Connect with us

Hi, what are you looking for?

ဝတ္ထုတို

“ မရယ်ရသော ပြက်လုံး”

ဆရာပြား ကျေးဇူးကြောင့် ခုတော့ ဖုန်းကိုင်ရပြီ။ သူလည်း ဝယ်လာတာတော့ မဟုတ်။ တနေ့ညက အခန်းကို ပြန်လာတုန်း လမ်းမှာ ကောက်ရခဲ့တာ။ ပိုင်ရှင်လိုက်လာမှာစိုးလို့ SIM Card ဖြုတ်ထားတယ်၊ ကိုယ့်ဖာသာ ထည့်သုံး ဟု ပြောသည်။ သူ့မှာက ဟန်းဆက်သုံးလုံးရှိတာမို့ မင်းကိုပေးတာဆိုပြီး ပေးသွားသည်။ သူ့လက်ထဲရောက်လာသည့် စမတ်ဖုန်းကလေးက စမတ်ဖုန်း ဆိုသည်မျှသာ။ မှန်ပြင်သည် ပွတ်၍ရသေးသော်လည်း မှန်ကာတခုလုံးက ပင့်ကူအိမ်လို အက်ကွဲရာ ဗလပွနှင့်။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ '​ဖျား​​သွေး' ရေးဖွဲ့တဲ့ "မရယ်ရ​သောပြက်လုံး' ဝတ္ထုတိုကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

◼️ဖျားသွေး

ဆရာပြား ကျေးဇူးကြောင့် ခုတော့ ဖုန်းကိုင်ရပြီ။ သူလည်း ဝယ်လာတာတော့ မဟုတ်။ တနေ့ညက အခန်းကို ပြန်လာတုန်း လမ်းမှာ ကောက်ရခဲ့တာ။ ပိုင်ရှင်လိုက်လာမှာစိုးလို့ SIM Card ဖြုတ်ထားတယ်၊ ကိုယ့်ဖာသာ ထည့်သုံး ဟု ပြောသည်။ သူ့မှာက ဟန်းဆက်သုံးလုံးရှိတာမို့ မင်းကိုပေးတာဆိုပြီး ပေးသွားသည်။ သူ့လက်ထဲရောက်လာသည့် စမတ်ဖုန်းကလေးက စမတ်ဖုန်း ဆိုသည်မျှသာ။ မှန်ပြင်သည် ပွတ်၍ရသေးသော်လည်း မှန်ကာတခုလုံးက ပင့်ကူအိမ်လို အက်ကွဲရာ ဗလပွနှင့်။

ပြုတ်ကျစဉ်က မြေပြင်နှင့် ရိုက်မိ၍လည်း ဖြစ်နိုင်သည်။ လော့ခ်ချမထားတာမို့ အရံသင့် သုံးလို့ရသည်။ SIM Card အသစ်ထည့်ပြီး အင်တာနက် စမတ်ရမလား စဉ်းစားလိုက်မိပေမဲ့ လက်ထဲမှာ ပိုက်ဆံမရှိတာကို သတိရသွားသည်။ မထည့်နိုင်သေး။

ပိုက်ဆံမရှိတဲ့အကြောင်း စဉ်းစားရတာက ခုချိန်မှာတော့ ရယ်ချင်စိတ်ပဲ ဖြစ်ရသည်။ အရင်လတွေတုန်းကတော့ ဒီအကြောင်းတွေ စိတ်ထဲရောက်လာတိုင်း မချိသလို ခံစားရသည်။ အမှောင်ထဲမှာ တချက်တချက် ငိုမျက်ရည်ဝဲသည်။ အောက်နှုတ်

Public Service Announcement

Public Service Announcement

ခမ်းကို ခါခါကိုက်မိ၏။ သူနှင့် ဘဝတူအရွယ်လေးတွေ ဖုန်းပွတ်နေတာ မြင်ရတိုင်း ပိုဆိုး၊ ပိုခံစားရ၏။

