Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင်း ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ် အထိနာပြီးပြန်ဆုတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင်းသို့ အင်အားအလုံးအရင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်မှာ အထိနာပြီးနောက် ကစဉ့်ကလျားဆုတ်ခွာသွားခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

မိုးဗြဲမြို့တွင်း ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ် အထိနာပြီးပြန်ဆုတ်ပြေးနေသည်ကို မြင်တွေ့ရစဉ်

မတ်-၂၈၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင်းသို့ အင်အားအလုံးအရင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်မှာ အထိနာပြီးနောက် ကစဉ့်ကလျားဆုတ်ခွာသွားခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် စစ်ကောင်စီတပ်က အင်အားအများအပြားသုံး ထိုးစစ်ဆင်မှု မကြာခဏပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များက စည်းလုံးညီညွှတ်မှုဖြင့် အကောင်းဆုံးခုခံကာကွယ်နေကြောင်းလည်း အသိပေးသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ ရှေ့ကာကင်းများကို မတ်လ ၂၄ ရက်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” မီတာ ၁၀၀ အတွင်းထိ အနီးကပ်တိုက်ပွဲဖြစ်ခဲ့ကြတယ်။ဒီနေရာမှာ ခံယူချက်ကစကားပြောတယ်”ဟု မတ်လ ၂၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့မှုအပေါ် KNDF ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

ထိုးစစ်ဆင်ခဲ့သော စစ်ကောင်စီတပ်သည် ထိခိုက်မှုများဖြင့် မိုးဗြဲမြို့၏ နှစ်မိုင်ကျော်ခန့်အကွာရှိ ခြေ ကုပ်စခန်း ခမရ(၄၂၂)တပ်ရင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ၎င်းက ပြောသည်။

မိုးဗြဲမြို့ထိုးစစ်တွင် ဒရုန်း၊ လက်နက်ကြီးအပြင် လေကြောင်းတို့ဖြင့် စစ်ကောင်စီတပ်က နေ့စဥ်တိုက်ခိုက်ကာ ဒေသခံနေအိမ်အများအပြားလည်း မီးလောင်ပျက်စီးနေသည်။

“ခ(စစ်သား)တွေက သာလွန်အင်အားသုံးပီး ထိုးစစ်ဆင်နေဆဲပဲ။ကျနော်တို့ပြည်သူတွေကလည်း မိုးဗြဲအခြေနေကို နားစွင့်ပြီး အထူးဂရုစိုက်ကြပါ”ဟု KNDF မိုးဗြဲဇုန်တပ်ရင်းမှူး သိန်းထွန်းက လူထုနွေဦးသို့ပြောသည်။

လက်ရှိစစ်ရေးအရလည်း ပြည်သူများအနေဖြင့် မြို့အနီးဝန်ကျင်နေရာများသို့ မလိုအပ်ပါက သွားလာခြင်းမပြုလုပ်ပဲ လုံခြုံဘေးကင်းရေးအတွက် စစ်ရေးသတိရှိရန် KNDFက တိုက်တွန်းထားသည်။

၂၀၂၄ ဒီဇင်ဘာကစ၍ မိုးဗြဲမြို့ပြန်ရရန် စစ်ကောင်စီ၏ မြို့တွင်းသို့ စစ်ကြောင်းထိုးမှုတွင် ခမရ(၄၂၂ )တပ်​ရင်းမှ အနီးဆုံးဝင်ရောက်နိုင်သည့် သစ်ယာကုန်းရပ်ကွက်နှင့် မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတို့မှ ဖြစ် သည်။

မိုးဗြဲမြို့ပြန်ရရန် စစ်ကောင်စီက မြေပြင်တပ်သား အင်အား ၇၀၀ထက်မနည်းအသုံးပြုထားကြောင်း ကရင်နီစစ်ဘက်တာဝန်ရှိသူအချို့က သုံးသပ်သည်။

နေပြည်တော်သို့ ထိုးဖောက်နိုင်သည့် ပင်လောင်း-ဖယ်ခုံ -မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းကို ထိန်းချုပ်ကာ ကရင်နီပြည်နယ်အတွင်း မြေပြင်စစ်ကူပြတ်တောက်နေသည့် ဒေသများသို့ ဖောက်ထွက်နိုင်ရန်နှင့် ၎င်းတို့အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန်အတွက် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ရရှိရေးအပြင်းအထန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ရှမ်းတောင်ဗျူဟာမှူး ကိုနေကောင်းက လူထုနွေဦးသို့ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။