Connect with us

Hi, what are you looking for?

ကဗျာ

“ခေါင်းခွံများအကြောင်း”

၂၀၂၁ မတ်လ ၃ ရက်​​နေ့က မုံရွာမြို့ ၊ဘုရာနီလမ်းဆန္ဒပြပွဲမှာ စစ်​ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု​ကြောင့်ကဗျာဆရာ​ကေဇဝင်းအပါအဝင် ဆန္ဒပြပြည်သူ၉ ဦး ကျဆုံးခဲ့ပါတယ်။ကဗျာ ဆရာ ကေဇဝင်း ကျဆုံးမှု ၄ နှစ်ပြည့် နှစ်ပတ်လည်​နေ့မှာ သူမကျဆုံးမီ တစ်​ပါတ်​ကျော်က​ရေးဖွဲ့ခဲ့တဲ့ ခေါင်းခွံများအကြောင်း” ကဗျာကို​ပြန်လည်ဖော်ပြ​ပေးလိုက်ပါတယ်

တော်လှန်ရေးက
လေရေမြေ အာဟာရညီမှ ပွင့်တဲ့ ပန်းပဲ

တော်လှန်ရေးမပွင့်ခင်
လမ်းမပေါ် ပွင့်ထွက်သွားနဲ့ ခေါင်းခွံက

စကားတခွန်း ပြောသွားသေးလား
မိစ္ဆာတွေနဲ့ တေ့တေ့ရင်ဆိုင်နေရချိန်မှာ
သဘောထားကြေငြာချက်တွေဟာ အရေးပါသေးလား

ဓားရဲ့တရားဆိုတာ
ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်

Public Service Announcement

Public Service Announcement

တော်လှန်ရေးပဲ
တွေးနေရုံနဲ့ မရ၊ သွေးအတိုင်း ရဲတက်လာမှ ရမယ်

မတွေဝေနဲ့တော့
တော်လှန်ရေးရဲ့စနက်တံဟာ
ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။

ကေဇဝင်း
ဖေဖေါ်ဝါရီ ၂၃ ၊ ၂၀၂၁

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။