ဖုန်းကိုင်ချင်လွန်းလို့ သူတို့ဖုန်းတွေ တခုခုဖြစ်ပါစေ ဆုတောင်းရ၏။ သူက English စာဖတ်တတ်ပြီး ဖုန်းနှင့်ပတ်သက်သော နည်းပညာအများစုကို နားလည်သည်။ ထို့ကြောင့်ပင် ဖုန်းသုံးရတာ တခုခုဖြစ်သွားတိုင်း သူနေသည့် အခန်းကလေးထဲကို လာသည်။ လုပ်ပေးလိုက်၍ အဆင်ပြေသွားလျှင် ဆယ့်နှစ်ဘတ်တန် အချိုရည်တိုက်သည်။ ယင်းအချိန်ကလေးမှာပဲ ဖုန်းကို ပြင်ပေးပြီးသွားသည့်တိုင်အောင် ပြန်မပေးချင်သေး။ ခဏလေး ငါ အသံစစ်ကြည့်ချင်လို့ ဘာညာ လျှောက်ပြောပြီး You Tube ထဲက နားထောင်လိုသော သီချင်းတပုဒ်ကို ရှာသည်။ တွေ့မိလိုက်ချိန်၌ ကသုတ်ကရက် နားထောင်ရသည်။

အခုတော့ ဆရာပြားက ရော့ ယူ ဆိုပြီး ZTE တံဆိပ်၊ ပြန်ရောင်းလျှင် ဘတ်ငါးရာပင် ရမည်မထင်သော ဖုန်းကလေးကို စေတနာအပြည့်နှင့် ပေးသွားသဖြင့် ဆရာပြားကို ပုဆစ်တုပ် ကန်တော့ချင်စိတ်ပင် ပေါက်သွားသည်။ သူလိုအပ် သမျှသော ဗာဟီရ အလုပ်လေးတွေကို ဖင်ပေါ့ခေါင်းပေါ့ဖြင့် လုပ်ပေးလေ့ရှိသောကြောင့် သည်ဖုန်းကလေးကို ပေးသည်ဆိုတာကို နားလည်ပါသည်။ သည်ညမှာတော့ ခါတိုင်းကလို ဖုန်းပွတ်နေကြသည့် သူတွေအနားကို ယောင်လည် လည်နှင့် သွားဖို့မလိုတော့။ ဖုန်းမှန်ပြင်ကလေးကိုကြည့်ရင်း သူ့လက်တွေမှာ တုန်ရီနေသလိုပင် ဖြစ်နေသည်။

WiFi Free ရသည့် ကိုကုလား ရာဘာခြံအတွင်းသို့ ဝင်ခဲ့သည်။ ရာဘာခြံအတွင်းမှာရှိသည့် ကြက်မောက်သီးပင်ကြီးအောက်က ခုံကလေးပေါ်ကို ဝင်ထိုင်လိုက်ပြီး ဖုန်းကို WiFi နှင့် ချိတ်ဆက်လိုက်သည်။ You Tube ကိုဝင်ပြီး သီချင်းတပုဒ် ခေါင်းစဉ်အား ရှာဖွင့်လိုက်၏။ ဂစ်တာသံ သဲ့သဲ့ကြား၏။

British Musical Band တခုဖြစ်သည့် Bee Gees ၏ I Started A Joke ဟု အမည်ရသော သီချင်း။ ပြောရလျှင် မမကြိုက်သော သီချင်းများစွာထဲက တပုဒ်။

စစ်ကြီးမဖြစ်ခင်တုန်းက မမ၏အခန်းကိုရောက်တိုင်း သည်သီချင်းတေးသွားကလေးကို တီးရင်း ဆိုညည်းပြနေကြ။ ကိုငှက် ပြန်ဆိုထားတဲ့ ကိုယ်ပိုင်ပြက်လုံးကို ဆိုပြပေးလို့ပြောတော့ မမက လက်မခံ။ မူရင်းကို ဆိုရတာ ပိုပြီး ခံတွင်းတွေ့သည်ဟု ပြောသည်။ သူ့မှာ ယင်းသီချင်းကို နားထောင်ရတိုင်း အခန်းကလေးအတွင်းကို တိမ်မည်းညိုတွေ ဝင်လာသလို ခံစားခဲ့ရတာ။ ဘဝမှာ ပျော်ရွှင်စရာအကြောင်းတွေကို စပ်ဆိုထားတဲ့သီချင်းတွေ အများကြီး ရှိနေသေးတာပဲ မမရယ်။ ဒီလိုသီချင်းမျိုးတွေကိုမှ မမက ဘာဖြစ်လို့ သဘောကျရသလဲ မသိ။ လောကဓံက မောင် မြင်ဖူးခဲ့သလောက် ကာလအတွင်းတွေမှာ သိပ်ကြီး ရယ်စရာမကောင်းသေးလို့ ဖြစ်မှာပေါ့ဟု မမက ဆစ်ကလက်ကို ဖွာရင်း ပြောခဲ့ပါသည်။

