Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စပိန်နဲ့ပွဲမှာ သူရဲကောင်း ဖြစ်ခဲ့သူ ကိပ်ဗာဒီ ဂိုးသမားကြီးရဲ့ Instagram အကောင့်မှာ follower သန်းချီ တိုးလာ

ကမ္ဘာ့ဖလားမှာချန်ပီယံဆုအတွက်ရေပန်းအစားဆုံဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုသရေကစားခဲ့တဲ့လူသစ်တန်းနိုင်ငံငယ်လေးကိပ်ဗာဒီကသရေကစားခဲ့တဲ့နောက်အဲဒီပွဲမှာသူရဲကောင်းဖြစ်ခဲ့သူဂိုးသမားဗိုဇင်ဟာရဲ့ Instagram အကောင့်မှာfollowerအရေအတွက်ကသန်းနဲ့ချီရုတ်တ ရက်တိုးပွားလာခဲ့ပါတယ်။

ATLANTA, GEORGIA - JUNE 15: Vozinha #1 of Cabo Verde makes a save during the FIFA World Cup 2026 Group H match between Spain and Cabo Verde at Atlanta Stadium on June 15, 2026 in Atlanta, Georgia. (Photo by Justin Setterfield/Getty Images)

ဇွန် – ၁၆ ၊၂၀၂၆

ကမ္ဘာ့ဖလားမှာချန်ပီယံဆုအတွက်ရေပန်းအစားဆုံဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုသရေကစားခဲ့တဲ့လူသစ်တန်းနိုင်ငံငယ်လေးကိပ်ဗာဒီကသရေကစားခဲ့တဲ့နောက်အဲဒီပွဲမှာသူရဲကောင်းဖြစ်ခဲ့သူဂိုးသမားဗိုဇင်ဟာရဲ့ Instagram အကောင့်မှာfollowerအရေအတွက်ကသန်းနဲ့ချီရုတ်တ ရက်တိုးပွားလာခဲ့ပါတယ်။

ဇွန်လ ၁၅ ရက်နေ့ကကမ္ဘာ့ဖလားအုပ်စု(ဇ) အဖွင့်ပွဲစဉ်အဖြစ်၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ချန်ပီယံ စပိန်ဟာ အခုနှစ်မှ ပထမဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်လာတဲ့ အသင်းငယ်လေး ကိပ်ဗာဒီနဲ့ တွေ့ဆုံခဲ့ပါတယ်။

စပိန်ဟာကမ္ဘာ့ဖလားမှာချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်သလို စပိန်နည်းပြ လူးဝစ် ဒယ်လာ ဖွန်တေးကလည်း သူ့အသင်းဟာ ပြိုင်ပွဲရဲ့အတောင့်တင်းဆုံးလူစာရင်းကိုပိုင်ဆိုင်ထားကြောင်း ကြွေးကြော်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်အခုပွဲမှာစပိန်ကသက်တောင့်သက်သာအနိုင်ရပြီးဘယ်နှဂိုး သွင်းမလဲဆိုတာကိုပဲလိုက်ရေတွက်ရတော့မယ်လို့ပရိသတ်အများစုက ယူဆထားခဲ့ပါတယ်။

တကယ်တမ်း ယှဉ်ပြိုင်ကြတဲ့ အခါမှာတော့ ကမ္ဘာကျော်တွေနဲ့ စုဖွဲ့ထားတဲ့ စပိန်အသင်းဟာ ကွင်းတစ်ဝက်စာလောက် ဖိကစားနေပေမယ့် ကိပ်ဗာဒီကို ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

စပိန်ရဲ့အဆုံးသတ်အပိုင်းကလိုအပ်ချက်တွေရှိခဲ့သလိုကိပ်ဗာဒီ ကစား သမားတွေကလည်း စုစုစည်းစည်းနဲ့ အကောင်းဆုံး ခုခံ တုံ့ပြန်သွားခဲ့ပါတယ်။ စပိန်လို အသင်းမျိုးကို ဂိုးမရှိ သရေကစားပြီး ပထမဆုံး ကမ္ဘာ့ဖလား အတွေ့အကြုံမှာ ၁ မှတ် ရယူနိုင်ခဲ့တာကတော့ အတ္တလန္တိတ် သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး လူဦးရေ ၅ သိန်းလောက်သာရှိတဲ့ နိုင်ငံလေးရဲ့ လက်ရွေးစင် အတွက်တော့ အကြီးအကျယ် ဂုဏ်ယူစရာ ဖြစ်လာပါတယ်။

ဒီပွဲမှာပရိသတ်တွေရော၊မီဒီယာတွေပါအထူးအာရုံစိုက်မှုကိုခံရပြီး သူရဲ ကောင်း ဖြစ်လာသူကတော့ အသက် ၄၀ ရှိနေပြီဖြစ်တဲ့ ဝါရင့် ဂိုးသမားကြီး ဗိုဇင်ဟာပါပဲ။ နာမည်ရင်း ဂျိုဆီမာ ဒီယက်စ်ဆိုတဲ့ ဂိုးသမားကြီးဟာ စပိန်ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို ကာကွယ်ရေး ကိပ်ဗာဒီအသင်း ဂိုးမပေးရအောင် နောက်ဆုံး ခံစစ်စည်းကနေ ကြံ့ကြံ့ခံ တားဆီးသွားခဲ့ပါတယ်။

