Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းတောင်ပိုင်းမှာ ရဲစခန်း ပစ်ခတ်ခံရပြီး လုံခြုံရေး တင်းကျပ်ထား၊ ကျောင်းတစ်ကျောင်းကိုပါ ပိတ်ထားရ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

ယာလာပြည်နယ်ထဲက မလေးရှားနဲ့ ထိစပ်ရာ နယ်စပ်နားမှာရှိတဲ့ မြူယန်းခရိုင်က ရဲစခန်းတစ်ခုကို ဩဂုတ် ၃ ရက် မနက်ပိုင်းမှာ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လမ်မိုင် ရဲစခန်း ပစ်ခတ်ခံရတဲ့ အချိန်တုန်းက အနီးမှာရှိတဲ့ ကျောင်းကို ကျောင်းသူကျောင်းသားတွေ တဖွဲဖွဲ ရောက်ရှိလာနေဆဲလို့ မျက်မြင်တွေက ဆိုပါတယ်။ သေနတ်သမားတွေဟာ ရဲစခန်းနဲ့ မဝေးတဲ့ တောအုပ်တစ်ခုနဲ့ ရာဘာ စိုက်ခင်းတွေဖက်ကနေ ချဉ်းကပ်လာပြီး ပစ်ခတ်ခဲ့ကြောင်း၊ ရဲတွေကလည်း တုံ့ပြန်ခဲ့တာကြောင့် မိနစ်ပိုင်းလောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

အဲဒီဖြစ်ရပ်မှာ ဒဏ်ရာရသူ မရှိခဲ့ဘဲ နောက်တော့ သေနတ်သမားတွေက ပြန်လည် ဆုတ်ခွာသွားခဲ့ပါတယ်။ ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်နားမှာရှိတဲ့ ဘန်ပါရွန် မူလတန်းကျောင်းကိုလည်း လုံခြုံရေးအရ ပိတ်ထားဖို့ ကျောင်းအုပ်ကြီးက ဆုံးဖြတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၃ ရက်နေ့တုန်းက ဒေသတွင်းမှာ လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားလိုက်ပြီး သံသယ တရားခံ သေနတ်သမားတွေကို အပူတပြင်း လိုက်ရှာနေကြောင်း ယာလာပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး ခေါင်ကတ် ဆူဝဏ္ဏခမ်က ပြောကြားခဲ့ပါတယ်။

ရဲစခန်း တဝိုက်က လမ်းတွေကိုလည်း ယာယီ ပိတ်ခဲ့ရပြီး ဗုံးရှင်းလင်းရေး အဖွဲ့တွေကို ခေါ်ယူပြီး စစ်ဆေးမှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း ပြည်နယ်တွေက ရဲစခန်းတွေဟာ ခွဲထွက်ရေး လှုပ်ရှားနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို အရင်ကတည်းက ကြုံခဲ့ရဖူးပါတယ်။ ပတ္တနီ ပြည်နယ်ထဲမှာ မေလတုန်းကလည်း ရဲစခန်းတစ်ခု တိုက်ခိုက်ခံရလို့ ရဲတစ်ဦး သေဆုံးခဲ့ပါတယ်။ ဇူလိုင်လတုန်းက နာရာသီဝတ်မှာ ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး ရဲတစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းကလည်း နာရာသီဝတ်မှာ စစ်တပ်ရဲ့ လုံခြုံရေးဂိတ်ကို သေနတ်သမားတွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်လုပ်ဗုံးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် စစ်သား ၅ ဦးသေပြီး အရပ်သား ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သား ၅ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို စုစုပေါင်း လက်နက်ကိုင် ၁၀ ဦးလောက် ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ရဲတွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သား ၅ ဦးကို ပစ်သတ်သွားတဲ့ သေနတ်သမားတွေကို အစွမ်းကုန် လိုက်လံရှာဖွေဖို့ သံန္နိဋ္ဌာန် ချထားကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။