Connect with us

Hi, what are you looking for?

ကဗျာ

“ခေါင်းငုံ့ခံရန် အကြောင်းမရှိ”

ငွေများတရားနိုင်တဲ့ကွာ
ဟာသပဲ
အသက်နဲ့ အချစ်ထက်
ဘာက ပိုများမလဲ
ဘာက ပိုများမှာမို့လဲကွာ

မောင်မိုးအေး

ငွေများတရားနိုင်တဲ့ကွာ
ဟာသပဲ
အသက်နဲ့ အချစ်ထက်
ဘာက ပိုများမလဲ
ဘာက ပိုများမှာမို့လဲကွာ

ထပ်တလဲလဲ
စတေးခဲ့ ပေးခဲ့တဲ့
အသက်တွေကမှ အလေးမသာခဲ့ရင်
ဒီတရားဆိုတဲ့ အရာကိုလည်း
ငါတို့ စီရင်သင့်ရဲ့

ဖောက်ပြန်လေသော
လောကဓမ္မကို
ခေါင်းငုံ့ခံရန် အကြောင်းမရှိ။

Public Service Announcement

Public Service Announcement

(“ The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ
‘​​​​​မောင်မိုး​အေး’ ရေးဖွဲ့တဲ့ “​​ခေါင်းငုံ့ခံရန် အကြောင်းမရှိ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