ပေါ်တူဂီ ဒုတိယတန်းက မထင်မရှား အသင်းငယ်လေး ချားဗက်ဇ်မှာ ကစားနေတဲ့ ဗိုဇင်ဟာကို အခုပွဲ မတိုင်ခင် ဘယ်သူမှ မှတ်မှတ်ထင်ထင် မရှိခဲ့ကြပါဘူး။ ဒါပေမဲ့ စပိန်နဲ့ပွဲမှာ လက်စွမ်းပြခဲ့တဲ့ နောက်မှာတော့ သူဟာ နေ့ချင်းညချင်း လူသိထင်ရှား အားကစားကြယ်ပွင့် ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ဖလားမတိုင်ခင်တုန်းကဗိုဇင်ဟာရဲ့ Instagram အကောင့်မှာ follower စုစုပေါင်း ၅ သောင်းလောက် ရှိခဲ့ပါတယ်။ ဒါပေမဲ့ စပိန်နဲ့ ပွဲစဉ်အပြီး ၂၄ နာရီတောင် မပြည့်သေးတဲ့အချိန် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်မှာတော့ follower အရေအတွက် ၅ သန်းခွဲ ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ ဒါဟာ နာရီပိုင်းအတွင်း follower အဆပေါင်း ၁၁၀ ခုန်တက်သွားတာ ဖြစ်သလို ဆက်လက်ပြီးလည်း တိုးပွားနေဆဲပါ။

စပိန်နဲ့ပွဲမှာ ဖြတ်သန်းခဲ့ရတဲ့ မိနစ် ၉၀ ဟာ သူ့ရဲ့ နိုင်ငံ လက်ရွေးစင်အဖြစ် ကစားဖူးသမျှ ၈၉ ပွဲမှာ အထင်ရှားဆုံး အခိုက်အတန့်လည်း ဖြစ်လာပါတယ်။ စပိန်ဟာ ကိပ်ဗာဒီ ဂိုးပေါက်ကို ၂၇ ကြိမ် ခြိမ်းခြောက်ခဲ့ပြီး ၇ ကြိမ်က ဂိုးပေါက်တည့်ခဲ့ပါတယ်။ စပိန်ရဲ့ ဂိုးရနိုင်ခြေ မြင့်မြင့်မားမား ရှိခဲ့ပေမယ့်လည်း ဗိုဇင်ဟာကို မကျော်နိုင်ခဲ့ပါဘူး။

ပွဲအပြီးမှာတော့ဗိုဇင်ဟာကပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့သလိုကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက်ပေးဂိုးမဲ့ clean sheet မှတ် တမ်းပိုင်ဆိုင်ဖူးသူအသက်အကြီးဆုံး ဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။

ဒီပွဲမှာ သူ့လက်စွမ်းကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရခဲ့တဲ့ ပရိသတ်တွေက Instagramမှာ သူ့အကောင့်ကို followလုပ်ကြရင်း ဗိုဇင်ဟာက အခု ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ လူသိအများဆုံး နာမည်တစ်ခုအဖြစ် နေ့ချင်းညချင်း ကျော်ကြားလာခဲ့ပါတယ်။

အခုလို ကမ္ဘာသိ ဘောလုံးကြယ်တစ်ပွင့်အဖြစ် ချက်ချင်း ပြောင်းလဲသွားတာက ရူးလောက်တဲ့ အတွေ့အကြုံပဲလို့လည်း ဝါရင့် ဂိုးသမားကြီးက ဖွင့်ဟသွားပါတယ်။

ကိုးကား – USA Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေကို တရားဝင် နေထိုင်ရေး အသိအမှတ်ပြုမယ့် အစီအစဉ် တစ်ခုကို စပိန်အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

စပိန်မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ ရထားနှစ်စီး တိုက်မှုကြီးဟာ ရထားသံလမ်းရဲ့ ကြံ့ခိုင်မှု ပြဿနာကြောင့် ဖြစ်နိုင်ကြောင်း ကနဦး စစ်ဆေး တွေ့ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

စပိန်မှာ နှစ်ရက်အတွင်း ဆိုးရွားတဲ့ ဒုတိယမြောက် ရထား မတော်တဆမှု ဖြစ်ပွားခဲ့ပြီး စက်ခေါင်းမောင်းသူ သေဆုံးခဲ့သလို ၅ ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

လူ ၄၀ ထက်မနည်း သေဆုံးခဲ့တဲ့ ရထားနှစ်စီး တိုက်မိမှု ဖြစ်စဉ်ကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးစေမယ်လို့ စပိန် ဝန်ကြီးချုပ်က ကတိပြု ပြောကြားလိုက်ပါတယ်။