သြဂုတ် ၃၁၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။
စစ်ကိုင်းဒေသ သပိတ်အင်အားစု နဲ့ ရွှေဘိုမြို့နယ်သပိတ်အင်အားစု Mobile Medical Team တို့ပူးပေါင်းပြီး ရေဘေးသင့်စစ်ရှောင်ပြည်သူတွေကိုို လအပ်တဲ့ ဆေးဝါးထောက်ပံ့တာ ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကို ပြုလုပ်ခဲ့ကြတာပါ။
ရေဘေးသင့် စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီကြဖို့အတွက်လည်း ရွှေဘိုမြို့နယ် သပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Public Service Announcement


















































