Connect with us

Hi, what are you looking for?

ကဗျာ

‘ဒကာကြီးကို YouTuber ဖြစ်လို့ အားမကျမိဘူး၊ ဒါပေမဲ့ မွဲနေမှန်းသိမှ အားကျမိသွားတယ်’

ဒါကတော့ တကွေ့တာမှာ တွေ့ကြုံခဲ့ရတာ။ နာရီလေးထောင်ကလည်း စောင့်ရဦးမယ်။ Subscriber တထောင်ပြည့်ဖို့ကလည်း စောင့်ရဦးမယ်။ တနေ့ကို အနည်းဆုံး ဆယ်နာရီက ဖုန်းနဲ့ ကွန်ပျူတာရှေ့မှာ။ ထမင်းကိုလည်း အမြန်စားရသလို ခေါက်ဆွဲပြုတ်လည်း အမြန် မြိုချရတယ်။ အချိန်မှန်လည်း Video တင်မှရမယ်။

ရွက်စိမ်း

ဒါကတော့ တကွေ့တာမှာ တွေ့ကြုံခဲ့ရတာ။ နာရီလေးထောင်ကလည်း စောင့်ရဦးမယ်။ Subscriber တထောင်ပြည့်ဖို့ကလည်း စောင့်ရဦးမယ်။ တနေ့ကို အနည်းဆုံး ဆယ်နာရီက ဖုန်းနဲ့ ကွန်ပျူတာရှေ့မှာ။ ထမင်းကိုလည်း အမြန်စားရသလို ခေါက်ဆွဲပြုတ်လည်း အမြန် မြိုချရတယ်။ အချိန်မှန်လည်း Video တင်မှရမယ်။ Trend လိုက်ဖို့အချိန်ရှိပေမဲ့ ဂိမ်းဆော့ဖို့ အချိန်မရှိ။ Dry eye ဖြစ်သေးတယ်။ သွေးက တိုးသေးတယ်။ တနေ့ကို တနာရီလောက် အချိန်ပေးပြီး လမ်းလျှောက်ရသေးတယ်။ အိမ်ကြီးထဲမှာ နှစ်ပေါင်းကြာ။ ခြေထောက်အရွတ် ပြဲဖူးတာ ပြန်နာလာ။ အဲ့တုန်းက အအေးလှိုင်းဖြတ်ပြီး နောက် လအနည်းငယ်ကြာတော့ အပူလှိုင်း။ ရေလှိုင်းနဲ့ တခြားလှိုင်းတွေမရှိတာ တော်သေးတယ်။ တော်လှန်ရေးမှာတော့ တလှိုင်းပြီးတလှိုင်း လာတယ်။ မင်းအောင်လှိုင်စစ်တပ်က နေစကြာဝဠာအဖွဲ့စည်း၊ နေစကြာဝဠာပြင်ပ အဖွဲ့စည်းထိ အစွမ်းကုန် ယုတ်မာပါတယ်။ ထပ်ထပ်ပြီး ပိုပိုဆိုးမှာကို သတိချပ်။ မန်ယူက မြန်မာငလျင်အတွက် ဆုတောင်းပေးတော့ မျက်ရည်ပါကျတယ်။ ဘန်ကောက်က တံတားပေါ်မှာ “ လူသတ်သမား မင်းအောင်လှိုင် ထွက်သွား” လို့ ထိုင်းတွေက ချိတ်ဆွဲတော့ ကြက်သီးပါ ထမိလာတာ။ ယူကျူဘာဖြစ်ဖို့က လွယ်ပါတယ်။ နာမည်ကျန်ခဲ့ဖို့က မလွယ်ဘူး။ ဒါနဲ့ အဲဒီမြို့ကနေ ကျဆုံးသွားတဲ့ ဝိညာဥ်တွေနဲ့ ပြည်သူတွေရဲ့အိုးအိမ်တွေရော ပြန်ဆုတ်ပေးရသေးလား?
ဒကာကြီးကို ယူကျူဘာဖြစ်လို့ အားမကျမိဘူး။ ဒါပေမဲ့ မွဲနေမှန်းသိမှ အားကျလာတာ။

(The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ရွက်စိမ်း’ ရေးဖွဲ့တဲ့ “ဒကာကြီးကို YouTuber ဖြစ်လို့ အားမကျမိဘူး၊ ဒါပေမဲ့ မွဲနေမှန်းသိမှ အားကျမိသွားတယ်” ကဗျာကို
People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ
ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်) 

ဆက်စပ်သတင်းများ