Connect with us

Hi, what are you looking for?

ကဗျာ

“တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေ”

SWN
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ (၇၂) နာရီစောင့်တယ်။
သံပုံးတွေကို မျက်ရည်နဲ့တီးတယ်။
လက်သုံးချောင်းကို ရဲရဲဝံ့ဝံ့ထောင်ကြတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်မှာ We Want Democracy လို့ ရေးတယ်။
Fuck the Coup လို့ရေးတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်တက်လာတယ်။
လှည်းတန်းလမ်းဆုံမှာ လူစုတယ်။
ဘာလိုချင်လဲ ဒီမိုကရေစီလို့ အော်ကြတယ်။
နောက် ဆူးလေမှာ လူတွေဆုံသွားကြတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ ကဒေါင်းအလံတွေကိုင်လာတယ်။
ခွပ်ဒေါင်းအလံတွေကိုင်လာတယ်။
လူမျိုးပေါင်းစုံရဲ့အလံတွေကို ကောင်းကင်ပေါ်တက်ချိတ်လိုက်တယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ နံပါတ်တုတ်နဲ့ရိုက်ခံရတယ်။
မီးခိုးဗုံးနဲ့အပစ်ခံရတယ်။
မျက်နှာကို ကိုကာကိုလာနဲ့ဆေးကြတယ်။
လက်သီးတွေကို ဖြည်ချပြီး လက်ထိပ်ခတ်ခံရတယ်။ ကျည်အစစ်နဲ့ပစ်ခံရတယ်။
ခေါင်းကနေ ပန်းတွေပွင့်သွားကြတယ်။
လမ်းပေါ်ကို ပွင့်လွှာဖြူဖြူတွေ ကျဆင်းသွားတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ သပိတ်တွေစုံတော့ သူပုန်ထတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာတွေအတွက် မနက်(၄)နာရီထတယ်။
ခရာသံကြားရင် အဆုတ်တွေ ပွင့်မတတ် ပြေးကြတယ်။
ဝဲတွေပေါက်တယ်။
အဟာရမပြည့်တာတွေ စားကြပြီး တာလပတ်ခြုံအိပ်ကြတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ တခါမှ မပိုင်ဆိုင်ဖူးသူတွေအတွက် ပြန်လာနေပြီ။
ပိုင်ရှင်အတုတွေ သတိထားကြ။


(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’SWN’ ​ရေးဖွဲ့တဲ့ “တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ရသစာတမ်းငယ်

လက်ထဲမှာ ၁၇၀၀ရှိတယ်။ ဒါပေမယ့် အဲ့အကြွေအတိုအစလေးတွေက အခုအချိန်မှာ ဘာမှအသုံးမ၀င်နေခဲ့ပါဘူး။ အိမ်မှာသာဆို ရေခဲမုန့် (၅) ခွက်လောက်၀ယ်စားမိမယ် ထင်တယ်။ ဒါမှမဟုတ် အာလူးကြော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ၀က်သားဒုတ်ထိုးလေးပဲဖြစ်ဖြစ်ပေါ့။

ကဗျာ

နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ Public Service Announcement (The Call...

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

Trending

Facebook