Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုအကျဥ်းထောင်တွင် အကျဥ်းသားများဧည့်တွေ့ခွင့် နာရီဝက် ကျပ်သုံးသိန်း ပေးနေရဟုဆို

အကျဥ်းသားဧည့်တွေ့ခွင့် ငွေကောက်ခံမှုနှင့်ပတ်သက်၍ ရွှေဘိုမြို့ရှိ နိုင်ငံရေးသမားများထံ ဆက်သွယ်မေးမြန်းထားပြီး မှတ်ချက်တစုံတရာ မရရှိသေးပေ။

(ရွှေဘိုအကျဥ်းထောင်အား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ရွှေဘိုအကျဥ်းထောင်အား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဥ်းထောင်တွင် အကျဥ်းသားများဧည့်တွေ့ခွင့်အဖြစ် မိနစ် ၃၀လျှင် ကျပ်သုံးသိန်းပေးနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ရွှေဘိုအကျဉ်းထောင်တာဝန်ခံ ထောင်ပိုင်အောင်လွင် ဆိုသူသည် အကျဉ်းသားတွေ့ခွင့်ကို မိနစ်၃၀လျှင် ငွေကျပ် သုံးသိန်း သက်မှတ်ထားပြီး မပေးပါက ဧည့်တွေ့ခွင့်မပေးကြောင်း PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“ငွေကောက်ခံတာက လက်ရှိသိထားတာတော့ ရွှေဘိုထောင်တစ်ခုတည်း ဖြစ်တယ်။ အကျဥ်းသားအခွင့်အရေးဟာ ဒီလိုမျိုး ငွေပေးပြီးမှ တွေ့ရမယ့်အခြေအနေမဟုတ်ဘူး။ တနိုင်ငံလုံး အကျဥ်းထောင်တွေမှာ ဧည့်တွေ့ခွင့်ရနေတဲ့အပေါ်မှာ ခုလိုလုပ်တာ လုံးဝလက်သင့်မခံနိုင်တဲ့လုပ်ဆောင်ချက်ဖြစ်တယ်။ ထောင်အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး ဒီကိစ္စကိုရပ်တန့်ဖို့၊ လာဘ်စားနေမှုတွေကို ရပ်တန့်ဖို့နဲ့ အကျဥ်းသားအားလုံးကို မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့်ပေးဖို့ တောင်းဆိုပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့ ငွေပေး၍ ဧည့်တွေ့ခွင့်ပြုသူများမှာ အခြားအကျဥ်းသားများသာဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားများကိုမူ ၂၀၂၄ ဇွန်လမှစ၍ ပိတ်ပင်ထားခဲ့ရာ ယနေ့အထိ ဧည့်တွေ့ခွင့်မပေးသေးကြောင်း PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

အကျဥ်းသားဧည့်တွေ့ခွင့် ငွေကောက်ခံမှုနှင့်ပတ်သက်၍ ရွှေဘိုမြို့ရှိ နိုင်ငံရေးသမားများထံ ဆက်သွယ်မေးမြန်းထားပြီး မှတ်ချက်တစုံတရာ မရရှိသေးပေ။

ထိုအပြင် အကျဉ်းသားများအား ကျွေးမွေးရာတွင် အကျဉ်းထောင် သက်မှတ်နှုန်းထားအတိုင်းမဟုတ်ဘဲ တစ်ရက်ခြားလျှင် ကြက်ဥ(၁)လုံးကျစီသာပေး၍ ထောင်ပိုင်က ကိုယ်ကျိုးစီးပွားရှာနေကြောင်း PPNMက အသိပေးထားသည်။

ရွှေဘိုအကျဥ်းထောင်၌ အကျဥ်းသားတစ်ထောင်ကျော်ရှိပြီး စစ်ကောင်စီ၏ထောင်တာဝန်ရှိသူများက အကျဥ်းသားများအား လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေကြောင်း နိုင်ငံရေးအကျဥ်းသားမိသားစုဝင်များထံမှ သိရသည်။

ရွှေဘိုမြို့နယ်အား အာဏာသိမ်းစစ်တပ်က စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း တော်လှန်ရေးအားကောင်းရာဒေသတစ်ခုဖြစ်ပြီး ရွှေဘိုအကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားအများအပြားလည်း ဖမ်းဆီးခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်မှာသပိတ်အင်အားစုတွေက ဦးဆောင်ပြီး အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဒီကနေ့ (ဇူလိုင် ၁၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းတစ်လိုင်း ထပ်မံပျက်စီးသွားပြီး ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ညဘက် လျှပ်စစ်မီးပြတ်တောက်ချိန် သူခိုးတွေ သောင်းကျန်းနေပြီး ၃ ရက်ဆက်တိုက် ဖောက်ထွင်းခိုးယူခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။