Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

ကျွန်တော်တို့ အတူတူရှိနေတဲ့အခါ… Swapped (၂၀၂၆)

သူ့နာမည်က အိုလီတဲ့။ အိုလီတို့က ဖျံနဲ့လည်းဆင်တယ်။ သူတို့ကို ပူကူးလို့ခေါ်ကြတယ်။ အိုလီတို့က မြေပြင်ပေါ်မှာ နေထိုင်ကြတဲ့ သတ္တဝါလေးတွေပါ။ သူတို့အတွက် တောအုပ်ဟာ အစာရှာဖွေရာ နေရာဖြစ်သလို၊ အန္တရာယ်တွေပြည့်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဝဇီရာ/People’s Spring

သူ့နာမည်က အိုလီတဲ့။ အိုလီတို့က ဖျံနဲ့လည်းဆင်တယ်။ သူတို့ကို ပူကူးလို့ခေါ်ကြတယ်။ အိုလီတို့က မြေပြင်ပေါ်မှာ နေထိုင်ကြတဲ့ သတ္တဝါလေးတွေပါ။ သူတို့အတွက် တောအုပ်ဟာ အစာရှာဖွေရာ နေရာဖြစ်သလို၊ အန္တရာယ်တွေပြည့်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

အိုလီတင်မကဘူး အိုလီတို့ တောအုပ်ထဲက သတ္တဝါတွေက အကုန်အဆန်းတွေ။ သတ္တဝါတွေတင်မကဘဲ သူတို့နေတဲ့ တောအုပ်ကလည်း သာမန်တောအုပ်တွေနဲ့မတူပြန်ပါဘူး။ အရောင်အသွေး စုံလင်လှပပြီး မှော်ဆန်တဲ့ အပင်တွေနဲ့ ပြည့်နှက်နေတယ်။

အိုလီက စွန့်စားတယ်။ စူးစမ်းတယ်။ အိုလီကို မိဘတွေကတောင် တားယူရတယ်။ တနေ့တော့ အိုလီဟာ သူတို့နဲ့ ရန်သူတော်လို့ပြောရမယ့် ဂျာဗန်ငှက်မျိုးနွယ်စုတွေထဲက ငှက်မလေးတစ်ကောင်ကို အသီးအနှံ ဘယ်လိုခွဲစားရတယ်ဆိုတာ ပြပေးလိုက်တာ ငါးပါးမှောက်ပါလေရော။ ငှက်မျိုးနွယ်စုတစ်စုလုံးက အိုလီတို့တွေစားမယ့် သစ်သီးသစ်နှံတွေကို ပိုင်စိုးသွားခဲ့တယ်လေ။ ဂျာဗန်ငှက်တွေက တောအုပ်ရဲ့ ကောင်းကင်ယံနဲ့ သစ်ပင်ထိပ်ဖျားတွေကို စိုးမိုးထားသူတွေပါ။ သူတို့ဟာ မြေပြင်က သတ္တဝါလေးတွေကို အထင်သေးတတ်ကြပါတယ်။ အိုလီတို့က လူမထင်(အဲ) သတ္တဝါမထင်ကြဘူး။

Public Service Announcement

Public Service Announcement

တောထဲမှာ တခြားမျိုးနွယ်စုတွေလည်း ရှိပြီး တစ်မျိုးနဲ့တစ်မျိုး မတည့်ကြပြန်ပါဘူး။ တစ်နေ့တော့ အိုလီဟာ တခြားသတ္တဝါတွေကလိုက်လို့ ပြေးရင်း ကျင်းတစ်ခုထဲ ကျသွားခဲ့ပါတယ်။ သူ့မျိုးနွယ်တွေက လိုက်ရှာလို့ တွေ့တဲ့အခါ သူ့ကိုဝိုင်းထုကြပါတော့တယ်။ အိုလီဟာ ဂျာဗန်ငှက်ကြီးအဖြစ် ခန္ဓာကိုယ် ပြောင်းလဲသွားတော့တာပါ။ အိုလီ ဘယ်လိုရှင်းပြ ရှင်းပြ မရတော့လို့ ထွက်ပြေးရတယ်။

အိုလီလိုပဲ ဂျာဗန်ငှက်မလေးလည်း ငှက်ကနေ အိုလီတို့လို ပူကူးအမျိုးအနွယ် သတ္တဝါအဖြစ် ပြောင်းလဲသွားတယ်။ သူတို့နှစ်ယောက် မူလမျိုးနွယ်ပြန်ပြောင်းဖို့က မှော်အသီးတစ်မျိုးကို စားပေးရမှာပါ။ ရန်ဘက် မျိုးနွယ်စုတစ်စုဆီက နှစ်ယောက်ပေါင်းပြီး မှော်အသီးဆီ စွန့်စားခန်းဖွင့်ရတော့တယ်။

