Connect with us

Hi, what are you looking for?

သတင်း

ရေးရဲစခန်းမှ ရဲများပစ်ခတ်ထွက်ပြေးသူများအား ကယ်ထုတ်နိုင်ဟု ရေးဘီလူးခေါင်ဆောင်ပြော

မွန်ပြည်နယ်၊ ရေး​မြို့မရဲစခန်း အချုပ်ခန်း၌ ရဲများအား ပစ်ခတ်ထွက်ပြေးသွားသူများကို ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ ရေး​မြို့မရဲစခန်း အချုပ်ခန်း၌ ရဲများအား ပစ်ခတ်ထွက်ပြေးသွားသူများကို ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁ရက်) နံနက် ၉နာရီခန့်က ရဲအုပ်နိုင်လွင်ဦး ဦးစီးသည့်အဖွဲ့မှာ အချုပ်သားများအား ထမင်းပုံးများပေးအပ်စဉ် အချုပ်သားများမှ ဒုရဲအုပ်နိုင်လွင်ဦး၊ ရဲတပ်ကြပ်မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ထံမှ လက်နက်များအား လုယူခဲ့သည်ဟု ဆိုသည်။

ထို့နောက် လုယူခဲ့သည့် လက်နက်ဖြင့်ပစ်ခတ်ရာ ဒုရဲအုပ်နိုင်လွင်ဦး ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့မှာ အချုပ်ခန်းအတွင်း၌ သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းဌာနဖြစ်သော ရာမညတိုင်မ်းက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

“မနက် ၉ နာရီကတည်းက မြို့တွင်းမှာသေနတ်ဖောက်သံတွေ ညံသွားတာပဲ။ငါးဦးပြေးတာ၊ သုံးဦးကို ပြန်မိသွားတယ်။နှစ်ဦးကတော့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရတယ်”ဟု ရေးမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့ ရေးမြို့မရဲစခန်းမှ ထွက်ပြေးနိုင်ခဲ့သူအချို့နှင့်ပတ်သက်၍ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့်”ရေးမြို့ရဲစခန်းက ထွက်ပြေးတဲ့ညီလေးတွေ မင်းတို့လိုက်မမိတော့ဘူး ခေါင်းစိမ်းတို့။ရေးဘီလူးတပ်ရင်းက မြန်တယ်ကွ”ဟု အသိပေးဖော်ပြထားသည်။

ဖြစ်စဥ်နှင့် အသေးစိတ်အချက်အလက်ကိုမူ ရေးဘီးလူးတပ်ဖွဲ့ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

မွန်ပြည်နယ်၊ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီးဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းသုံးလောင်းကိုဒီနေ့ (မေလ ၁၄ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့လူမူကူ ညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။