Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ခေါင်းဆောင်ဖြစ်ချင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်လောင်းပြော

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဇူလိုင် – ၁၈ ၊၂၀၂၆

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ကဘန်ဟမ်ဟာ အာဏာရ လေဘာပါတီရဲ့ ခေါင်းဆောင်နေရာကို ပြိုင်ဘက်မရှိ တရားဝင် လက်ခံယူခဲ့တဲ့နောက် ဇူလိုင် ၂၀ ရက်နေ့ကျရင် ဗြိတိန် ဝန်ကြီးချုပ် ရာထူးကိုပါ ဆက်ခံတော့မှာ ဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ဆာကီရာ စတာမာက ပါတီ ခေါင်းဆောင်သစ် ရွေးချယ်မှုပြီးရင် ရာထူးကနေ နုတ်ထွက်မယ်လို့ တရားဝင် ကြေညာထားပါတယ်။

ဂရိတ်တား မန်ချက်စတာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး မြောက်ပိုင်းနယ်မြေရဲ့ ဘုရင်လို့ နာမည်ပြောင် ရထားသူ ဘန်ဟမ်ဟာ လာမယ့် သီတင်းပတ်ကစလို့ လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဝန်ကြီးချုပ် အိမ်တော်ဆီ ပြောင်းရွှေ့လာတော့မှာပါ။

Public Service Announcement

Public Service Announcement

လေဘာပါတီ ခေါင်းဆောင်သစ်အဖြစ် ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ဘန်ဟမ်က သူဟာ ဗြိတိန်နိုင်ငံသား အားလုံးအတွက် ခေါင်းဆောင်တစ်ဦး ဖြစ်ချင်ကြောင်း၊ ပြည်သူ အားလုံးက လေဘာပါတီဟာ သူတို့အတွက် ဖြစ်တယ်လို့ ယုံယုံကြည်ကြည် ပြောဆိုကြတဲ့ အခြေအနေမျိုးကို ပြန်ဆောင်ကြဉ်းလာချင်ကြောင်း ထည့်ပြောသွားပါတယ်။

သူက လေဘာပါတီ ဦးဆောင်နေတဲ့ နိုင်ငံရေး စနစ်တွေမှာ ကျရှုံးမှု၊ လွဲချော်မှုတွေ ရှိခဲ့တာကို အသိအမှတ် ပြုခဲ့ပြီး အပြောင်းအလဲတွေကိုတော့ ရိုးသားမှုနဲ့ စတင်ဖို့ လိုတယ်လို့ ပြောကြားသွားပါတယ်။ သူအပါအဝင် လက်ရှိမျိုးဆက် နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး ယဉ်ကျေးမှု တစ်ခုနဲ့ သာမန်ပြည်သူတွေအတွက် အလုပ်မဖြစ်ခဲ့တဲ့ စီးပွားရေး မော်ဒယ်တစ်ခု အပါအဝင် ကိုင်တွယ်ရခက်တဲ့ စိန်ခေါ်မှုတွေမှာ ကျရှုံးခဲ့ဖူးကြောင်း ဘန်ဟမ်က ဆိုပါတယ်။

သူက အစိုးရသစ်အတွက် လိုအပ်တဲ့ ဝန်ကြီးနေရာ လျာထားမှုတွေကို စဉ်းစားထားပြီးပြီလို့ ပြောပေမယ့် မူဝါဒရေးရာ အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာသေးပါဘူး။

လေဘာပါတီ အစိုးရဟာ လူထုထောက်ခံမှု သိသိသာသာ ကျဆင်းတဲ့ အခြေအနေကို ကြုံနေခဲ့ရပြီး မေလတုန်းက ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ရလဒ်တွေ ဆိုးခဲ့တဲ့နောက် စတာမာအပေါ် ပါတီဝင်တွေရဲ့ ယုံကြည်မှု ပျက်စီးသွားပြီး ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ဖို့ ဖိအားပေးလာခဲ့ပါတယ်။

ဘန်ဟမ်ကတော့ စတာမာရဲ့ ပါတီနဲ့ နိုင်ငံအတွက် အမှုထမ်းပေးခဲ့တာတွေကို ချီးကျူးခဲ့ပြီး တကယ်ဆိုရင် အရင် လေဘာပါတီ ခေါင်းဆောင်ဟောင်းတွေ ချမှတ်ခဲ့တဲ့ မူဘောင်တွေနဲ့အညီ ရှေ့ဆက်ဖို့ အသင့်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

လေဘာပါတီ ခေါင်းဆောင်သစ် နေရာအတွက် ဘန်ဟမ်ကို စိန်ခေါ်သူ မရှိခဲ့ပေမယ့်လည်း နိုင်ငံရေး သုတေသီတွေကတော့ ဝန်ကြီးချုပ်အဖြစ် သူကိုင်တွယ်ရမယ့် အဓိက စိန်ခေါ်မှုကြီးတွေက စောင့်ဆိုင်းနေကြောင်း သုံးသပ်ကြပါတယ်။ ၁၀ နှစ်တာ ကာလအတွင်း ဗြိတိန်ရဲ့ သတ္တမမြောက် ဝန်ကြီးချုပ် ဖြစ်လာသူ ဘန်ဟမ်ဟာ သူ့မတိုင်ခင် ခေါင်းဆောင်တွေနည်းတူ စီးပွားရေးနဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတွေကို အဓိက ကိုင်တွယ်ရဖွယ် ရှိနေပါတယ်။

ဘန်ဟမ်ကတော့ သူဟာ လူထုရဲ့ ယုံကြည် အားကိုးမှုကို ပြန်လည် ရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားသွားပါတယ်။

ကိုးကား – Time

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။