Connect with us

Hi, what are you looking for?

ကဗျာ

‘လေးနှစ်စာ အကြွင်း’

သမိုင်းသစ် စတော့

တစ်​နယ်​တစ်​ကျေးမှာ ​ခရီးလွန်နေတဲ့

က​​လေးမ​​လေးဟာ

ကိုယ့်မြို့ ကိုယ့်အရပ်ကို ပြန်ချင်လွန်းလို့

တောင်ပံ​တွေကို ချင်ခြင်းတက်မိတာ

လွန်ခဲ့တဲ့ ​လေးနှစ်က။

◼️နွယ်ငြိမ်းညိမ်

​​သမိုင်းသစ် စတော့

တစ်​နယ်​တစ်​ကျေးမှာ ​ခရီးလွန်နေတဲ့

က​​လေးမ​​လေးဟာ

Public Service Announcement

Public Service Announcement

ကိုယ့်မြို့ ကိုယ့်အရပ်ကို ပြန်ချင်လွန်းလို့

တောင်ပံ​တွေကို ချင်ခြင်းတက်မိတာ

လွန်ခဲ့တဲ့ ​လေးနှစ်က။

အဲ့ကတည်းက ​တောင်ပံ​တွေကို

ပြန်မထုတ်ဖြစ်​တော့တာ

လေးနှစ်​တောင် တိုင်ခဲ့​ပေါ့။

အိမ်​ရှေ့​ရောက်လာ​​တဲ့ သမိုင်းသစ်​​နောက်

ကောက်​ကောက်ပါသွားလိုက်တာ

ဒီ​နေ့ထိကို

တော်လှန် ဆားတစ်မှုန် မပါရင်

မစား​​တတ်တာနဲ့

တော်လှန် ​လေထုကိုပဲ

ရှူရှိုက်ချင်ရတာနဲ့ ….။

ဘာ​တွေ အဖတ်တင်လဲလို့

အရင်းစစ်ကြည့်ရင် ….

စိတ်ဓါတ် ပြိုဆင်းမှု​​တွေ

ဒွိဟ တစ်ပုံတစ်ပင်နဲ့

ပင်ပန်း​​ နွမ်းလျ​နေတဲ့

ခန္ဓါနဲ့ စိတ်တစ်ခု။

ကံ​ကောင်း​​ထောက်မစွာ

ကံဆုံခဲ့ရတာက

လက်ရုံးရည် နှလုံးရည် ပြည့်ဝသူ​​တွေ

ဆရာ​ကောင်း သမား​ကောင်း​​တွေနဲ့

ချစ်စရာ​ကောင်းတဲ့ က​လေး​တွေ။

ဒီ​ခေတ်ကျပ်မှာ

အထူးတလည် ​ကျေးဇူးတင်ရမှာက

စိတ်အာဟာရ ​​ပေးကမ်းသူ​တွေပဲ။

ရွက်သစ်ပင်မှာ စာမျက်နှာတွေ

ချိတ်ဆွဲနိုင်ခဲ့ပြီး

အဖွဲ့အစည်းတစ်ခုမှာလည်း

လုပ်အား​တွေ ထည့်ဝင်နိုင်ခဲ့တယ်။

ခြေရာ၊ လက်ရာ​တွေ

ပေပွ​နေတဲ့

လုပ်လက်စ အလုပ်​တွေဟာ

တော်လှန်​ကျောင်းသား​တွေအတွက်

ရည်စူးတယ်။

အနာဂတ် နိုင်ငံ​တော်

ရှာပုံ​တော် ဖွင့်ရင်း

ငါ့ကိုယ်ငါလည်း ပြန်ရှာခဲ့ရ။

ငါ့ကိုယ်ငါလည်း ပိုရှာ​​တွေ့ခဲ့ရ။

တော်လှန်​​ရေးက

ငါ့ကို ဆွဲထားတာ မဟုတ်ဘဲ

ငါက ​တော်လှန်ခြင်းကို

စွဲ​နေခဲ့တာ။

အ​ငွေ့ပြန်သွားတဲ့ ခုနှစ်​တွေအ​ကြောင်း

မှတ်စု​တွေထဲမှာ

ပြန်ရှာဖတ်တဲ့အခါ ….

အစိမ်း​ရောင် မြို့ပြက

အပြာ​ရောင်ကို သ​​ဘောကျတဲ့

အနီ​ရောင် က​လေးမ​လေးဟာ

လက်​သေး​​သေး​လေး

ဦး​​နှောက်​သေး​သေး​လေးနဲ့

နှလုံးသားကို ပုံပြီး

တော်လှန် အလင်းတစ်ပွင့်အဖြစ်

ကြွင်းကျန်ခဲ့တယ်။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’May’ရေးဖွဲ့တဲ့ “လေးနှစ်စာ အကြွင်း” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