Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘီယာ အသောက်ဆုံး စံချိန်ကို ပိုင်ဆိုင်လာဖွယ် ရှိနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ အိမ်ရှင်နိုင်ငံ အများဆုံး၊ ပြိုင်ပွဲဝင်အသင်း အများဆုံး၊ ပွဲစဉ်အရေအတွက် အများဆုံးဆိုတဲ့ စံချိန်တွေအပြင် နောက်ထပ် စံချိန်သစ် တစ်ခုကိုလည်း ပိုင်ဆိုင်ဖို့ ဦးတည်နေပါတယ်။ အဲဒါကတော့ ကျင်းပဖူးသမျှ ကမ္ဘာ့ဖလား ပြိုင်ပွဲ အားလုံးမှာ ဘီယာသောက်သုံးမှု အများဆုံး စံချိန် ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။

ဓာတ်ပုံ - Getty Images

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ အိမ်ရှင်နိုင်ငံ အများဆုံး၊ ပြိုင်ပွဲဝင်အသင်း အများဆုံး၊ ပွဲစဉ်အရေအတွက် အများဆုံးဆိုတဲ့ စံချိန်တွေအပြင် နောက်ထပ် စံချိန်သစ် တစ်ခုကိုလည်း ပိုင်ဆိုင်ဖို့ ဦးတည်နေပါတယ်။ အဲဒါကတော့ ကျင်းပဖူးသမျှ ကမ္ဘာ့ဖလား ပြိုင်ပွဲ အားလုံးမှာ ဘီယာသောက်သုံးမှု အများဆုံး စံချိန် ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး ကျင်းပနေချိန် တစ်လတာ အတောအတွင်း ပရိသတ်တွေရဲ့ ဘီယာသောက်သုံးမှုဟာ ပိုင့်ပေါင်း ၁ ဘီလီယံကျော်၊ တစ်နည်းအားဖြင့် ဂါလံပေါင်း ၁၂၅ သန်းကျော်လောက်ထိ များပြားလိမ့်မယ်လို့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်း Jefferiesက သုံးသပ် ခန့်မှန်းခဲ့ပါတယ်။

Jefferiesရဲ့ စျေးကွက် သုတေသီတွေက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မတည်မငြိမ် အခြေအနေတွေကို ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတကာ ဘီယာစျေးကွက်၊ အထူးသဖြင့် မြောက်အမေရိက စျေးကွက်ဟာ ကမ္ဘာ့ဖလားကြောင့် ကောင်းကျိုးတွေ သိသိသာသာ ရရှိလာလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

တကယ်လို့ Jefferiesရဲ့ ခန့်မှန်းချက်အတိုင်း ကမ္ဘာ့ဖလား ကာလအတွင်းမှာ ဘီယာ ပိုင့်ပေါင်း ၁ ဘီလီယံကျော် ရောင်းချခဲ့ရမယ် ဆိုရင်တော့ ဘီယာအသောက်ဆုံး ကမ္ဘာ့ဖလားအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်မှာပါ။ လက်ရှိ စံချိန်ကတော့ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်ပြီး အဲဒီတုန်းက ဘီယာပိုင့်ပေါင်း သန်း ၂၅၀ နီးပါးလောက် သောက်သုံးခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားကတော့ စံချိန်ဟောင်းထက် လေးဆပိုများလာမယ့် သဘောပါပဲ။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ဖလား ပွဲစဉ်တွေ အားလုံးရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကလည်း ဘီယာသမားတွေ အကြိုက်တွေ့တတ်တဲ့ အချိန်မျိုးတွေ ဖြစ်နေတာကြောင့် ဘီယာရောင်းအား ပိုကောင်းလိမ့်မယ်လို့ Jefferiesက သုံးသပ်ခဲ့ပါတယ်။ နောက်ပြီး လောလောဆယ် မြောက်အမေရိကတိုက်ရဲ့ အပူချိန်ကလည်း မြင့်မားနေတာကြောင့် ပရိသတ်တွေဟာ ပိုပြီး ရေငတ်ကြ၊ ဘီယာငတ်ကြမယ်လို့ ယုံကြည်ရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် အားကစားကွင်းကြီး ၁၆ ခုထဲမှာတော့ ပရိသတ်တွေဟာ ဘီယာ အမှတ်တံဆိပ် ၃ ခုနဲ့ ဆဲလ်ဇာဆိုတဲ့ ဆိုဒါအရည် တစ်မျိုးကို ရွေးချယ် ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

စုစုပေါင်း ၃၁ ရက်ကြာမြင့်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွင်း ဘီယာ ပိုင့်ပေါင်း ၁ ဘီလီယံကျော် ရောင်းချရမယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ အမေရိကန် ဘောလုံး အားကစား (American Football)ရဲ့ Super Bowl ဗိုလ်လုပွဲစဉ် တစ်ရက်စာ ဘီယာ သောက်သုံးမှုကိုတော့ မမီပါဘူး။ Super Bowl Sundayလို့ ခေါ်ဝေါ်တဲ့ အဲဒီနေ့မှာ အမေရိကန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နှစ်စဉ် ပျမ်းမျှ ဘီယာ သောက်သုံးနှုန်းက ပိုင့်ပေါင်း ၂.၈ ဘီလီယံလောက်ထိ များပြားတတ်ကြောင်းလည်း သိရပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လက်ရွေးစင် အသင်းကို အားပေးတဲ့ အနေနဲ့ လွှတ်တော် တက်နေတဲ့ နော်ဝေး အမတ်တွေဟာ လှေလှော်နေပုံနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ခေတ်သစ် ဘောလုံးအားကစားကို အစပျိုးခဲ့တဲ့ ဘောလုံးဘိုးအေ နိုင်ငံအဖြစ် တင်စားခံရတဲ့ နာမည်ကြီး အင်္ဂလန် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကောင်းမွန်တဲ့ ရလဒ်တစ်ခုနဲ့ စတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား အုပ်စုအဖွင့် ပွဲစဉ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လူစားမလဲခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ပေါ်တူဂီအသင်း မန်နေဂျာက ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။