Connect with us

Hi, what are you looking for?

ညနေခင်း

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၅၀ ကျော်သေဆုံး

ဖိလစ်ပိုင် နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဓါတ်ပုံ-AP

နိုဝင်ဘာ-၅၊၂၀၂၅။People’s Spring

ဖိလစ်ပိုင် နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ကယ်လ်မက်ဂီးဟာ နိုဝင်ဘာ ၄ ရက်နေ့က အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ကို နိုင်ငံ အလယ်ပိုင်းကနေကန့်လန့်ဖြတ်ဖြတ်သန်း တိုက်ခတ်သွားခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက် မနက်ပိုင်းထိ သတင်းတွေအရ အသေအပျောက် ၅၂ ဦးထိ ရှိလာပြီး နောက်ထပ် ၁၃ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းဒဏ်ကြောင့် ဆီဘူဒေသမှာ မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ရေဖုံးသွားတာတွေတောင် ရှိခဲ့ပါတယ်။ ဆီဘူဟာ ကယ်လ်မက်ဂီးကြောင့် အသေအပျောက် အများဆုံး ဧရိယာလည်း ဖြစ်လာခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုမှာတော့ အိမ်တွေထဲ ရေလွှမ်းကုန်လို့ လူတွေက အိမ်အမိုးပေါ် တက်နေရတာ၊ လမ်းတွေပေါ်မှာ ကားတွေနဲ့ ကွန်တိန်နာတွေ ရေနဲ့ မျောပါလာတာတွေကို တွေ့ခဲ့ရပါတယ်။

သေဆုံးစာရင်းမှာတော့ ကယ်ဆယ်ရေးလုပ်ရင်း ပျက်ကျတဲ့ စစ်ရဟတ်ယာဉ် တစ်စီးပေါ်က အမှုထမ်း ၆ ဦးလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ ရဟတ်ယာဉ်ဟာ နိုဝင်ဘာ ၄ ရက် ညနေပိုင်းက အဂူဆန်ဒယ်လ်ဆူအာ ဧရိယာနားမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ကယ်လ်မက်ဂီးကို ဖိလစ်ပိုင်မှာတော့ တီနိုဆိုတဲ့ နာမည်နဲ့ ခေါ်ဝေါ်ကြပါတယ်။ မုန်တိုင်းက ဖိလစ်ပိုင် အရှေ့ဖက် ကမ်းရိုးတန်းကနေ ဝင်ရောက်ပြီး အနောက်ဖက် ကမ်းရိုးတန်းကနေ ထွက်ခွာသွားပြီ ဖြစ်ပေမယ့် နောက်ထပ် ၂၄ နာရီနီးပါး ကြာတဲ့ထိ တစ်နာရီကိုကီလိုမီတာ ၁၃၀ လောက်ထိ အားကောင်းတဲ့ လေပြင်းတိုက်ခတ်မှုတွေ ဆက်ပြီး ဖြစ်ပွားနေခဲ့ပါတယ်။

ဆီဘူမှာ အခြေအနေတွေက ခန့်မှန်းလို့မရလောက်အောင် ဆိုးရွားနိုင်တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာရှိ ပမ်မလာဘယ်ရီကူရန်ထရိုက​ ဖေစ်ဘွခ်မှာ မှတ်ချက်ပြု ရေးသားထားခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုတွေဟာ အဓိက အန္တရာယ်ကြီးတဲ့အပိုင်းလို့ ယူဆထားပေမယ့် ရေတက်လာမှုကလည်း အရမ်း ကြောက်စရာကောင်းကြောင်း၊ ရေကြီးမှုတွေကြောင့် ဆိုးရွားလှတဲ့ အပျက်အစီးတွေ ကြုံစေခဲ့ကြောင်းသူကဆိုပါတယ်။

ဆီဘူမှာတော့ ရာသီဥတုဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားသလို ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း စတင်နေတယ်လို့ ဘယ်ရီကူရန်ထရိုက ဆိုပါတယ်။

ဖိလစ်ပိုင်ဟာ နှစ်စဉ်ပျမ်းမျှ မုန်တိုင်း ၂၀ လောက် ဝင်ရောက် တိုက်ခတ်တာကို ကြုံရလေ့ ရှိပါတယ်။ ဒီနှစ်ထဲမှာတော့ အားအပြင်းဆုံး တိုင်ဖွန်းတွေက ဖိလစ်ပိုင်ကို ဆက်တိုက်ဆိုသလို ဝင်မွှေနေခဲ့ပါတယ်။ စက်တင်ဘာ လကုန်ပိုင်းတုန်းက စူပါတိုင်

ဖွန်းအဆင့် မုန်တိုင်းကြီး ရာဂါဆာက ဖိလစ်ပိုင် မြောက်ပိုင်းကို တိုက်ခတ်ခဲ့သလို ရက်ပိုင်းလောက်သာခြားပြီး တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင်ကလည်း ဖိလစ်ပိုင်ကို ဖြတ်သန်းခဲ့ပါသေးတယ်။

ဖိလစ်ပိုင်ဟာ မုန်တိုင်းတွေနဲ့ နပန်းလုံးနေရတဲ့အပြင် စက်တင်ဘာ ၃၀ တုန်းကလည်း မဂ္ဂနီကျု ၆.၉ အဆင့် အင်အားပြင်း ငလျင်ကြီးတစ်ခု နိုင်ငံအလယ်ပိုင်းကို ဦးတည်လှုပ်ခတ်ခဲ့ပြီးဆီဘူဟာအပျက်အစီးဒဏ် အများဆုံးခံရတဲ့ ဒေသ ဖြစ်ခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ကယ်လ်မက်ဂီးကတော့ ဖိလစ်ပိုင် ကမ်းရိုးတန်းကို ကျော်လွန်သွားပြီးတဲ့နောက် အနောက်မြောက်ဖက်ဆီ ဆက်လက် ဦးတည်နေပြီး ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေဖက် ရွေ့လျားနေကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။