မမစကားတွေသည် မမအတွက်တော့ အပြည့်အဝ မှန်ကန်လိမ့်မည် ထင်ပါသည်။ ငြီးငွေ့သော ဘဝအသေများထဲမှာ မမဖြစ်ချင်တာမှန်သမျှကို ပစ်ချခဲ့ရသည်။ ဆုံဆည်းဖူးသမျှသော ပုရိသများကြောင့်လည်း မမအသည်းနှလုံးသည် ပိုမို မာကျောလာခဲ့တာ၊ ပိုမိုနူးညံ့လာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့တိုင်အောင် သူလို ချာတိတ်သာသာကောင်လေးကိုတော့ မမ၏ ချစ်မြတ်နိုးမှုတွေက ကောင်းကင်ကြီးတခုလို ကောင်းကင်ကြီးပေါ်မှာပဲ အလှည့်ကျ ချိတ် ဆွဲထားတတ်သည့် နေနှင့်လလို နွေးထွေးအေးမြစေခဲ့ပါသည်။

ဖြစ်နိုင်လျှင် အဲသည်ကာလတွေကိုပဲ အခန်း၏ နံရံလေးဘက်တွေမှာ ပန်းချီကားလို ဆွဲထားလိုက်ချင်သည်။ ပြကွက် အတွင်းမှာက သူနှင့်မမ နှစ်ဦးတို့သာ ရှိနေသည့် ဇာတ်လမ်း။ မမက ဂစ်တာတီးလျှင် သူက သီချင်းဝင်ဆိုမည်။ သီချင်းဆိုရင်း ကီးချော်လျှင် မမက သူ့နဖူးလေးကို မနာအောင်ခေါက်ပြီး သည်လိုဆို ကောင်ဆိုးလေး ဆိုပြီး ပြန်ဆိုပြပါလိမ့်မည်။ English သီချင်းတွေဆိုရင်း အသံထွက်မှားပြီဆိုလျှင် မမက ပိုပြီး ခေါင်းကိုခေါက်သည်။ သူများက စိတ်နှလုံးသားနှင့် ရင်းပြီး ဒီစာသားတွေကို ဖန်တီးထားတာလေ၊ ဒါကို မောင်က မလေးမစား ဆိုရသလားလို့ ပြောမည်။ သည် အခါမှာ သူလည်း အင်းပါ မမရယ်ဟု ချွဲတဲ့တဲ့ကလေးပြောပြီး မမဗိုက်သား ရှပ်ရှပ်ကလေးကို နမ်းမိနေပါလိမ့်မည်။

အခုတော့ စစ်ကြီးက အရာအားလုံးကို ဆုတ်ဖြဲပစ်လိုက်ပြီဖြစ်သည်။ မမသည် စစ်နှင့်အတူ သီးခြားတနေရာကို ရောက်သွားပြီ။ သည်လောကထဲမှာ ရှိသေးသလား၊ မရှိတော့ဘူးလား မသေချာတော့။ သူသည်လည်း မမညည်းဆိုရင်း အဓိပ္ပါယ် ဖွင့်ဆိုပေးတတ်သည့် I Started A Joke သီချင်းထဲက ဇာတ်ကောင်စစ်စစ်တယောက် ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။ ရန်ကုန်ကနေတဆင့် သည်ဘက်နိုင်ငံကို ရောက်ပြီးရော ပြေးလာခဲ့ရသည်။ ဘဝမှာ တခါမှ မတွေးဖူးခဲ့သော အခြေအနေမို့ တခါတရံတွင် မိမိ၏ အဖြစ်သနစ်များကို အိပ်မက်လို့ပင် ထင်နေမိတာမျိုး။