တကယ်တော့ သူတို့ရဲ့ဘုံရန်သူတော်ကြီးတစ်ဦး ရှိနေပါတယ်။ သူကတော့ မီးတောက်ဝံပုလွေပါ။ တစ်တောလုံး မှီတင်းနေထိုင်နေကြတဲ့ သတ္တဝါတွေကို ဒုက္ခလှလှပေးမယ့် မီးတောက်ဝံပုလွေပါ။ အဲဒီမီးတောက်ဝံပုလွေကို အိုလီတို့တတွေ ဘယ်လိုအပြုတ်ဖြုတ်ကြမလဲ။

Swapped ဟာ ၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့မှာ Netflix ကနေ ဖြန့်ချိလိုက်တဲ့၊ Skydance Animation က ထုတ်လုပ်ထားတဲ့ စိတ်ကူးယဉ် အက်ရှင် ဟာသ ကာတွန်းရုပ်ရှင်ကားသစ်တစ်ကား ဖြစ်ပါတယ်။

Animation ပိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ အပင်တွေရဲ့ ပုံဖော်မှုပိုင်းမှာ တော်တော်လေး လှပပြီး လက်ရာမြောက်တယ်လို့ ဝေဖန်ရေးသမားတချို့က ဆိုထားပါတယ်။

အိုလီတို့တောအုပ်ထဲက တစ်ဖွဲ့နဲ့တစ်ဖွဲ့မတည့်တဲ့၊ မတူညီတဲ့ မျိုးနွယ်စုတွေ ကိုကြည့်ရင်း ကျွန်တော်တို့ဆီက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်သူလိုဖြစ်နေကြတဲ့ တော်လှန်ရေးအဖွဲ့တချို့ကို မြင်နေမိတယ်။ တကယ်တော့ ကျွန်တော်တို့ကို ဒုက္ခပေးမယ့် ဘုံရန်သူတော် မီးတောက်ဝံပုလွေကြီးက ရာဇပလ္လင်ထက်မှာ မိန့်မိန့်ကြီးလေ။

အိုလီကတော့ ဒီလိုပြောခဲ့တယ်။ “ကျွန်တော်တို့ပိုပြီးအင်အားတောင့်တင်းတယ်။ အတူတူရှိနေတဲ့အခါမှာပေါ့”တဲ့။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

ဒီတစ်ပတ်တော့ ကြည်မိတဲ့ တောင်ကိုရီးယားစီးရီး the Scarecrow ထဲက ဇာတ်ကောင်တချို့အကြောင်း စိတ်ထဲရှိနေမိတယ်။ ဒီဇာတ်လမ်းတွဲက ပြီးခဲ့တဲ့ ဧပြီနဲ့ မေလက ထုတ်လွှင့်ပြသခဲ့တာမို့ အတော်များများ ကြည့်ပြီးကြပါပြီ။ ဒီဇာတ်ကားဟာ တချိန်က တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဟွာဆောင်းကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို အခြေခံပြီး ဇာတ်အိမ်တည်ဆောက်ထားတာပါ။ ဒီဖြစ်ရပ်ကိုပဲ မှီငြမ်းပြီး...

ရုပ်ရှင်ခံစားမှု

အသက် ၁၀ နှစ်အရွယ် ကလေးမ လေးချိဟိရို ဟာ မိဘတွေနဲ့အတူ မြို့သစ်ဘက်ကို ကားလေးတစ်စီးနဲ့ ပြောင်းရွှေ့လာခဲ့တယ်။ ကားကိုမောင်းတဲ့သူ့ဖေဖေဟာ လမ်းမှားပြီး ဆန်းကြယ်တဲ့ လိုဏ်ခေါင်းတစ်ခုထဲသို့ ရောက်ရှိသွားခဲ့တယ်။အဖေကောအမေပါ လိုဏ်ခေါင်းထဲဝင်ပြီး စပ်စုကြတော့ သူလည်း ကြောက်ကြောက်နဲ့ လိုက်ခဲ့ရတယ်။

ရုပ်ရှင်ခံစားမှု

ကျမနာမည် ယဲ့ရှုးရိုပါ။ မြေပိုင်ရှင် သူဌေးသမီးလေးတစ်ယောက်ပေါ့။ သူနဲ့စဆုံတုန်းက သူကော ကျမပါ အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ မှတ်မိပါသေးတယ်။ အဲဒီအချိန်က ဂျပန်ကိုတိုက်ထုတ်ပြီးချိန် ကျမတို့ရွာမှာ ဘုရားပွဲတွေ ပြန်ကျင်းပတော့ အလှည့်လှည့်ချိန် ကျမက ရှေ့ဆုံးကနေ အလံကိုင်ရတယ်။ အဲဒီလို အလံကိုင်ပြီး လှည့်ချိန်မှာ...

ရုပ်ရှင်ခံစားမှု

ဖူတာဘဟာ သမီးဖြစ်သူ အဇူမီနဲ့ ရုန်းကန်နေရတဲ့ တစ်ကိုယ်တည်း မိခင်တစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူက ဆုံးသွားတာတော့ မဟုတ်ဘူး။ လုံးဝအဆက်အသွယ်မရဘဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာ။ ဒါပေမယ့် ဖူတာဘဟာ စိတ်ဓါတ်ကြံ့ခိုင်လှပါတယ်။

Facebook