Connect with us

Hi, what are you looking for?

ကဗျာ

“မင်ရည်ခတ်တဲ့ ဂီတ (သို့) အမေ့ထံ ပေးစာ”

◾️ ချမ်းငြိမ်း

(၁)

သို့ အမေ
အမေ့ကိုစိတ်ပူတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။
လက်သန်းမှာ စွန်းထင်းဆဲ မင်ရည်စက်ပေါ်
အတိတ်ဟာ အိပ်မပျော်နိုင်သေးဘူး။
မုတ်သုံနှောင်းက ထုံထိုင်းနေတဲ့ လေမှာ
စပယ်ဖူးလေးတွေ ကြွေနေကြတယ်
အိပ်မက်ဆိုးနဲ့ တေလေနှင်းစက်
မြောက်အရပ်က ရောက်ရောက်လာတယ်။

(၂)

Public Service Announcement

Public Service Announcement

ဓူဝံကြယ်မှာ မြေခိုးတွေ ဝေနေတယ် အမေ
ဘယ်လမ်းလျှောက်လျှောက်
တနေရာထဲကိုပဲ ပြန်ပြန်ရောက်နေတဲ့
ဖေဖော်ဝါရီရဲ့ နောက်ပြန်လည်သွားတဲ့ နာရီမှာ
စက္ကန့်တံလေးတွေ တတီတီ မြည်လို့ပေါ့
ကျနော်တို့
ကိုယ့်တောင်ပံ ကိုယ်ချွတ်ချသလို
ပြန်မရနိုင်တာတွေ လွှတ်ချလိုက်ကြတယ်
ကိုယ့်နာရီနဲ့ ကိုယ်မို့
ရာသီဆိုးမှာ သိကြပါတယ်
ဒါပေမယ့် အမေရယ်
မိုးက သည်းလိုက်တာ
မီးကို တိုးပြီး ရေမှာ အတောင်ကျွတ်
ပိုးဖလံလေး လွတ်လပ်သွားသလို
စီးနေတဲ့ မြစ်မှာ
ရေစီးအသစ် ဖြစ်ဖြစ်သွားပါတယ်။

(၃)

တောခြောက်တဲ့ ခေတ်မှာ
ကျနော်တို့ သစ်မြစ်ကို မြင်ကြပါတယ်
ပင်ခြေသင်္ချိုင်း
ခေတ်တိုင်းက သစ်ရွက်စိမ်းတွေ
ကိုယ့်ကိုယ်ကို ချွေချရင်း ကျောက်စာဖြစ်သွားတဲ့
မုန်တိုင်းကဗျာတွေ
သူတို့ တယောက်ပြီး တယောက်
ကျနော်တို့ ခေတ်ဆီ ရှင်ပြန်ထမြောက်လာခဲ့တယ်။
“လက်နက်ကိုင်တော်လှန်ရေး”
သမိုင်းရဲ့ ဝင်္ကပါမှာ
အာဏာရှင်အတွက် ပုစ္ဆာ
ဒီ အဖြေပဲ ပြန်ပြန်လာတယ် အမေ။

(၄)

နေကောင်းရဲ့လား အမေ
အပြင်မှာ နှင်းမိုးတွေ စွေနေတယ်
ဆောင်းမှာ ဆက်ရက်ငှက်တွေ
သိပ် စကားများတယ် မေမေ
သူတို့ ဗလာဖြစ်သွားတဲ့
ကျနော်တို့
လက်သန်းတွေ မင်ရည်စွန်းတဲ့ နှစ်
ပစ္စုပ္ပန် ဖြစ်နေတုန်းဆိုတာ
အားလုံး သိကြပါတယ်
ကျနော်တို့ မဲ ထပ်မပေးတော့ပါ
အားလုံး အဆင်ပြေအောင် နေပါတယ်
အမေ နေကောင်းပါစေ။

၂၀၊ ဒီဇင်ဘာ၊ ၂၀၂၅

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​​​​​ချမ်းငြိမ်း’ ရေးဖွဲ့တဲ့ “​​မင်ရည်ခတ်တဲ့ ဂီတ (သို့) အမေ့ထံ ပေးစာ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...