လက်ကိုင်ဖုန်းကလည်း နယ်စပ်မှာ ပြေးလွှားရင်းနှင့် ပြုတ်ကျ ကျန်ခဲ့ရသည်။ မည်သည့်အထောက်အထား စာရွက်စာတမ်းမှ မရှိသည့်အတွက် အလုပ်ရှာမရ။ ပွဲစားထားပစ်ခဲ့သော ရာဘာခြံအတွင်းက သွပ်ကာအခန်းကလေးထဲမှာပဲ နေနေရသည်။ အခန်းတွင်းက သူလို ဘဝတူ ကောင်လေးတယောက်နှင့်အတူ ဆေးသုတ်လိုက်ရသည်။ တခါတရံ အမှိုက်ပုံနားတွေကို သွားပြီး ဘီယာဘူးခွံတွေ လိုက်ကောက်ဖြစ်သည်။ ဆောက်လုပ်ရေးအလုပ်ထဲသို့ လိုက်လိုသော်လည်း လုပ်ငန်းရှင်က လုပ်အားခ ပုံမှန်ရှင်းပေးတာမျိုး မရှိ၍ မလိုက်ဖြစ်။ သည်တော့ အခန်းကလေးထဲမှာပဲ ကပ်တွယ်နေထိုင်ရင်းဖြင့် စားဝတ်နေရေး တဝမ်းတခါးအတွက် ကြံဖန်လုပ်ကိုင်ရင်းနှင့်သာ ဘဝကို ကူးခပ်နေရလေသည်။

သီချင်းသံစဉ်များနှင့်အတူ ဟိုသည်ယိမ်းပါသွားသော အတွေးတစငယ်များအား မောင်းထုတ်လိုက်ပြီး ဖုန်းကို မ,ကာ နားဝသို့ ကပ်လိုက်ပါသည်။ တေးသွားထဲ၌ မမ၏ရယ်သံများ ချဉ်းနင်း ဝင်ရောက်လာပါသည်။ ရယ်သံများနှင့်အတူ လက်ကလေးပြ နှုတ်ဆက်လိုက်သော ပုံရိပ်ငယ်ကလေးများသည် စိတ်မြင်ကွင်းထဲဝယ် ပူးတွဲစွဲထင်လာသည်။ ဒို့တွေ မသေကြသေးရင် ဆုံကြရမှာပါ ဆိုသော စကားသံကို ကြားရချိန်မှာမူ သူမျက်ရည်မဆည်နိုင်တော့။ သီချင်းထဲက မချိတင်ကဲ အော်ဟစ်ညည်းဆိုသံများသည် တိုး၍ အရှိန်မြင့်လာပြီ။ စိတ်အာရုံဝယ် ကသောင်းကနင်း ဘဝထဲမှ သူ၏ လက်ရှိ အဖြစ်သနစ်များကို ပြန်မြင်လာသည်။ မျက်ရည်ပူများလည်း ရစ်ဝဲ၍လာသည်။

သူ့ဘဝသည် သည်မှာ အနိမ့်ပါးဆုံး အနေအထားတခု မဟုတ်ပါလား။ မိမိကဲ့သို့ လူမျိုးတူများနှင့် ယှဉ်လျှင်ပင် အရာရာ နိမ့်ကျလျက် ရှိနေရသည်။ မြင်ရသူတိုင်းကို ကြောက်ရွံ့သလိုဖြစ်ပြီး ခေါင်းငုံ့နေရသည်။ သူတို့ပေးသမျှ မုန့်ဖိုးကလေး ဘတ်တဆယ်ရရ ငါးဘတ်ရရ ပြီးရော တောက်တိုမယ်ရ အလုပ်တွေကို လုပ်ပေးရသည်။ တခါတလေတွင် ရဲတွေမလာဘဲ ဟေ့ကောင် ပြေးတော့ ထိုင်းပုလိပ်တွေ လာပြီ ပြောတိုင်း ကပျာကသီ ထပြေးမည်ပြုသော သူ့ကို လူပြက်တယောက် မြင်ရသကဲ့သို့ ဝိုင်းဟားကြပါသည်။ မင်းက ကြောက်တတ်တာ လွန်ပါရော။ ငါတို့က စတာပါ ဆိုသည့် စကားကြားရချိန်အထိ သူ့မှာ တဆတ်ဆတ်တုန်နေရသည့် ဘဝ။ အများအမြင်မှာ စစ်အာဏာရှင်ကြောက်၍ ပြေးလာသော လက်ကြောမတင်း တောင်မရောက် မြောက်မရောက် လူငယ် လူပျော့တယောက်သဏ္ဌာန် ဆိုပါတော့။

