Connect with us

Hi, what are you looking for?

ကဗျာ

သွေးစွန်း‌သော ကမ္ဘာ့ကဗျာနေ့ 2026″

◾️ ယောနသံ

ကဗျာရေးနေရမယ့်ကောင်တွေက

စစ်တိုက်နေရတာဆိုတော့

စစ်တိုက်နေရတဲ့ကောင်တွေက

Public Service Announcement

Public Service Announcement

ကဗျာရေးနေရတာပေါ့။

သွေးစွန်းနေတဲ့ ကလောင်တွေနဲ့

သွေးထွက်နေတဲ့ ကဗျာတွေကို

တိုက်ပွဲတွေကြားမှာ ရေးကြ။

မတရားမှုနဲ့ကြုံလာတိုင်း

ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။

အလိုနည်းသူကဗျာဆရာတို့ရဲ့

သွေးနဲ့ ဆေးတဲ့ကမ္ဘာ

ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။

(“The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​ယောနသံ’ ရေးဖွဲ့တဲ့ “​”သွေးစွန်း‌သော ကမ္ဘာ့ကဗျာနေ့ 2026″ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။

ကဗျာ

အိပ်ယာကျဥ်းကျဥ်းလေးကနေ အတွေးအကျယ်ကြီးကို ကိုယ်ဖြတ်ကူးနေမိတယ် မာရီနာ။ အိပ်ယာဆိုတာထက် အိပ်စရာနေရာပါ မြေကြီးနံ့နဲ့ယမ်းနံ့တွေ တခါတလေသွေးညှီနံ့တွေနဲ့ ဝေါဟာရ အရတော့အိပ်ယာပေါ့ ပျော်တာမပျော်တာအကြောင်းမပြချင်ဘူး မျက်လုံးခဏမှိတ်ထားဖို့နေရာဆိုရင် ပိုသင့်တော်ပါတယ် မာရီနာ ။