Connect with us

Hi, what are you looking for?

ကဗျာ

‘တယုတယနှင်း’

◼️ဆပ်ရိပ်

သက်ပြင်းဆိုပေမယ့်
စိတ်လိုလက်ရ ချပါတယ်။

သုံးလေးငါးနှစ်
အစစအရာရာရှားပါးနေတော့
ခံစားမှုလည်း တန်ဖိုးကြီးလာတယ်
နေမကောင်းတဲ့ညနေမှာ
တိမ်မျှင်တစက အစ
ကြီးမြတ်တယ်။

လူတစ်ယောက်ဟာ တစ်ခါတစ်လေတော့
အမှောင်ထဲထိုင်ဖို့လိုတယ်
ထိကရုန်းပင်လိုနေ့တွေအတွက်
လူသူနည်းတဲ့
တောအုပ်ခပ်နက်နက်လိုတယ်။

Public Service Announcement

Public Service Announcement

ရထားတွေဟာ
ဘယ်ခရီးသည်ကိုမှ စောင့်ရိုးမရှိတာ နားလည်ပါတယ်
ကိုယ်လည်း ပုံမှန်ပဲသွားမယ်
ဘာကိုမှ ပြေးမလိုက်နိုင်တော့ဘူး။

မျက်ရည်ဟာ အသံထက်မြန်တယ်
ဒီကမ္ဘာမှာ အလင်းနှစ်မခြားဘဲနဲ့ ဝေးနေတာ အိမ်ပဲရှိပါတယ်။

(“The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ​’​ဆပ်ရိပ်’ ရဲ့ “တယုတယနှင်း “ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...