တောင်တောင်အီအီ စဉ်းစားရင်းနှင့်ပင် မျက်ရည်ဝေသီစွာဖြင့် သီချင်းကို ဆက်လက် နားထောင်မိပြန်ပါသည်။

I started a joke which started the whole world crying

But I didn’t see that the joke was on me oh no

I started to cry which started the whole world laughing

Oh If I’d only seen that the joke was on me

I looked at the skies running my hands over my eyes

And I fell out of bed hurting my head from things that I said

‘Till I finally died which started the whole world living

Oh if I’d only seen that the joke was on me

I looked at the skies running my hands over my eyes

And I fell out of bed hurting my head from things that I said

‘Till I finally died which started the whole world living

Oh if I’d only seen that the joke was on me

Oh no that the joke was on me

ကြယ်တွေမှာ အိမ်ပြန်ဖို့ အချိန်ကာလရှိသလား၊ သူမသိပါ။ သစ်ရွက်တွေ သေဆုံးကြမှုရဲ့ ဘဝပျောက်မှုက မိုးရာသီကလေး မစတင်ခင် ကြားကာလသက်သက်လား၊ မတွေးတတ်တော့ပါ။ အပေါ်ကို မော့ကြည့်မိတော့ နီရွှေသွေးရောင် ဝင့်စပြုနေသည့် ကြက်မောက်သီးရဲရဲကလေးတွေကို မီးရောင်များအောက်တွင် ရီဝေဝိုးတဝါး မြင်နေရသည်။ ပင်စည် မှာတော့ ဆိုးဝါးပြီး သတ်ပုံမမှန်သော မြန်မာစာအရေးအသားများနှင့် ကပ်ထားသည့် ဆိုင်းဘုတ်ကို မီးရောင်ထင်းထင်းအောက်တွင် တွေ့ရပါသည်။ သူ ဖတ်ကြည့်လိုက်ပါသည်။

“ ဗမာများ ကျက်မောက်သီမခူးရ၊ ခူးလို့ရှိရင် သေဌေးက သေနတ်နှင့် ပစ်မည်” ။ ။

ဆက်စပ်သတင်းများ

ဝတ္ထုတို

​နေချို​သွေး ရောက်ရှိလာမယ့် နွေနေ့ရက်တွေက မြေအောက်ခန်းမှာ နှစ်ပေါင်းများစွာ သိုလှောင်ထားတဲ့ ဝိုင်အရက်ချိုလို ပြင်းရှနေရင် သိပ်ကောင်းမှာပါပဲ။ နွေပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ လူတယောက်အတွက် တခါတလေမှာ လဲမှို့ပွင့်လို လွင့်နေချင်မိတယ်။ မျှော်လင့်မှုတွေက မီးခိုးမဆုံး မိုးမဆုံးနဲ့ ကျယ်ဝန်း ပြန့်ကားလို့နေတယ်။ အရာရာကို လွှတ်ချထားလိုက်ချင်‌ပေမယ့် ရေလိုက်ငါးလိုက် မနေတတ်တဲ့...

ဝတ္ထုတို

အမေ့စကားကို အမေ့နောက်ကွယ်မှာ ငြင်းပယ်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ကျွန်မ မလိမ်မာခဲ့ဘူးလို့ပဲ ဆိုပါတော့ အမေရယ်...

Facebook