Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုအကျဥ်းထောင်တွင် နိုင်ကျဥ်းများအား ၄လကျော်ကြာ ဧည့်တွေ့ခွင့်ပိတ်ထား

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား ၄လကျော်ကြာသည်အထိ ဧည့်တွေ့ခွင့်ပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်သည်။

ရွှေဘိုအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား ၄လကျော်ကြာသည်အထိ ဧည့်တွေ့ခွင့်ပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်သည်။

ရွှေဘိုအကျဉ်းထောင်တွင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား မိသားစုဝင်များနှင့် ၂၀၂၄ ဇွန်လ ၁ ရက်ကမှစ၍ ထောင်ဝင်စာ ဧည့်တွေ့ခွင့် ပိတ်ပင်ခဲ့ကြောင်း၊ အောက်တိုဘာ ၇ရက်က အခြားရာဇဝတ်မှုအကျဉ်းသားများကို မိသားစုဝင်များနှင့် ဧည့်တွေ့ခွင့်ပြုခဲ့ပြီး နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များမှာ ဧည့်တွေ့ခွင့် မရသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယမန်နေ့(အောက်တိုဘာ ၈ရက်) တွင် အသိပေးသည်။

Public Service Announcement

Public Service Announcement

ဧည့်တွေ့ခွင့်ပိတ်ပင်မှုကို ရွှေဘိုမြို့ရှိ စစ်ကောင်စီ၏ တပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်မှ ညွန်ကြားထားသည်ဟု PPNMက ဆိုသည်။

မိသားစုဝင်များမှ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ပြုရန်အတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသဖြင့် အကျဉ်းဦးစီးဌာနမှ စာရွက်စာတမ်းများ တောင်းဆို၍ ပြန်ပို့ပေးခဲ့သော်လည်း အချက်အလက်မပြည့်စုံဟုဆိုကာ ဧည့်တွေ့ခွင့်မပေးသေးကြောင်း PPNMက ဆိုသည်။

“သူတို့က လုံခြုံရေးကျိုးပေါက်သွားနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဒီလိုမျိုး နိုင်ငံရေးအကျဥ်းသားအကျဥ်းသူတွေရဲ့ မိသားစုဝင်တွေကို ဧည့်တွေ့ခွင့်မပေးဘဲ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာအကျဥ်းသားတစ်ယောက်ရသင့်တဲ့ရပိုင်ခွင့်ကို ရာထူးအာဏာကိုမလျော်အသုံးပြုပြီးတော့မှ လူ့အခွင့်အရေးချိုးဖောက်တာ ဖိနှိပ်မှုပြုလုပ်တာဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

စစ်ကောင်စီက အကျဉ်းထောင်များအတွင်း ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ၂၀၂၃ အောက်တိုဘာအတွင်းက ခွင့်ပြုခဲ့သည်။

ရွှေဘိုမြို့နယ်အား အာဏာသိမ်းစစ်တပ်က စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း တော်လှန်ရေးအားကောင်းရာဒေသတစ်ခုဖြစ်ပြီး ရွှေဘိုအကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားအများအပြားလည်း ဖမ်းဆီးခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။