တိတိကျကျ မထုတ်ပြန်ပါဘူး။

Public Service Announcement

Public Service Announcement

ယူကရိန်း စစ်တပ်ကတော့ ဘရိုင်ယန့်စ်ခ်မှာ ဒုံးကျည် အစိတ်အပိုင်းတွေ ထုတ်လုပ်ရာ စက်ရုံတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကြေညာထားပါတယ်။ ရုရှားကတော့ ယူကရိန်းရဲ့ တိုက်ခိုက်မှုဟာ အရပ်သား ဧရိယာတွေကို တမင်တကာ ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ယူကရိန်းဟာ ဗြိတိန်ဆီက ကျွမ်းကျင်သူတွေရဲ့ အကူအညီ မပါဘဲ ဒီဒုံးကျည်တွေကို ပစ်ခတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ ဒီအချက်ကို ရုရှားက ကောင်းကောင်း သဘောပေါက်ထားသလို သေသေချာချာလည်း မှတ်သားထားမှာဖြစ်ကြောင်း ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောဆိုသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန် အစိုးရဖက်ကတော့ လတ်တလောမှာ ဘာမှတ်ချက်မှ ပေးမထားပါဘူး။ ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ ကီလိုမီတာ ရာနဲ့ချီ ပစ်ခတ်နိုင်တဲ့ Storm Shadow ဒုံးကျည်တွေကို ယူကရိန်းဆီ ထောက်ပံ့ပေးထားပါတယ်။ ဒါပေမဲ့ အဲဒီဒုံးကျည်တွေဟာ သီးခြား ဂြိုဟ်တု ထောက်လှမ်းရေးစနစ်တွေ အပါအဝင် ရှုပ်ထွေးတဲ့ ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ မပါဘဲ ယူကရိန်းစစ်တပ်က အသုံးပြုဖို့ မဖြစ်နိုင်ကြောင်း ပြောပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ယူကရိန်းဟာ ရုရှားဒုံးကျည်တွေအတွက် အရေးတကြီး လိုအပ်တဲ့ ဆက်စပ် အီလက်ထရောနစ် အစိတ်အပိုင်းတွေ ထုတ်လုပ်ရာ စက်ရုံတစ်ခုကို တိုက်ခိုက်နိုင်ခဲ့ကြောင်း မှတ်ချက်ပေးထားခဲ့ပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။