Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ သပြေရေတောင် ဘုရားကုန်းအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် တရားစခန်းများရှိနေသော သပြေရေတောင် ဘုရားကုန်းအား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။

နောင်ချိုမြို့ သပြေရေတောင်ဘုရားကုန်းအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - CJ

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် တရားစခန်းများရှိနေသော သပြေရေတောင် ဘုရားကုန်းအား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။

ယနေ့ (ဖေဖော်ဝါရီ ၆ရက်) နံနက် ၁၀နာရီခွဲခန့် တွင် ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” သံသရာအေးစေတီနဲ့နီးတယ်။ အဲဒီနားမှာ တရားစခန်းတွေလည်းရှိတယ်။ TNLA ရော PDF ရောမရှိတဲ့နေရာပါ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိခဲ့ကြောင်း ယင်းနေရာအနီးတွင်ရှိနေသည့် အထက်ပါသတင်းရင်းမြစ်က ပြောသည်။

“တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့နယ် သပြေတောင်ဘုရားကုန်း ယနေ့ နံနက်(၁ဝး၂၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။”ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ဇန်နဝါရီက နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ငါးကြိမ် ထက်မနည်းပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၂၂ ရက်တွင် နောင်ချို မြို့လယ်ရှိ ပါရမီ(၂) လက်ဖက်ရည်ကို လေကြောင်းမှ ဗုံးကြပ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၈ဦး သေဆုံးခဲ့သည်။စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအားဦးတည် ဗုံးကြဲတိုက်ခိုက်နေသဖြင့် စစ်ရေးသတိရှိရန်လိုအပ်ပြီးလေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLAက ဒေသခံများအား တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။